Wednesday 16 February 2011

 ငါတို့ သခင်- ကယ်တင်ရှင် -

ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ရွေးကောက်ပွဲကို အထမြောက် အောင်မြင်ရေး ကို၊ တရုတ်နဲ့ ရုရှား အကူအညီနဲ့ နိုင်ငံတကာက အသိအမှတ်ပြုရေး အတွက် နေ့ မအား ညမအား၊ အစွမ်းရှိသရွေ့ လုပ်ဆောင်နေပါတယ်။

အလုပ်တွေများ လွန်းလို့ ပြည်ပ ဧည့်သည်တွေအောင် အချိန်ပေးပြီး မတွေ့ ဆုံ နိုင်အား ဖြစ်နေပါတယ်။
ဒါကို အလိုက်မသိ၊ လုပ်ငန်း သဘော နားမလည်တဲ့ သူတွေက လူတွေကို ကြောက်လို့ ၊ ဘာညာ ကွိကွ ဝေဖန်သံတွေတောင် နားမထောင်နိုင်အား၊ မတုန့် ပြန်အား ဖြစ်နေရှာပါတယ်။

တစ်နေ့ မှာ အလုပ်ထဲ အာရုံ နှစ်လုပ်နေတုံး ဗိုလ်ချုပ်မှူးကြီးရဲ့  တံခါးကို ခပ်ရွံ့ ရွံ့ အသံ- မမြည့် တမြည် ခေါက်သံ ပေါ်လာပါတယ်။
ဗိုလ်ချုပ်မှူးကြီး။ ။ဝင်ခဲ့ကွာ - ဘာကိစ္စ အထူးရှိလဲ

ကိုယ်ရံတော်။ ။ ကုလသမဂ္ဂ အတွေးရေးမှူးချုပ် ဘန်ကီမွန်းတဲ့ ။ တွေ့ ခွင့် ပြု- မပြု။
ဗိုလ်ချုပ်မှူးကြီး။ ။ငါ အလုပ်တွေ အရမ်း ပင်ပန်းနေတယ်။ ချောင်းသာ၊ငွေဆောင် တနေရာရာ သွားပြီး အလုပ် ဆက်လုပ်စရာ ရှိတယ်။
ခရီး လွန်နေတယ်လို့ ကြည့်ကောင်းအောင် ပြောလိုက်။

ကိုယ်ရံတော်။ ။အိုင်-အယ်လ်-အို။ က ကိုယ်စားလှယ်တော်တွေ။
ဗိုလ်ချုပ်မှူးကြီး။ ။ဟာ ။ ကျန်းမာရေး အကြောင်းပြပြီး အောက်က ၀န်ကြီး ဆိုတဲ့ ကောင်တွေနဲ့ တင် ကိစ္စ ဖြတ်လိုက်လေ။

ကိုယ်ရံတော်။ ။လူ့ အခွင့် အရေး ကိုယ်စားလှယ်တော်တွေက တွေ့ ချင်ပါသတဲ့ခင်ဗျ။
ဗိုလ်ချုပ်မှူးကြီး။ ။ညံ့ပါ့ကွာ။ မတွေ့ အားဘူး။ ထုံးစံအတိုင်း အောက်က ၀န်ကြီး တစ်ဦးဦးနဲ့ တွေ့ ပေးလိုက်။

ကိုယ်ရံတော်။ ။ဧည့်သည်တော်တွေ ခင်ဗျ။ ဟိုဟို ။ တရုတ်-တွေ - လာ- - လာ- -လာနေ-
ဗိုလ်ချုပ်မှူးကြီး။ ။ဘာကွ။ ဘာပြောတယ်။ ပြန်ပြောစမ်း.။

ကိုယ်ရံတော်။ ။ဟုတ်- ဟုတ်- ထုံးစံ အတိုင်း -မတွေ့ နိုင်ကြောင်း ငြင်းလိုက်ရမလား ခင်ဗျာ။
ဗိုလ်ချုပ်မှူးကြီး။ ။မင်းတို့ လောက်ညံ့ပြီး ချာတူးလန်ကြတာ မရှိဘူး။ သေကုန်ကြ တော့မှာဘဲ။ တရုတ်လို့ မခေါ်ရဘူးး။
ကိုယ်ရံတော်။ ။ဒါဖြင့် ကျွန်တော် ဘယ်လို-ဆက်လုပ် - -လုပ်- -
ဗိုလ်ချုပ်မှူးကြီး။ ။ဒါ-မေးနေစရာလား။
အဲဒါ ငါတို့ ကယ်တင်ရှင်။ တရုတ်- သခင်တွေလို့ ပြောရတယ်။ အမြန်တွေ့ ဖို့ ချက်ချင်း စီစဉ်လိုက် ။

သမိန်စစ်မုန်း

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊