Sunday 27 March 2011

တိုကျိုမြို့မှာ ပေးဝေနေတဲ့ ပိုက်လိုင်းရေ ရေဒီယို သတ္တိကြွဒပ် ပါဝင်မှုအဆင့် ကျဆင်းသွားပြီ ..

zaw gyi one
၂၃ရက်နေ့က ရေဒီယိုသတ္တိကြွ အိုင်အိုဒင်း ပါဝင်မှုအဆင့်၂၁၀ becquerel (Bq) ရှိရာမှ ၂၄ရက်နေ့ တိုင်းတာချက်အရ ၇၉becquerel (Bq) သို့ကျဆင်းသွားပြီဖြစ်တဲ့ အတွက် ကလေးငယ်များအတွက် အန္တရာယ် ရှိတဲ့ အဆင့်မှ ကျဆင်းသွားပြီလို့ ဆိုပါတယ်.. 
 

 မတ်လ ၂၄ ရက်နေ့ မနက်ပိုင်းကစပြီး တိုကျိုမြို့တော်မှာရှိတဲ့ မြို့နယ်အုပ်ချုပ်ရေးရုံးတွေကနေ ကလေးငယ်လေးတွေရှိတဲ့ အိမ်ထောင်စုတွေကို mineral water ရေသန့်ဘူး 2 လီတာ ၂ ဘူးစီဝေပေးတာ တွေကို စတင်လုပ်နေပြီလို့ သိရပါတယ်။
တိုကျိုမြို့ ရှင်းဂျုကုမြို့နယ်၊ စိုင်းတမာ့မြို့၊ ချီးဘားခရိုင် အိချိဟာရာ့မြို့များတွင် ရေဒီယိုဓာတ်သတ္တိကြွမှု ဟာ မတ်လ ၂၄ ရက်မနက်ပိုင်းမှာ တနာရီကြာတိုင်းတာမှုတွေအရ ပုံမှန်ထက်မြင့်မားနေတယ်ဆိုတာကို အဲန်အိပ်ခ်ျကေတီဗွီ မွန်းတည့် ၁၂း၀၀ နာရီသတင်းမှာ ထုတ်ပြန်ကြေညာသွားပါတယ်။ဂျပန်က ညူကလီယားအကျပ်အတည်းကြောင့် ဟင်းသီးဟင်းရွက်တွေမှာ ရေဒီယိုဓာတ်သတ္တိကြွ အိုင်အိုဒင်း ပါဝင်မှုတွေ ရှိနေတာကြောင့် ဂျပန်နိုင်ငံအရှေ့ပိုင်းဒေသထွက် ဟင်းသီးဟင်းရွက်တွေကို ဟောင်ကောင်က တင်သွင်းတော့မှာ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။ မီယားဂိခရိုင် ဆဲန်းဒိုင်မြို့ကိုသွားတဲ့ အဝေးပြေး  လမ်းမကြီးလည်း ပြန်ဖွင့်ပြီဖြစ်တဲ့အတွက် သာမန်ခရီးသွား ကားများလည်း ပြေးဆွဲနေပြီလို့ သိရပါတယ်။
ဒီနေ့မနက် စိုင်းတမာ့ခရိုင် ကာဝါ့ဂုချိမြို့နဲ့ ချီးဘားခရိုင် မတ်ဆုဒိုးမြို့မှာရှိတဲ့ ရေသန့်စင်စက်ရုံတွေက ရေတွေမှာ ရေဒီယိုသတ္တိကြွ အိုင်အိုဒင်း ပါဝင်မှုအဆင့်ဟာ လျော့ကျလာနေတယ်လို့ သိရပါတယ်။ ဒီအဆင့် ဟာ သောက်သုံးရင် ကျန်းမာရေး ထိခိုက်ဖို့ရာမရှိဘူး လို့ မြို့အာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုလိုက်ပါ တယ်။ ညူကလီယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံရှိရာ ဖူကူရှီးမားခရိုင်မှာရှိတဲ့ ရေသန့်စင်စက် ရုံတွေမှာ ရေဒီယို ဓာတ်သတ္တိကြွ အိုင်အိုဒင်း ပါဝင်မှု အဆင့်မြင့်မားနေတာကို တွေ့ရတယ်လို့ သိရပါတယ်။

ကြာသပတေးနေ့မွန်းလွဲပိုင်းမှာ သိရတဲ့သတင်းအရ တိုကျိုမြို့ ခတ်ဆုရှီကာ့မြို့နယ်ရှိ ရေသန့်စင်စက်ရုံမှာ ရေဒီယိုဓာတ်သတ္တိကြွမှု အဆင့်ကျဆင်းသွားပြီ ဖြစ်ကြောင်းနဲ့ ကလေးငယ်များကို ပိုက်လိုင်းကလာတဲ့ရေ တိုက်ရင် ကျန်းမာရေး ထိခိုက်နိုင်တဲ့ အဆင့်ထက် နိမ့်သွားပြီဖြစ်ပါတယ်။ တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့ရဲ့ အရာရှိတဦးက ရေသောက်သုံးမှုနှင့် ပတ်သက်ပြီး သတိပေး တားမြစ်ချက်တွေကို တိုကျိုမြို့တော်နယ်နိမိတ် အတွင်း ရုပ်သိမ်းမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီ ရေသန့်စင်စက်ရုံမှာ စမ်းသပ်စစ်ဆေးမှုတွေကို ဆက်လုပ် ဦးမယ်လို့ ဆိုပါတယ်။

တိုကျိုမှာ ရေဒီယိုဓာတ်သတ္တိကြွဒြပ်တွေ ပါဝင်နေတဲ့ပိုက်လိုင်းရေကို သောက်သုံးမှုနဲ့ ပတ်သက်ပြီး ကြေညာချက် ထွက်ပေါ်လာတော့ တိုကျိုရှိမြန်မာတွေကြားမှာ အတော်လေးကို စိုးရိမ်သွားခဲ့ကြပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတဲ့မေးသံတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပါတယ်။ ရေကိုကြိုချက် သောက် ရင်ဘယ်လိုနေမလဲဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျွမ်းကျင်သူတွေက ရေကြိုချက်သောက်ရင် အန္တရာယ်မရှိဘူးဆိုတာမဟုတ်ပါဘူးလို့ ရှင်းလင်းမှုတွေပြုခဲ့ပါတယ်။ 
ဒီအတောအတွင်း တိုကျိုလျှပ်စစ်ဓာတ်အား ကုမ္ပဏီရဲ့ဝန်ထမ်း ၃ ဦး ညူကလီယားဓာတ်ရောင်ခြည်သင့်ခံရ တယ်လို့ ညူကလီယား ဘေးကင်းရေးဆိုင်ရာအေဂျင်စီက ကြာသပတေးနေ့ ၁၅း၀၀ နာရီမှာပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။ အဲဒီဝန်ထမ်း ၃ ဦးဟာ နံပတ် ၃ ဓာတ်ပေါင်းဖို အနီးမှာ အလုပ်လုပ်နေကြတဲ့သူတွေဖြစ်ပါတယ်

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊