Monday 9 May 2011

ငွေစက္ကူ အဟောင်းနှင့် အကြွေ သန်း ၈,၀၀၀ ခန့် ဗဟိုဘဏ် က လဲလှယ် ပေးပြီးဖြစ်၊ ကူပွန် မပေးရန် လုပ်ငန်းရှင်များအား ခေါ်ယူ သတိပေး

zaw gyi one

ငွေစက္ကူ အဟောင်းနှင့် အကြွေ သန်း ၈,၀၀၀ ခန့် ဗဟိုဘဏ် က လဲလှယ် ပေးပြီးဖြစ်၊ ကူပွန် မပေးရန် လုပ်ငန်းရှင်များအား ခေါ်ယူ သတိပေး



ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဗဟိုဘဏ် က ရန်ကုန်တိုင်း ဒေသကြီး အတွင်း အများ ပြည်သူ အဆင်ပြေ စေရေးအတွက် ငွေစက္ကူအဟောင်းနှင့် ငွေအကြွေသန်း၈,၀၀၀ခန့်ကိုလဲလှယ် ပေးခဲ့ပြီး ဖြစ် ကြောင်း သိရသည်။
“ဧပြီလကုန်ပိုင်း အထိ ငွေစက္ကူ အဟောင်း တွေကို အသစ် လဲလှယ် ပေးတာက သန်း ၄,၀၀၀ ကျော်၊ အကြွေ လဲလှယ် ပေးနေတာက သန်း ၃,၀၀၀ ကျော် စုစုပေါင်း သန်း ၈,၀၀၀ ခန့် အထိ ဆောင်ရွက် ပေးပြီး ပါပြီ။ လစဉ် အနေနဲ့ ရန်ကုန်တိုင်း ဒေသကြီး မထသကို ကျပ်သိန်း ၂၀၀၊ စည်ပင်ဈေး များ ဌာနကို ကျပ်သိန်း ၆၀၊ စတိုးဆိုင် နဲ့ စူပါမားကက် တွေကို ကျပ် ၁၀ သိန်း စသည်ဖြင့် ပုံမှန် အကြွေ လဲလှယ် ပေးနေပါ တယ်” ဟု ဗဟိုဘဏ် တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ငွေစက္ကူ အဟောင်းနှင့် အကြွေလဲ လှယ် လိုသူများ အနေဖြင့် ဗိုလ်ဆွန်ပက် လမ်းရှိ ငွေလဲ လှယ် ဌာန နှင့် မြန်မာ့ စီးပွား ရေး ဘဏ်ခွဲ များ၌ အကြောင်း ပြချက် ခိုင်လုံ စွာ ပြသ လျှောက်ထား နိုင်ကြောင်း သိရ သည်။ လဲလှယ်ပြီး ငွေအကြွေ များကို အခြား နေရာ များတွင် သုံးစွဲ ပါက ထိရောက်စွာ အရေးယူခြင်း ခံရမည်ဟု သိရ သည်။
“မထသကို လဲလှယ် ပေးနေတယ် လို့သာ ကြား ရတယ်။ အကြွေ ပြဿနာ ရှင်းတယ် လို့ မရှိပါဘူး။ နံနက် စီးစီး၊ ညစီးစီး ဒီ ပြဿနာ က မလွတ်မြောက် နိုင်ပါဘူး။ တာဝန်ရှိသူ တွေ အနေနဲ့ သေသေချာ ချာ ကွင်းဆင်း စစ်ဆေး ကြပ်မတ် သင့်ပါ တယ်” ဟု အင်းစိန်မှ ဆူးလေ သို့ နေ့စဉ်ရုံး တက်နေသူ တစ်ဦးက ဆိုသည်။
စူပါမား ကက်များ၌ ငွေ အကြွေအစား ကူပွန် ပြန်အမ်းခြင်း များ တွေ့ရှိ နေသဖြင့် ထိုသို့ မပြုလုပ် ရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ တာဝန်ရှိသူများက လုပ်ငန်းရှင် ၇၀ ခန့်အား ဧပြီ ၂၂ ရက်တွင် ခေါ်ယူ သတိ ပေးခဲ့ကြောင်း သိရသည်။
“ဗဟိုဘဏ် ကသာ ငွေစက္ကူ ထုတ်ဝေ ခွင့် ရှိတယ်။ အလား သဏ္ဌာန် တူတာ တွေ ပြု လုပ် သုံးစွဲ နေတာ ဥပဒေနဲ့ မညီညွတ်ဘူး။ ငွေစက္ကူ အကြွေ တွေကိုသာ ပြန် အမ်းဖို့ မဟုတ်ရင် တရား ဥပဒေ အရ ထိရောက်စွာ အရေးယူ မယ်လို့ ခေါ်ယူ သတိပေးခြင်း ဖြစ်ပါတယ်”  ဟု အဆိုပါ အစည်းအဝေး သို့ သွားရောက် ခဲ့သူ တစ်ဦးက ပြောကြား သည်။
“ပြီးခဲ့တဲ့ တစ်ပတ်က ဗိုလ်ဆွန်ပက် လမ်းထဲမှာ တရားမ၀င် ငွေလဲ လှယ်ပေးနေ သူနှစ်ဦးကို ဖမ်းသွား တယ်။ တချို့ဆို ၁၀,၀၀၀ ဖိုးလဲရင် ၀န်ဆောင်ခ ကျပ် ၂,၀၀၀ ပေးရတယ်။ ၁၀၀ ကို ၂၀တိုး ယူတာနဲ့ တူနေပြီ။ အမြတ်မယူဘဲ လဲလှယ် ပေးနေတာ တွေရှိတယ်။ မြန် မြန်ဆန်ဆန် လဲလှယ် ပေးရင် ကျွန် တော်တို့ အတွက် ပို အကျိုးရှိမယ်။ အရင်က ကျပ်၅၀၊ ၁၀၀ လိုရင် သကြား လုံးနဲ့ တစ်သျှူး ပေးတယ်။ မြို့ထဲက အခပေး အိမ်သာတွေ သွား ကြည့်လိုက်ပါ။ ဒီအတိုင်းပါပဲ။ အကြွေ ပြန်အမ်း တဲ့နေ့ ထီ သွားထိုးလိုက်ပါ။ ရှစ်မိုင် ဂျန်းရှင်းမှာ မုန့်သွား စားတာ ပြန်အမ်းငွေ ကျပ်၂၅၀ မရှိ လို့ ဘောပင် တစ်ချောင်း ပေးတယ်။ ငွေအကြွေ ရှားပါး မှုက အဲဒီလောက် အထိ ဖြစ်နေပြီ” ဟု ကိုယ် တွေ့ကြုံသူ တစ်ဦးက သုံးသပ် ပြောကြား သည်။
အများ ပြည်သူ အဆင်ပြေ စေရေး အတွက် သက်ဆိုင်ရာ က ငွေအကြွေ များ လဲလှယ် ပေးနေ သော်လည်း လက်တွေ့ တွင် မူ အခက်အခဲ များ ကြုံတွေ့ ရလျက် ရှိနေသေး ကြောင်း သိရသည်။ ထို့ကြောင့် အာဏာ ပိုင် အဖွဲ့အစည်း များက လိုအပ် သလို ကွင်း ဆင်း စစ်ဆေး ကြပ်မတ် သင့်ကြောင်း ကိုယ် တွေ့ကြုံသူများ က တညီတညွတ် တည်း ပြောကြား ကြသည်။




No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊