Saturday 7 May 2011

ပြည်တွင်းအင်တာနက်သုံးသူများဘားလမ်းက Net Sky၊ ဘေးဘက်က Star Net နှင့် AA Pharmacy အပေါ်ဆုံးထပ်က The Castel Cyber Cafe တို့ကိုအထူးရှောင်ရှားပါ

zaw gyi one
ယခုအခါ မြန်မာနိုင်ငံ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့်အစိုးရရုံးစိုက်ရာနေပြည်တော်မြို့တို့တွင် အင်တာနက်ဆိုင်များတွင် အင်တာနက်သုံးစွဲသူ Userများအားအင်တာနက်သုံးစွဲမှုကိစ္စရပ်များနှင့် ပတ်သက်၍ အမြဲလေ့လာစောင့်ကြည့်နေကြောင်းနှင့်အင်တာနက်ဆိုင်လုပ်ငန်းပိုင်ရှင်များအားလည်း၎င်းတို့မှတဆင့် စောင့်ကြည့်ခိုင်းစေနေကြောင်းကို တွေ့ရှိရကြောင်း ပြည်တွင်း/ပြည်ပ နိုင်ငံများတွင် လှည့်လည်၍ IT နည်းပညာရပ်များအား ၀န်ဆောင်မှုပေးနေသူ IT ကိုကို (မြန်မာပြည်သားတစ်ဦး) မှ ပြည်တွင်း/ပြည်ပရှိ အင်တာနက်သုံးစွဲသူ User များနှင့် သတင်းမီဒီယာဌာနများသို့ အသိပေး ပြောကြားလိုက်ပါတယ်။ IT ကိုကို မှနေ၍ရှင်းလင်းပြောကြားရာတွင် -

    *Processes တွေကိုရှာဖွေပြီး Right Click နှိပ်၍ End Process အရင်လုပ်ပေးရပါမယ်။ ဥပမာ - Keylogger.exe/Keymen.exe လိုဟာတွေ့ရင် End Process အရင်လုပ်ပေးလိုက်ပေါ့ဗျာ။ နောက် ကိုယ်မမြင်ဘူးတဲ့၊ မသိတဲ့၊ မတွေ့ဘူးတဲ့ exe process တွေကို Run ထားတာတွေ့ရင် End Process အရင်လုပ်ပြီးတော့မှကွန်ပြူတာကိုဆက်သုံးပါ။အဲဒါဆိုရင်ကောင်းကောင်းစိတ်ချသွားရပါပြီ။ နောက်တစ်ခုရှိသေးတာကတချို့ဆိုင်တွေမှာဆိုရင်အပေါ်ကကိစ္စတွေကိုလုပ်ထားတာအပြင် Screen Shoot ကို Software ထည့်ပြီးတော့ ၅မိနစ်ကိုတစ်ခါရိုက်ခိုင်းထားတာမျိုးတို့၊ သုံးစွဲသူရဲ့လက်ဗွေရာကို အရယူနိုင်အောင်ကြိုးစားတာမျိုးတို့၊ မှတ်ပုံတင်နံပါတ်ကိုရအောင်တောင်းခိုင်းတာမျိုးတို့ကိုပါ တပေါင်းတည်း လုပ်ဆောင်ဖို့ကိုပါ လျှို့ဝှက်ညွှန်ကြား ဆောင်ရွက်ခိုင်းစေထားပါတယ်။

အဲဒါကြောင့်အင်တာနက်ဆိုင်တွေမှာသွားရောက်သုံးစွဲမည့်ပြည်တွင်း/ပြည်ပများမှ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားနေသူများအချင်းချင်းအပြန်ပြန်အလှန်လှန်ဆက်သွယ်ဆောင်ရွက်လုပ်ကိုင်နေသူများအနေဖြင့်၎င်း၊ အခြားသုံးစွဲသူ User များအနေနှင့်ပါ အထူးဂရုပြု သုံးစွဲစေချင်ပါတယ်။ သတိထားစေချင်ပါတယ်။
    *

      အထူးသဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းကနေ အင်တာနက် သုံးစွဲမယ်ဆိုရင်ပေါ့ဗျာ။ နောက်တော့ ကျွန်တော် ဒီကိစ္စတွေနဲ့ ပါတ်သက်လို့ ဆောင်ရန်/ရှောင်ရန်နှင့် တန်ပြန်စနစ် ကလေးတွေကို အကျဉ်းနှင့်အကောင်းဆုံးပြောပြပေးပါမယ်။ ကျွန်တော်ပြောမယ့် လိုက်နာစရာရှိတာလေးတွေကို လိုက်နာနိုင်မယ်ဆိုရင် အကောင်းဆုံး၊ စိတ်အချရဆုံးနှင့်အလုံခြုံဆုံးပေါ့ဗျာ။ သိပ်တော့စိတ်မပူကြပါနဲ့။
    *

      ကျွန်တော်တို့ သုံးနေတဲ့ G-Mail/G-Talk ရဲ့ Data အချက်အလက်တွေဟာ Google ရဲ့ Data Base Server/Mail Server ထဲမှာသာလျှင်သိမ်းဆည်းပေးထားခြင်းဖြစ်တဲ့အတွက်ကြောင့်လုံခြုံစိတ်ချရပါတယ်။ အင်တာနက်လိုင်းကိုတော့ Bypass သုံးကြတာပါ။ ရန်ကုန်မြို့ထဲမှာအင်တာနက်သုံးမယ်ဆိုရင်တော့ ရန်ကုန်မြို့တော်ခန်းမအနောက် ဘားလမ်းက Net Sky၊ ဘေးဘက်က Star Net နှင့် AA Pharmacy အပေါ်ဆုံးထပ်က The Castel Cyber Cafe တို့ကိုအထူးရှောင်ရှား၍ သတိထားဂရုပြု သုံးစွဲကြစေလိုပါတယ်။ သုံးစွဲသူ User ရဲ့ Privacy နှင့်Security ကိုအချိုးဖောက်ခံရပြီးမှ အင်တာနက်သုံးစွဲရမယ့်အနေအထားမျိုး၊ ပုံစံမျိုးဆိုရင်တော့ အဲ့ဒီလိုအင်တာနက်ဆိုင်မျိုးကိုတော့လုံးဝမသုံးစွဲသင့်ပါဘူး။ လုံးဝကိုရှောင်ရှားသင့်ပါတယ်။ သူတို့ရဲ့ MPT Server/ISP Server ထဲမှာ Mail အ၀င်/အထွက် တွေကိုစစ်ဆေးတဲ့ကျွန်တော်တို့မသိနိုင်တဲ့ Spy Softwares တွေကိုထည့်သွင်းထားပြီးတော့ Monitoring လုပ်နေတာဖြစ်တဲ့အတွက် သုံးစွဲသူများအားလုံးဘက်မှလည်း သတိတရားလက်ကိုင်ထား၍ ဆောင်ရန်ရှောင်များနှင့်အတူ နည်းပညာအမြင့်ဆုံးများအားအသုံးပြု၍ သုံးစွဲကြစေချင်တယ်လို့အကြံပေးလိုပါတယ်။

* နောက်တစ်ခုက အခုအစိုးရရဲ့ ISP တစ်ခုဖြစ်တဲ့ Yatanarpon Web Portal/Yatanarpon Teleport ကနေ အွန်လိုင်းဝန်ဆောင်မှုပေါင်းမြောက်များစွာကို ၀န်ဆောင်မှုပေးနေပါတယ်။ သူတို့က G-Mail/G-Talk ကိုထင်သလောက် Monitoring လုပ်ရတာအဆင်မပြေတော့၊ G-Mail/G-Talk သုံးစွဲတာကိုလည်းနှိပ်ကွပ်ချင်တော့ ရတနာပုံတယ်လီပို့ကနေ Y-Mail/Y-Talk ဆိုပြီး Free E-mail၀န်ဆောင်မှုအသစ်တစ်ခုကို လွန်ခဲ့တဲ့၃လကျော်လောက်ကတည်းက စတင်ခဲ့ပါတယ်။ အဲဒီ့ရဲ့ နောက်ကွယ်က သူတို့ထောင်ထားတဲ့ ထောင်ချောက်တွေကို တော်ရုံတန်ရုံသာမန်သုံးစွဲသူ တော်တော် များများ အနေဖြင့်မသိရှိနိုင်ပါဘူး။ လူတိုင်းက Free ဆိုရင်အကုန်လိုချင်ကြပါတယ်။

နောက်ကွယ်မှာသိပ်ကြီးမားတဲ့ ထောင်ချောက်တွေ ရှိနေတယ်ဆိုတာကို ဘယ်သူမှသတိမပြုမိကြဘူးလေ။ Y-Mail/Y-Talk ကိုသုံးမယ်ဆိုရင် ခင်ဗျားတို့တစ်ဦးနှင့်တစ်ဦးပို့သမျှ Mail စာတွေ၊ ရိုက်သမျှ Chatting စာတွေ၊ စကားပြောသမျှ Voice အသံတွေ၊ User Name& Password နှင့် Security Question & Answer တွေအကုန်လုံးကို ရတနာပုံတယ်လီပို့ရဲ့ ISP Server/Mail Server တွေထဲမှာ အကုန်သိမ်းဆည်းထားမှာ ဖြစ်တဲ့အတွက် User ရဲ့ Privacy & Security လုံးဝရှိမှာမဟုတ်ပါဘူး။ နောက်ခင်ဗျားတို့က Y-Mail/Y-Talkကို သုံးစွဲဖို့Signupလုပ်တုန်း ခင်ဗျားတို့ရဲ့ PersonalInformationတွေ ကို အမှန်ဖြည့်ပြီးတော့ (ပြည်တွင်း/ပြည်ပ များမှနေ၍မြန်မာ့ဒီမိုကရေစီအရေးကို လှုပ်ရှားဆောင်ရွက်နေသူများနှင့်ပြည်ပနိုင်ငံများရှိ ကမ္ဘာ့သတင်းမီဒီယာဌာနကြီးများနှင့် အပြန်ပြန်အလှန်လှန်ဆက်သွယ်ဆောင်ရွက်နေသူများအချင်းချင်း)ဆက်သွယ်ဆောင်ရွက်ကြမယ်ဆိုရင် သိပ်ကိုအန္တရာယ်များလွန်းပါတယ်။

ရတနာပုံတယ်လီပို့က Y-Mail/Y-Talk နှင့်
Myanmar Technology Gateway က Mtalk တို့ကိုမည်သူမျှမသုံးစွဲကြဖို့ကိုအထူးပဲတိုက်တွန်းလိုက်ပါတယ်ဗျာ။

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊