Friday 8 July 2011

စိတ်ဓါတ်

    ကျွန်တော်တို့မြန်မာနိုင်ငံသားတောတော များများဟာ ဆရာမောင်ဝံသ ပြောသွားတဲ့ အချက်တွေအားလုံးထဲမှာ ပါဝင်နေတာတွေ့ရတယ် ဒါကြောင့်မို့ပြန်လည်တင်ပြလိုက်ပါတယ်.....


အမှတ်သည်းခြေ မရှိတဲ့ စိတ်ဓါတ်၊
ရေသာခို အချောင်လိုက်ချင်တဲ့ စိတ်ဓါတ်၊ ရသာလျှင် ဘနဖူး သိုက်တူးမယ် ဆိုတဲ့ စိတ်ဓါတ်၊
မိုရွာတုန်း ရေခံထားမှ ဆိုတဲ့ စိတ်ဓါတ်၊
သယ်သူသေသေ ငတေမောရင် ပြီးရောဆိုတဲ့ စိတ်ဓါတ်၊
အထက်ဖား အောက်ဖိ ကိန္နရာက ကချင်တဲ့ စိတ်ဓါတ်၊
မျက်နှာကြီးရာ ဟင်းဖတ်ပါချင်တဲ့ စိတ်ဓါတ်၊
နေရာတကာ ရေလိုက်ငါးလိုက် လုပ်မှဆိုတဲ့ စိတ်ဓါတ်၊
ယူတော့ ပြုံးပြုံး တောင်းတော့မုန်း စိတ်ဓါတ်၊
မတရားမှုကို ငုံ့ခံတဲ့ စိတ်ဓါတ်၊
နောက်ကွယ်ကျမှ အတင်းပြောတဲ့ စိတ်ဓါတ်၊
ဆင်မကြောက်ရင် ဖိနပ်ဖြစ်သွားမယ် ဆိုတဲ့ စိတ်ဓါတ်၊
ကြောက်တတ်ရင် ၀န်ကင်းတယ် ဆိုတဲ့ စိတ်ဓါတ်၊
လာမယ့်ဘေး ဝေးဝေးရှောင် ဆိုတဲ့ စိတ်ဓါတ်၊
နှမ်းတစ်လုံးနဲ့ ဆီမဖြစ်ပါဘူး ဆိုတဲ့ စိတ်ဓါတ်၊
မိုးခါးရေ လိုက်သောက်မယ် ဆိုတဲ့ စိတ်ဓါတ်၊
နိုင်မယ်ထင်တဲ့ ဘက်က လှေကြုံစီး ချင်တဲ့ စိတ်ဓါတ်၊
သူ့ဆန်စား ရဲမှ ဆိုတဲ့ စိတ်ဓါတ်၊
ကမ္ဘာမီးလောင် သားသမီးတောင် ချနင်းမယ် ဆိုတဲ့ စိတ်ဓါတ်၊
ငွေများ တရားနိုင်တယ်၊ ငွေရှိမှ လူရာဝင်တယ် ဆိုတဲ့ စိတ်ဓါတ်၊
အာဏာရှိသူ ဥစ္စာပေါသူကို မျက်နှာလို မျက်နှာရ လုပ်ချင်တဲ့ စိတ်ဓါတ်၊
နိုင်ငံရေးဆိုတာရွံကြောက်စရာဝေးစွာရှောင်ရှားဘေးကင်းငြားဆိုတဲ့ စိတ်ဓါတ်တွေကို တွေ့ရပါတယ်ဗျာ။

မောင်ဝံသ (၂၂-၆-၂၀၁၁) ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၁ အမှတ် ၄၉ ၃၀ ဇွန် ၂၀၁၁
 ဟစ်တိုင်းမှကူးယူတင်ပြပါသည်။

မောင်ချစ်

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊