Wednesday 23 February 2011

၇၅ ဦးသေ၊ ဒေါ်လာ ၁၂ ဘီလီယံ ဆုံးရှုံးတဲ့ နယူးဇီလန် ငလျင်


zaw gyi one
ဖေဖော်ဝါရီလ ၂၂ ရက်နေ့က နယူးဇီလန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တော် ခရစ္စချာ့ခ်ျတွင် ပြင်းအား ၆.၃ ရှိ ငလျင်လှုပ်သွားတာမှာ အနည်းဆုံး လူ ၇၅ ဦးသေဆုံးပါတယ်။
ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးမှာ ဒေါ်လာ ၁၂ ဘီလီယံခန့် ရှိနိုင်ပြီး ၂၀၀၈ ခုနှစ် နောက်ပိုင်းတွင် ဆုံးရှုံးမှုအများဆုံးသော သဘာဝဘေးဒဏ်ဖြစ်ကြောင်း ကျွမ်းကျင်သူများကို ကိုးကားပြီး သတင်းများက ဖော်ပြပါတယ်။ ၂၀၀၈ ခုနှစ်တုန်းက အမေရိကန်မှာ ဟာရီကိန်း အီကေ မုန်တိုင်းကြောင်း ဒေါ်လာ ၁၉.၉ ဘီလီယံ ဆုံးရှုံးခဲ့ပါတယ်။

 
ငလျင်ပြ မြေပုံ။

 

ခရစ္စချာ့ခ်ျ မြို့လယ်က ပြိုကျနေတဲ့ အဆောက်အအုံ မီးလောင်တာကို ငြိမ်းသတ်ဖို့ ကြိုးစားနေတဲ့ ကယ်ဆယ်ရေးသမားများ။ (ဓာတ်ပုံ - AP)

 
ခရစ္စချာ့ခ်ျမြို့တွင် တောင်ပေါ်မှ မြေများပြိုကျပြီး အိမ်များကို ပိကုန်သည်။ (ဓာတ်ပုံ - Getty Images)

 

အဆောက်အအုံ အတော်များများ ပျက်စီးကုန်သည်။ (ဓာတ်ပုံ - Getty Images)


 
အထပ်လေးထပ်ရှိ Pyne Gould ကော်ပိုရေးရှင်း အဆောက်အအုံကြီး ပြိုကျသွားစဉ်။ (ဓာတ်ပုံ - Reuters)


No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊