Tuesday 15 February 2011

နယ်ထိန်းရဲနှင့်အဖွဲ့ ဝိုင်းရိုက်သဖြင့် လူငယ်တချို့ ဒဏ်ရာရ

ရန်ကုန် အင်းစိန်မြို့သစ်ရပ်ကွက် (က/ခ) ၏ နယ်ထိန်းရဲ အောင်ကျော်ဦးနှင့် အဖွဲ့သည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ည ၉ နာရီ ခန့်က ရပ်ကွက်ထဲမှ လူငယ် ၇ ဦးတို့ အချင်းချင်း စကားများရန်ဖြစ်နေစဉ် ရောက်လာကာ နံပါတ်တုတ်များဖြင့် ၀ိုင်းရိုက် သဖြင့် တချို့ ဒဏ်ရာပြင်းထန်စွာ ရသွားကြောင်း၊ မကျေနပ်သည့် လူငယ်များက အင်းစိန်ရဲစခန်း၌ တိုင်တန်းခဲ့သော်လည်း အရေးယူမှု တစုံတရာမရှိခဲ့ကြောင်း သိရသည်။ နယ်ထိန်း အောင်ကျော်ဦးသည် ရပ်ကွက် လောင်းကစား ဒိုင်များထံမှ အကောက်ကောက်ခံနေသူ ဖြစ်ပြီး ရပ်ကွက်နေ ပြည်သူများမှာ သူ၏ ခြိမ်းခြောက်မှုများကို မကြာခဏ ကြုံတွေ့နေရသည်။

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊