Monday 21 March 2011

စစ်ယူနီဖောင်းမှာ ပုဝါဖြူ စလွယ်သိုင်းထားတာဟာ ခေတ်ပေါ် စစ်ဝတ်စုံ၊ မော်ဒန် ဖက်ရှင်။

zaw gyi one
သောကြာနေ့ နေပြည်တော်၊ ဇမ္ဗီူသီရိမြို့၊ ဘောဂသိဒ္ဒိရပ်ကွက်၊ ဇမ္ဗူ့ကျက်သရေလမ်းရောက်ကျက်သရေရှိလှတဲ့ မင်းတြားဂျီးရဲ့ စတိုင်
 စစ်ယူနီဖောင်းမှာ ပုဝါဖြူ စလွယ်သိုင်းထားတာဟာ ခေတ်ပေါ် စစ်ဝတ်စုံ၊ မော်ဒန် ဖက်ရှင်။

ဒါမျိုး နိုင်ငံတကာ စစ်တပ်တွေမှာ မထွင်နိုင်သေးဘူး။ဘုန်းကြီးယပ်တောင်ကို ကိုင်ထားတယ် ဆိုတော့ ဗေဒင်ဆရာစကား အလေးထား အဲ - သံဃာတွေကို အလေးထား တယ်ဆိုတာပေါ်လွင်နေတယ်။ပိတ်ဖြူကြီး ကိုယ်တပိုင်း ဖုံးထားတာကတော့ ကြိုတင်ပြင်ဆင်၊ အင်း - ပြင်ဆင်တာမဟုတ်ပါဘူး၊ ဖြူစင်တဲ့ နိမိတ်ပုံ ဖြစ်လိမ့်မယ်။ပန်းချီထိန်လင်း၊ ကဗျာစောဝေ တို့လိုမျိုး တင်ဆက်မှုအနုပညာ (performance art) ကို "နိုင်ငံတော်" ကနေ အားပေးနေပြီ ဆိုတဲ့သဘော ဖြစ်ပါလိမ့်မယ်။

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊