Thursday 17 March 2011

တရုတ်သို့ ပို့မည့် ဓာတ်ငွေ့ ပိုက်လိုင်းများ ဧရာဝတီမြစ်ကို ဖြတ်တော့မည်

zaw gyi one

မြန်မာနိုင်ငံက သဘာဝ စွမ်းအင်လောင်စာတွေကို တရုတ်ပြည်ကို ပေးပို့ဖို့အတွက် ရခိုင်ပြည်နယ်ကနေ ပိုက်လိုင်းသွယ်တန်းနေတဲ့ လုပ်ငန်းဟာ အခုအခါ ဧရာဝတီမြစ်ကို ဖြတ်သန်းတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
Photo: Shwe Gas Movement
ရခိုင်ပြည်နယ်မှ သဘာဝ ဓာတ်ငွေ့များကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ပို့ဆောင်မည့် ရွှေ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းအတွက် ကျောက်ဖြူမြို့အနီးတွင် စက်ယန္တရားကြီးများဖြင့် လုပ်ကိုင်နေပုံ ဖြစ်ပါသည်။ (Photo: Shwe Gas Movement)

မြန်မာ-တရုတ် ရေနံစိမ်းနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း နှစ်လိုင်းကို ဧရာဝတီမြစ်ရဲ့ ကြမ်းပြင်အောက်ကနေ ဖြတ်သန်းဖို့အတွက် မတ်လဆန်းပိုင်းမှာ တရုတ် CNPC ကုမ္ပဏီက စတင် တူးဖောက်ခဲ့ပါတယ်။ ဧရာဝတီ မြစ်ဖြတ် ပိုက်လိုင်းကို မကွေးတိုင်း မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် ခုံစုကျေးရွာအနီး ဧရာဝတီမြစ် အနောက်ဖက်ကမ်းက စတင် တူးဖောက်ခဲ့တာပါ။
 အဲဒီပိုက်လိုင်းတွေဟာ ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်းကနေ စတင်ပြီး တရုတ်ပြည် ယူနန်ပြည်နယ် ရွှေလီမြို့ကို ဝင်ရောက်မှာ ဖြစ်ပါတယ်။

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊