Saturday 23 April 2011
ခွေးတိုးပေါက်မှ ဒူးထောက်ဝင်ရောက်သွားသူများ
ခွေးတိုးပေါက်မှ ဒူးထောက်ဝင်ရောက်သွားသူများ
အမျိုးယုတ်သား နအဖဒလံ ညီညီလွင်၏ အတုအယောင် ANC မှ သဘာပတိ နောက်ထပ် တဦး ရန်သူပါးမှာ ဒူးထောက်
ထိုင်းနိုင်ငံမဲဆောက်တွင်နေထိုင်သည့် မလေးရှားရှိ ညီညီလွင် ANC ၏ သဘာပတိ၊ NCUB  
ဝန်ကြီး ဦးအောင်ထွန်းစိန် မှာ ယနေ့ နံနက်က မဲဆောက်မှ မြ၀တီဖက်ကမ်းသို့ကူးကာ ရန်သူစစ်အစိုးရထံတွင် ဒူးထောက်သွားပြီဖြစ်ကြောင်းသိရသည်။
ဦးခွန်ထွန်းဦးနှင့်ဆွေမျိုးနီးစပ်ဟုယူဆရသူ ရှမ်းအမျိုးသမီးတယောက်နှင့် ဒုတိယအိမ်ထောင်ပြုထားသည်။
၂၀၁၀- ခုနှစ် စစ်အစိုးရက ရွေးကောက်ပွဲလုပ်ပြီးချိန်ကတည်းက ရန်သူ့ထံ ဒူးထောက်ဝင်ရောက်ဖို့ ဘန်ကောက်မြန်မာသံရုံးသို့ ညီညီလွင်မှတဆင့်ဆက်သွယ်နေစဉ် DKBA ဗိုလ်နှုတ်ခမ်းမွီး စောလားဘွယ်တပ်က ရွေးကောက်ပွဲနေ့တွင် စစ်အစိုးရကို မြ၀တီမှာ စတင်တိုက်သဖြင့် ၄င်း၏ အစီအစဉ်ပျက်ပြားခဲ့သည်ဟုသိရသည်။
ALDအမတ်များထဲမှ နအဖကိုနယ်စပ်ရှိတိုင်းရင်းသားများနှင့်ပူးပေါင်းပြီးတိုက်မည်ဟု ဟန်ဆောင်ကြွေးကြော်ထွက်လာသူ ဦးထွန်းဝင်းမှာလည်း မိသားစုနှင့်တကွ အမေရိကန်ခရီးစဉ်တခုမှာ မဲဆောက်သို့ပြန်မလာပဲ တိတ်တဆိတ်နိုင်ငံရေးခိုလှုံသွားခဲ့ပြီဖြစ်သည်။ လက်ရှိပြည်ပအတွင်းရေးမှူးအဖြစ်မှနုတ်ထွက်ထားသူ ဘင်္ဂလားဒေမှဦးခိုင်စံလင်းမှလည်း ပြည်တွင်းဝင် အတိအလင်းကြေငြာထားသဖြင့် ဦးဦးသာထွန်း။ ဦးစောမြအောင်။ ဦးအောင်လှဇံတို့ထူထောင်ခဲ့သည့် သမိုင်းအစဉ်အလာရှိသည့်ALDမှာ အများတံတွေးခွက်ပက်လက်ရောမှောက်ခုံပါမျှောရတော့မည်ကဲ့သို့ဖြစ်သည်။
ညီညီလွင်နှင့်ဆက်စပ်လှုပ်ရှားသည့် ၄င်း၏မလေးညီလာခံတွင်မိမိကိုယ်ကိုအဆိုပြုတင်သွင်းပြီး သဘာပတိဖြစ်လာသူ ဦးပဒီးဖြူမှာ လွန်ခဲ့သည့်လအနည်းငယ်က ရန်သူ့ထံ ဒူးထောက်ဝင်ရောက် သွားပြီဖြစ်သည်။ ၄င်းနှင့်ဆက်စပ်သည့်ရခိုင်နိုင်ငံရေးတော်လှန်ရေးသမားဆိုသူများမှာပါတီထု တပ်ထုလည်းမရှိ ရဲဘော်ထုလည်းမရှိသဖြင့် နအဖက လေကြောင်းဖြင့်ဝင်ရောက်ရန်လက်မခံပဲ ခွေးတိုးပေါက်မှသာဝင်ရောက်ခွင့်ပြုကြောင်းသိရသည်။
နောက်ထပ်ထိုသို့ခွေးတိုးပေါက်မှဝင်ေ၇ာက်သွားရန် အလားအလာရှိသူများမှာ DPAသိန်းဖေနှင့်မောင်လူကြီးတို့ဖြစ်ကြောင်း နယ်စပ်ရှိရခိုင်သားများပြောဆိုလျက်ရှိကြသည်။
No comments:
Post a Comment
မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊