Thursday 18 August 2011

သမ္မတကြီးသို့တင်ပြခြင်း

သတင်းတွေ နေ့တိုင်းဖတ်ဖြစ်ပါတယ်ဗျာ။ ဒီနေ့ သတင်းဖတ်ပြီးပျော်သလို ဖြစ်သွားတယ် ။သေချာပြန်စဉ်းစား ကြည့်တော့ ဟိဟိ ဟုတ်ပါ့မလား မောင်ကာလုရေ ဖြစ်နေပြီနော်၊ သမ္မတ အသစ်ကြီးပြောသလို တကယ် လုပ်ဆောင်မယ်ဆိုရင်တော့  ကြိုဆိုပါတယ် ဝမ်းလည်းဝမ်းသာပါတယ် ၊ အကယ်၍ သမ္မတကြီး ပြောသလို ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားအားလုံးကို ပြန်လာခဲ့ပါဆိုတော့၊ သမ္မတကြီး ပြောတဲ့အထဲမှာ ပြစ်မူတွေ လျှော့ပေါ့ပေးမယ်ဆိုတော့ နိုင်ငံတကာ ရောက်နေတဲ့ မြန်မာနိုင်ငံသားအားလုံးဟာ နိုင်ငံရေး ၊ လူမှု့ရေး ၊ စီးပွားရေး ၊ ဘာသာရေး အကြောင်းအမျိုးမျိုးကြောင့်ရောက်လာတဲ့ သူတွေပါ ။ ဘာတွေပြစ်မှုတွေ ရှိနေလိုလဲ အကယ်၍ နိုင်ငံတော်ကို စီးပွားရေး ၊ လူမှု့ရေး  ၊ နိုင်ငံရေး ၊ ဘာသာရေး အစစ အရာရာ တိုးတက်ချင်တယ် ကောင်းမွန်ချင်တယ် ဆိုရင်တော့ သမ္မတကြီးအနေနဲ့ လုပ်ဆောင်စရာ တချက်ကတော့ နိုင်ငံအတွင်းမှာ ယုံကြည်ချက်ကြောင့် ထောင်ကျနေတဲ့ ရဟန်းသဃာံတွေ ၊ လူတွေရော ပြည်ပမှာရောက်နေတဲ့ မြန်မာနိုင်ငံသားအာလုံးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ရင်တော့ အားလုံးက ပျော်ရွှင်ပြီး အတိုင်းထက် အလွန်ပေါ့ ။ သမ္မတကြီးကပြောပြီး လက်တွေ့မှာ ဘာမှမလုပ်ဘူးဆိုရင်တော့ ယုံကြည်မှာ မဟုတ်ပါဘူး ၊ 
  နိုင်ငံတော်သမ္မတကြီးကို တင်ပြချင်တာကတော့ တိုင်းပြည်အတွက် တကယ်ကောင်းမွန်တိုးတက် စေချင်ရင်တော့ အပြောနဲ့တော့ ဘာမှဖြစ်မလာပါဘူး ၊ လက်တွေ့လုပ်ဆောင်ဖို့ အဓိကကြပါတယ်။ ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကလည်း ပြည်ပမှာ အကြောင်းအမျိုးမျိုးကြောင့် လာနေကြတာပါ မြန်မာနိုင်ငံကိုချစ်တယ် တနေ့ တချိန်ကြရင်တော့ ပြန်လာမဲ့လူတွေပါ ၊ ဒါကလည်း နိုင်ငံတော်နဲ့ဆိုင်ပါတယ် ရင်ထဲကတကယ်ခွင့်လွှတ်ပြီး  အာလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ် ပြန်လာဖို့ ဖိတ်ခေါ်တယ် ဆိုရင်တော့ အားလုံးဟာ ကပြီး ပြန်မဲ့လူတွေကြီးပါဘဲ ၊ ပြည်ပမှာ တတ်ထားတဲ့ ပညာနဲ့ ကိုယ့်တိုင်းပြည်ကို ရတဲ့နေရာက ထူထောင်ဖို့အသင့်ပါဘဲ ၊ နိုင်ငံတော်သမ္မတကြီးအနေနဲ့ နိုင်ငံအတွင်းမှာ ခေါင်းဆောင်လုပ်တဲ့သူတွေဟာ ပါးစပ်က ဘုရားဆိုပြီး လက်က ကားယားလုပ်နေတဲ့ သူတွေကြီးက ပိုများပါတယ် ၊ ရက်ကွက်ထဲမှာ ဘာမှမဟုတ်တဲ့ မီးသတ် ၊ ကြတ်ခြေနီ ၊ ဆယ်အိမ်မူး ၊ ရာအိမ်မူး ၊ကြံ့ခိုင်းရေး တွေကိုတောင် ဟိုအတွက်ငွေတောင်း ဒီအတွက်ငွေတောင်းဆိုပြီး တောင်းကြ မပေးရင်ရဲနဲ့ပေါင်းပြီး ဖမ်းပြီးနိပ်ဆက်ကြ ၊အရာရာ အားလုံးကိုကြောက်နေရတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို သနားပါ၊ အဓိက အဲ့လိုလူတွေကို အရင်ရှင်းပါ ၊ ဒါမှသမ္မတကြီးပြောနေတဲ့ သန့်ရှင်းတဲ့ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး ဖြစ်လာမှာပါ၊ 
    
လေးစားစာဖြင့်

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊