Wednesday 31 August 2011
မြစ်အတုနှင့်မြစ်အစစ်
မြစ်အစစ် ဧရာဝတီကို ဖျက်ဖို့  တရုတ်တွေနဲ့ အောင်ပွဲခံနေတဲ့ သိန်းစိန်နှင့်
ဘိန်းဘုရင်လော်စစ်ဟန်၏သား ထွန်းမြင့်နိုင် (ခ) စတီဗင်လော
(ဒါရိုက်တာ - အေးရှားဝေါလ်ဒ် ကုမ္ပဏီ)နှင့် CPI (China Power Investment) အာဏာပါးကွက်သားတရုတ်များ -
သူများတိုင်းပြည်မှာ လုံလောက်တဲ့ ဂေဟဗေဒစံနစ် နဲ့ မြစ်ချောင်းတွေမရှိလို့  ကြံဖန်ပြီး "ရေတံတား"
(မြစ်အတု) တွေဆောက်နေရတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ ကျွန်တော်တို့ ဘိုးဘေးတွေဆီက
အမွေရခဲ့တဲ့ ဧရာဝတီနဲ့  "သဘာဝရေလမ်း ရေတံတား" တွေကို ဖြတ်တောက်သတ်ဖြတ်ဖို့ လုပ်နေ
ကြတယ်၊ (လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကျော်က Australian Parliament ထဲမှာ - "ငါတို့ သံရိုင်းတွေ ဂျပန်
ကိုရောင်းပြီး ဂျပန်တွေဆီက ကားတွေပြန်ဝယ်နေတယ် Australians တွေမရှက်ကြဖူးလား" ဆိုတဲ့
အသံတခုကြောင့် Australians တွေ လင်းလေး ကားတွေ မိမိပိုင်နည်းပညာသုံးပြီး စထုတ်ခဲ့ကြတယ်၊
ဒီဇယ်ဆီပြန်ဝယ်သုံးနေတယ်၊ ဒီနေ့ ကမ္ဘာကြီးမှာ သည်လူမျိုးမှေ-ွးမဖြစ်ရင် ဘယ်လူမျိုးဖြစ်ဦးမှာလဲ။
နောက်ဆုံး တခုတည်းသော အမျိုးသားပိုင် မြစ်ကြီးကို တရုတ်လက်ထိုးအပ်တယ်၊ သည်ဓါတ်ပုံ
ဆောင်းပါးကို ဖတ်နေတဲ့ ခင်ဗျားမှာ လုပ်စားနိုင်ငံရေးပဲဖြစ်ဖြစ် ဘာနိုင်ငံရေးပဲဖြစ်ဖြစ်       ကနေမြန်မာပြည်မှာဖြစ်နေတဲ့ နိုင်ငံရေးအားလုံးထက် လက်ရှိဧရာဝတီအမျိုးသားရေးဟာ အရေးအကြီးဆုံးဆိုတာမမေ့ပါနဲ့ ၊
မြစ်အစစ်မလုံလောက်လို့  မြစ်အတုဆောက်ရတဲ့ ဂျာမန်တွေ
မြစ်အစစ် ဧရာဝတီကို ဖျက်ဖို့  တရုတ်တွေနဲ့ အောင်ပွဲခံနေတဲ့ သိန်းစိန်နှင့်
ဘိန်းဘုရင်လော်စစ်ဟန်၏သား ထွန်းမြင့်နိုင် (ခ) စတီဗင်လော
No comments:
Post a Comment
မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊