Saturday 15 October 2011

အမှတ်တရ ၁

   ကျွန်ုပ်ငယ်ငယ်က စာအုပ်စာပေ ဖက်အားမရှိသလောက်ပါဘဲ ဝတ္ထုတွေဖတ်တာ ကာတွန့်တွေဖတ်တာ အိမ်ကသိပ်မကြိုက်ဘူး ၊ အားရင်အိမ်က ကျောင်းစာတွေဘဲ ကြည့်ခိုင်းတာ ၊ဒါမို့ ဗဟုသုတနည်းတယ် ဆိုရမယ် ၊ကျွန်ုပ် မှတ်မှတ်ရရ ၊ (၈)တန်းလောက်မှာတော့ အရင်ဆုံးစာအုပ်တစ်အုပ်ခိုးဖတ်ခဲ့ဘူးတယ် ၊ ဖတ်ပြီးတော်တော် ကြိုက်သွားတယ် စာအုပ်အမည်က ဆရာကြီးနန္ဒာသိန်းစံ ရဲ့ ခရောင်းတောလမ်းကိုဖြတ်ကျော်ခြင်း စာအုပ်၊ တော်တော် ဗဟုသုတရတဲ့ စာအုပ်လေးပါ၊နောက်ပိုင်း ပိုင်းမှာတော့ တော်တော်များများ စာအုပ်တွေဖတ်ဖြစ်ပါတယ် ၊ ချစ်စံဝင်း ၊ ရွှေဥဒေါင်း ၊ငွေဥဒေါင်း ၊မင်းသိင်္ခ ၊ ရွှေပြည်စိုး ၊ အီကြာကွေး ၊ သုမောင် ၊ မင်းလူ ၊ သော်တာဆွေ ၊ နန္ဒာ ဆင်ဖြူကျွန်း ၊ချစ်ဦးညို ၊ အောင်သင်း ၊ ဦးပေါ်ဦး ၊တက္ကသိုလ်ဖုန်းနိုင် ဆရာတွေ စာအုပ်တွေဖတ်ဖြစ်တယ် ၊ မှတ်မှတ်ရရ ကြိုက်သွားတဲ့စာအုပ်တွေကတော့ ရွှေဥဒေါင်းရဲ့ ရူပနန္ဒီ ရူပကလျာ၊ ချစ်ဦးညိုရဲ့ လင်္ကာဒီပချစ်သူ ၊ တက္ကသိုလ် ဖုန်းနိင်ရဲ့ သူငယ်ချင်းလိုဘဲဆက်၍ခေါ်မည်ခိုင် စာအုပ်တွေပါဘဲ ၊ ကျွန်ုပ် အခုအချိုန်အထိ  သိုင်းဝတ္ထူ လုံးဝမဖတ်ပါ ဘာလိုလဲဆိုတော့ စိတ်မဝင်စားလိုပါ။  ဒီရောက်မှ  ကိုဇော် ၃၅၇ ရဲ့ကောင်းမူ့ကြောင့် စာအုပ်တစ်အုပ်ဖတ်လိုက်ရတယ် ကိုဇော်ကိုကျေးဇူးလဲတင်မိပါတယ် ၊စာအုပ်ရဲ့အမည်ကတော့ မင်းဒင်ရဲ့သက်ခိုင် စာအုပ်ပါ တော်တောကောင်းတယ်ဗျာ ဗဟုသုတတော်တော်ရတာ ဒါကြောင့်မို့ ကိုဇော်၃၅၇ ကိုကျေးဇူးတင်လျှက်ပါ။ ကျွန်ုပ်ငယ်ငယ်ထဲက စာရေးဝါသနာပါတာ ဒါပေမဲ့ကံအကြောင်းလားမသိရေးလိုက်ရင် တောင်ရောက် မြောက်ရောက် လုံးဝရေးလိုမရတာအခုအထိဘာဘဲ။
    အခုရေးခြင်လွန်းလို ရေးလိုက်အုံးမယ် ပြောပြအုံးမယ် ဟာသလေးပေါ့ ယူရို ရာက်ရောက်ခြင်း ဘာသာစကားစသင်တော့ ကျောင်းကဆရာကမေးတယ် မောင်ချစ် မင်း ဒီစာတက်ရင်ဘာလုပ်မလဲတဲ့ အားကျမခံ ဗမာကွဆိုပြီ ဖြေလိုက်တာက မင်းတို့စာတက်ရင် ငါတို့ဗမာစာအုပ်တွေကို မင်းတို့စာနဲ့ရေးပြီး စာအုပ်ထုပ်မယ်လိုပြောလိုက်တယ် ဟဟဟား ဒါပေမဲ့ အပြောသာရှိတဲ့ ကျွန်ုပ်ပါ လက်တွေ့မှာ သူတို့စာ သင်ရတာ ခေါင်းမှာ ရက်တောင်ထိုးခြင်သွားတယ် ၊ ကျုပ် ဆိုတဲ့ကောင်က ဘာတွေဖြစ်လဲမသိ အခုအချိုန်ထိ ဘာသာစကားကို သင်ရတာတော်တော်ခတ်ခဲတယ် သင်တုံးခဏ ပြီးရင်မေ့ ကောင်းလိုက်တဲ့ ဦးနောက် အခုရေးမဲ့အကြောင်းကတော့ ဒီမှာနေခဲ့တဲ့ အိမ်တွေရဲ့နာမည်လေးနဲ့ မြို့ရာဇဝင်လေး အကြောင်းတင်ပြလေးလိုက်တယ် ဗဟုသုတပေါ့။
   ကျွန်ုပ် အာရှတစ်နိုင်ငံကနေ ဥရောပ ဆိုတဲ့ တိုက်ကြီး တစ်တိုက်က တိုင်းပြည်ငယ် တစ်ခုသွားတုံးကပေါ့ သွားတဲ့အချိုန်က ဖေဖဝါရီလ အာရှမှာတော့ရာသီဥတုက နေလိုထိုင်လိုကောင်းတဲ့ရာသီပေါ့ ထိုင်းလေယဉ်ကွင်း ရောက်တော့ ဥရောပသွားမဲ့ ကျုပ်က စတိုင်ဘောင်ဘီ တီရှပ် နဲ့သွားတာ လက်ဆွဲအိပ်ထဲမှာ စာရွက်စာတန်း စာအုပ် ဆွယ်တာတစ်ထည်ရယ်ပေါ့ လေယဉ်ပေါ်စတက် တာနဲ့ ကြည့်နေတဲ့မျက်လုံးတွေက ကျုပ်ကိုကြည့်ပြီးရီနေသလိုဘဲ ဒါပေမဲ့ ဂရုမစိုက်ပါ  (၁၃ နာရီ ) လေယဉ်စီးရတယ်ဆိုတော့ ပင်ပန်းသား လေယဉ်ပေါ်မှာတာ့ စားလိုက်သောက်လိုက်အိပ်လိုက်ပေါ့ ၊ဒါနဲ့ ရောက်သွားရောပေါ့ လေယဉ်ပေါ်ကဆင်းဆင်းခြင်းတော့ လူတွေအားလုံးက  အနွေးထည်ကိုစီ ဝက်ကြတာပေါ့ သတိတော့ထားမိသား လေယဉ်ကွင်းအပြင်ရောက်တော့မှ အားပါးပါး လမ်းတွေမှာ အားလုံးရေခဲတွေ အေးလိုက်တာပြောမနေနဲ့ကိုလူရေ ပါလာတဲ့ဆွယ်တာကိုဝတ်တယ် ဘယ်ရမလဲ ဒီအအေးနဲ့ဒီဆွယ်တာ လာကြိုတဲ့သုတွေကတွေးပြီးသား အာရှကလူတွေလာရင်ဒီအတိုင်းဆိုတာလေ ဒါနဲ့ သူတို့ပေးတဲ့ဆောင်ကိုပတ်ပြီးကားပေါ်တက်ပြီးတော့ အိမ်ကိုမောင်းပေါ့ ကားပေါ်ရောက်တော့ အပူစက်ဖွင့်ပေးထားတော့ တော်သေးတာပေါ့ ၊ လမ်းတလျှောက်လုံးမှာရေခဲတွေ အိမ်တွေက လုံးခြင်းလေးတွေ လယ်ကွင်းတွေ ၊ကျုပ်တော့အခုမှ တောရောက်တာလိုပြောလိုက်တယ်  တကယ်လွမ်းစရာကြီး ၊ ကျုပ်ပြောပြမယ် သူတို့နိုင်ငံတွေက ကားတွေမှာက အပူ အအေး စက်တွေအကုံပါတာ ခံသာတာပေါ့ ၊ ကဲကျုပ်ပြောခြင်တဲ့အိမ်ကိုရောက်ပြီး ရောက်ရောက်ခြင်း ဘာစလုပ်တယ်ထင်လဲ အအေးကိုကာကွယ်နည်းရှိတယ်လေ ဒါက ဘရန်နီလေ ကျုပ်နေတဲ့အိမ်ရှေ့မှာ ဈေးဆိုင်ရှိတော့ အဆင်ပြေသား ဒါနဲ့ ပါလာတဲ့ လ္ဘက် နဲ့ ဘရန်နီ နဲ့ နပါးသွားလိုက်တာ အဆင်ပြေသွားတယ် ၊ညကသောက်လိုလား ဒါမှမဟုတ်ခရီးပန်းလိုလား ရာသီဥတုအအေးကြောင့်လားမသိ အိပ်ပျော်သွားတာ မနက် ၉ နာရီမှနိုးတော့တယ် ၊ နီုးတာနဲ့ ကော်ဖီသောက် ကိုယ်နေတဲ့အိမ်ကို စပ်စုတော့တာဘဲ အာလုံးက ပုံပန်ပါဘဲ ထူးခြားတာကတော့ နံရန်မှာ ချိုပ်ထားတဲ့ ပန်းချီပုံလေ တော်တော်လက်ရာမြောက်တာ ခလေးတစ်ယောက် အဝတ်နွမ်းနွမ်းလေး နဲ့ ငိုနေတဲ့ပုံလေး ငိုတာကလည်းအရမ်းငိုတာမဟုတ်ဘူး လွမ်းပြီးမျက်ရည်ကျနေတဲ့ပုံလေ၊ နေတဲ့မြို့နာမည်က Dronning Mølle တဲ့ မြန်မာလိုပြန်ရင်တော့ ဘုရင်မ ပန်ကာမြို့လေ၊ Dronning ဆိုတာက ဘုရင်မ Mølle ဆိုတာက ရဟတ် ပန်ကာပေါ့ ၊ ဒီမြို့လေးဟာ ဟစ်တလာ ဂျူးတွေကိုလိုက်သတ်တော့ ဒီတိုင်းပြည်က ဂျူးတွေကို အသက်ဘေးလွတ်မြောက်အောင် တဖက်နိုင်ငံကို ပို့ပေးတဲ့ကမ်းခြေမြို့လေးတနေရာပေါ့၊


                                                                           dronningmølle လေရဟတ်

ကျုပ်နေတာ ဒီရဟတ်ဘေးနာကအိမ်ပေါ့ ဒီရဟတ်ကို အစွဲပြုပြီး မြို့တည်းတာလေ ၊ ပြောမဲ့စကားတောင်ပျက်သွားပြီး ဒီပန်းချီးလေးဟာတော်တော် အသက်ဝင်တာလေ ဒါနဲ့ ညအိပ်ပြီးဆိုရင်တော့ အိမ်ကသစ်တွေကြောင့်လား ဘာကြောင့်လဲမသိ လမ်းလျှောက်သံလိုလို ကြားနေရတာ နေ့တိုင်းလိုလိုဘဲ ကျုပ်ကလည်း ရွဲ့တက်တဲ့လူဆိုတော့ ကွက်တိလေ ကျုပ်ကအိပ်တာက အောက်ထပ်မှာ ပေါ်ကအသံတွေကြားရတာပေါ့ ဒါနဲ့တနေ့ ညမအိပ်ပဲ ဆောက်ကြည့်နေတာ ည ၁၂ နာရီကျော်တော့ မီးလေးပိတ်ပြီး မှန်ကနေ အပြင်ကိုကြည်နေတာပေါ့ နင်းကလည်းဒီနေ့မှကျလိုက်တာ အပြင်ကြည့်တော့လည်း နင်းတွေကြီးဘဲ ဘယ်ကိုလွမ်းရမှန်တောင် မသိဖြစ်နေတာ ၊ ၁၂ နာရီကျော်တော့ အသံလည်းမထွက်တော့ပေါ်ကခလေးပြေးသလိုကြားလိုက်တယ် ဒါနဲမသင်ကာလိုပြန်နားထောင်တယ် ဟုတ်ပြီး လက်ဆက်သတ်တော့ ခလေးပြေးသံအစစ် ဒါနဲ့ကျုပ်လည်း အသာလေး တံခါးဖွင့်ပြီးတက်ကြည့်တယ် လှေကားနားရောက်တော့ အသံဘာမှ အကြားတော့ဘူး ပေါ်ကြည့်တော့လည်း ဘာမှမရှိ ဟဟဟားတွေ့ပြီး ဒီခလေးနဲ့ ငါ ဆိုပြီး လှေကားမှာထိုင်ပြီးစောင့်တယ် ၁ နာရီကျော် ကြာတယ် အသံကြားရဘူး ဒါနဲ့ကျုပ်လည်း အောက်ထပ်က အခန်းပြန်သွားပြီး အသံမထွက်ဘဲ စောင့်နေတယ် နာရီဝတ်လောက်ကြာတော့ ဒီခလေးပြေးပြန်ပြီး ပြန်သွားကြည့်တော့ အသံတိပ်သွားရော ၊ ဒါဆိုတွေးတာနဲ့ သေခြာပြီး ၊ ပြန်အိပ်တော့မယ်ဆိုတော့ ၄ နာရီထိုးတော့မယ် ၊ အပြင်မှာလည်း နင်းကကောင်းနေလိုက်တာ တဖွဲဖွဲ ၊ နေ့ခင်း ၁၁ နာရီနိုးတော့ ချက်ပြုတ်စာပြီး ဒီအိမ်အကြောင်း အင်တာဗျူးစပြီး မေ့နေလို ကျုပ်နဲ့ ဒီအိမ်ကြီးမှာ အတူနေတာ ၂ ယောက်ရှိတယ် ကျုပ်အပါအဝင် ၃ ယောက်ပေါ့ ၊ သူတို့လည်း ကိုရွှေတွေလေ ၊ ရောက်တာက အတူတူလောက်ပြောလိုရတာပေါ့ ၊ သူတို့က အပေါ်မှာနေတယ် ကျုပ် တစ်ယောက်တည်း အောက်မှာနေတာလေ ၊ မိုးလင်းတော့ သူတို့ကိုမေးတယ် ညကဘာထူးလဲပေါ့ သူတို့လည်းပြောတယ် အသံတွေကြားရတယ်တဲ့ အိပ်ခြင်လိုလားမသိ ခဏကြားပြီး အိပ်ပျော်သွားတာဘဲတဲ့ ကျုပ်လည်း ညကအကြောင်းစုံကိုပြောပြတော့မှ သူတို့လည်းလန့်သွားတယ် ကျုပ်နဲ့ အတူနေတဲ့ တစ်ယောက်ကဘာပြောလဲဆိုတော့ ဒါဆိုရင်ညနေစောင်းရင် မော့ပြီးမှအိပ်မယ်တဲ့ ဒါမှဒီကောင့် ရန်ကအေးမှာတဲ့၊ ကျုပ်တို့ ၃ ယောက်က ဒီခလေး ပန်းချီပုံ အခုထိလုံးဝမဖြုတ်တာ ကျုပ်သာ အိမ်တွေပြောင်းသွားတယ် ဒီအိမ်မှာ အခုထိ ဒီပန်းချီ ကားလေးကရှိတုံးလေ ၊

                                                                    dronnimgmølle ကမ်းခြေ
`                                                                   ကမ်းခြေမှာ ရေခဲချောင်းရောင်းတာလေ

  DronningMølle ဒီမြို့လေးက လူတွေက အသက်ကြီးတဲ့လူတွေနေတာ များတယ် ဒီမြို့လေးဟာ မနက် ၉ နာရီဆိုင်ဖွင့်တာနဲ့ ပုလင်းသံတွေ ဆူညံနေတာ ညနေဆိုင်ပိတ်တဲ့ အထိပေါ့ ၊ နွေရာသီ ဆိုရင်တော့ တော်တော် သာယာတဲ့မြို့လေးပါ ယူရို နိုင်ငံတွေက လူတွေက လာပြီးအနားယူတဲ့ မြို့လေးပေါ့ ကမ်းခြေလည်း လှတယ် ကျယ်လည်းကျယ်တယ်လေ နွေရာသီဆို ည ၁၀ နာရီ ၁၁ နာရီမှ နေဝင်တာဆိုတော့ နေဝင်တာကိုလာကြည့်တဲ့ သူတွေကလည်းများတယ်၊ ယူရိုနိုင်ငံတွေမျာက နွေရာသီ အချိုန်လေး နေလိုထိုင်လိုကောင်းတာ ဆောင်ရာသီဆိုရင်တော့ ပြေးချင်တယ်၊ ဒါကြောင့်မို့ ဒီနိုင်ငံတွေမှာ လူတွေအများဆုံး ဖြစ်တဲ့ရောဂါက စိတ်ကျ ရောဂါ နဲ့ ကင်ဆာ ပါ။
   
                                                         နွေရာသီအနားယူ၍ နေပူခံနေသူများ
                                                            အနားယူ၍ နေရောင်ခံနေသူများ
ဒါနဲ့ ကျွန်ုပ်လည်း ဒီအိမ်ကြီးမှာ ၂ နှစ်လောက်နေပြီး ESRUM လိုခေါ်တဲ့ မြို့လေးတစ်မြို့ကို ပြောင်းသွားတယ်၊ အသစ်ပြောင်းသွားတဲ့ ESRUMှဆိုတဲ့မြို့က VILLS ROSA အိမ်မှာနေတယ်လေ ၊ ဒီအိမ်ကတော့ နှစ်ပေါင်း ၁၀၀ လောက်ရှိပြီးလေ ဒီအိမ်ကြီးကလည်း ရာဇဝင်ရှိတယ် ၊ နောက်မှ ဒီမြို့ နဲ့ အိမ်အကြောင်းရေးပါမယ်၊

ကျေးဇူး

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊