Monday 13 February 2012

*****ဖေဖော်ဝါရီ ၁၄ ချစ်သူများနေ့မှာအပျိုစင်ဂုဏ်နဲ့မလဲစေချင်****

 
ချစ်သူများနေ့ဆိုတာလူငယ်တွေကြားမှာတော်တော်ကို ခေတ်စားလာပါတယ်။ချစ်သူများနေ့မှာတော့ ပန်းစည်းတွေ ပေးတာ၊ ချောကလက်ကျွေးတာ၊ ပို့စ်ကတ် လဲလှယ်ကြတာ စတဲ့ အလေ့အထတွေကတော့ ပိုများလာတာ တွေ့ရပါတယ်။ အနောက်တိုင်းယဉ်ကျေးမူကစတင်ခဲ့တဲ့ချစ်သူများနေ့ကခုဆိုရင်
မြန်မာနိုင်ငံတစ်ဝှမ်းလူကြီး၊လူငယ်တွေကြားထဲတော်တော်ကိုလွမ်းမိုး လျှက်ရှိပါတယ် ၊ချောကလက်ပေးတာ၊ပန်းစည်းပေးတာ၊ကတ်ပေးတာထူးဆန်းစရာမဟုတ်ပေမယ့်

အဲဒီနောက်ကွယ်က လက်ဆောင်တွေရဲ့နောက်မှာ..မြန်မာမိန်းကလေးတွေရဲ့ အပျိုစင်ဂုဏ်တွေ ပျောက်ကွယ်သွားကြတာတော့ ရင်လေးစရာပါပဲ။

Living together ဆိုတာ နိုင်ငံခြားမှာသာကြားဖူးတာ အခုတော့ မြန်မာနိုင်ငံမှာပါ ကူးစက်လာတာမြန်မာအပျိုစင်  မိန်းကလေးတွေအတွက်ရင်လေးစရာ၊မိဘများအတွက်ရင်နာစရာတစ်ခုပါပဲ။

****************************************************

ချစ်သူများနေ့မှာကိုယ်ရဲ့ အပျိုစင်ဂုဏ်၊ လူပျို ဘ၀ကို စွန့်လွှတ်ပြီး အဲဒီနေ့မှာ ချစ်သူနဲ့ အတူတူ မရင်းနှီးသင့်တဲ့ဘ၀တစ်ခုကို စတင်ကြမယ်ဆိုတဲ့ အလေ့အထ မြန်မာပြည်မှာ ရှိနေပြီ ဆိုတာပါပဲ။လူငယ်တွေတော်တော်များများကချစ်သူများနေ့မှာ
သာမန်နေ့တွေမှာထက် ချစ်သူများနေ့မှာ စုံတွဲတွေ အတူ အိပ်ကြတာ အဓိပ္ပာယ် ပိုရှိတယ်၊

ပိုပြီးလေးနက်မှုကို ပြတယ်လို့ ဆိုကြတယ်။အခုခေတ်မှာ လူငယ်တွေတော်တော်များများက အတူတူနေတဲ့ကိစ္စကို ပွင့်လင်းတယ်လို့ မြင်လာလက်ခံလာပြီး ဆယ်ကျော်သက်တွေ အ လယ် ချစ်သူတွေ

သဘာဝ တခုလို့ လက်ခံထားကြတယ်။

************************************************


ချစ်သူများနေ့ဟာ အနောက်နိုင်ငံက အစပြုခဲ့တဲ့ယဉ်ကျေးမူပါ၊ မြန်မာ့ယဉ်ကျေးမှု မဟုတ်ပါဘူး။

ချစ်သူတွေ အချင်းချင်း လက်ဆောင်တွေ ဖလှယ်ကြတာ၊ ပန်းကလေးတွေပေးတာ၊ချောကလက်တွေပေးတာ

အရုပ်တွေပေးတာက ကြည်နူးစရာကောင့်ပေမယ့်မြန်မာယဉ်ကျေးမှုနဲ့မအပ်ဆက်တဲ့ Living together ဆိုတာလုံးဝမဖြစ်သင့်ပါဘူး။စောင့်ထိန်းနိုင်ခြင်းတန်ဖိုး၊ မိန်းကလေးတယောက် သိက္ခာ၊အရှက်တရား တန်ဖိုး၊ ယောကျာ်းတယောက်စောင့်ထိန်းသင့်တဲ့ကျင့်ဝတ်၊မြန်မာယဉ်ကျေးမှု ဓလေ့စရိုက်တန်ဖိုးတွေနဲ့

ပြည့်စုံနေတဲ့ အပျိုစင် ၊လူပျိုဆိုတဲ့ ဂုဏ်လေးကို မြန်မာ မိန်းကလေးတွေကစောင့်ရှောက်သင့်သလို

၊ယောကျာ်းလေးများကလည်းမြန်မာယဉ်ကျေးမူကိုဂုဏ်ယူစွာနဲ့စောင့်ရှောက်ထိန်းသိမ်းစောင့်ရှောက်သင့်ပါတယ်။

**************************************************************

ကိုယ့် ယဉ်ကျေးမှုဆိုတာကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည်လည်းမင်္ဂလာတစ်ပါးပါပဲ။

ကိုယ်ချစ်သူကိုချစ်တယ်ဆိုတာအပျိုဂုဏ်၊လူပျိုဂုဏ်ကိုပေးဆပ်မှချစ်တာမဟုတ်ပါဘူး
နိုင်ငံ တ၀န်းလုံး ကျင်းပနေတဲ့ ချစ်သူများနေ့ဆိုတာ အနောက် နိုင်ငံတွေမှာ ဓလေ့တခုလို ဖြစ်နေပေမယ့် ကူးစက်ခံမြန်မာနိုင်ငံမှာလည်း ချစ်သူများနေ့ကို ပိုပြီး အမှတ်တရ ဖြစ်အောင်

ဖန်တီး ကြတာ တွေ့လာရပါတယ်။

ရောမ ခေတ်က ချစ်သူ ၂ ဦးကို တိတ်တဆိတ် ထိမ်းမြားပေးခဲ့တာကြောင့် သေဒဏ်ပေးခံရတဲ့ ဘုန်းတော်ကြီး St. Valentine ကို ဂုဏ်ပြုတဲ့အနေနဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ ကို ချစ်သူများနေ့လို့ သတ်မှတ်ခဲ့ကြပါတယ်။

အနောက်တိုင်း ယဉ်ကျေးမှုက မြန်မာ လူငယ်တွေရဲ့ ယဉ်ကျေးမှု၊အကျင့်စရိုက်ကိုပါ
စတင်ဖျက်ဆီးနေတာတွေ့ရတာရင်လေးစရာပါပဲ။ချစ်သူများနေ့ဆိုတဲ့နေ့ရက်တစ်ရက်အောက်မှာ

အပျိုစင်ဂုဏ်လေး၊လူပျိုဂုဏ်တွေမပျက်စေချင်။

နှစ်တိုင်းရောက်လာမယ့်ချစ်သူများနေ့ကိုရှားပါးတဲ့ဘ၀လေးနဲ့မလဲစေချင်။
အားလုံးအသိတခုရသွားရင်ကျေနပ်ပါတယ်

ဝေဖန်မူများကိုလက်ခံပါသည်။

ကြိုးစားနေဆဲ

ရှင်းသန့်မေ


--
စက္ကန့်တိုင်း ပြေးလွှားနေတာ သတိထားပါ
အချိန်စက်ဝန်းက သင့်ကို အဖက်မလုပ်တတ်ဘူး
ဒီနေ့အတွက် လက်မထောင်နိုင်အောင် ကောင်းမှု တစ်ခု သင်ပြုပါ
နောက်နေ့အတွက်သည် နောက်နေ့ ဖြစ်လာမဲ့သင့်အတွက်မို့
ဒီနေ့ သင်ဟာ ဒီနေ့အတွက်ပဲ ဖြစ်တယ်ဆိုတာကို လုံးဝ မမေ့နဲ့ ။
http://barnay.wordpress.com
 

http://goo.gl/S1sYv
 

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊