Thursday 26 April 2012

ကမ္ဘာရှက်စရာကြီး နေပြည်တော်ဝန်ငတုံးတို့ခင်ဗျာ။

                                                  

   ဒီနေ့ ဖတ်လိုက်ရတဲ့ သတင်းလေး တစ်ပုဒ်က တော်တော်ရီဘို့ကောင်းသလို စိတ်ဓါတ်ကျ ဘို့လည်းကောင်းတယ် ၊ ဘာသတင်းလဲဆိုတော့ မဇ္ဈိမ ကတက်လာတာ ...... 

တရုတ်ထံ ရောင်းပြီး လျှပ်စစ် ပြန်ဝယ်မည်ဟု ရန်ကုန် လျှပ်စစ်ဝန်ကြီးဆို  ... 

ပြောချင်တာက မြန်မာပြည်က ဝန်ကြီးတွေ ၁၀ တန်းတောင် အောင်ရဲ့လားမသိ ၊ ဘာတွေလုပ်နေလဲမသိ၊ ကမ္ဘာမှာ ဘယ်သူမှ မလုပ်တာကို ဒို့နိုင်ငံက ဝန်ကြီးငတုံးတွေက ဂုဏ်ယူပြီးလုပ်နေပြီ ၊ ကိုယ့်နိုင်ငံက တွက်တဲ့ လျှက်စစ်ကို တရုတ်ကိုရောင်းပြီး ၊ စောက်တရုတ် ဆီက ကိုယ်ကပြန်ဝယ်ရတယ်လို အော်... ကြားရတာ နားဝမချမ်းသာဖြစ်နေပြီ မောင်ဝန်ကြီးငတုံးတွေရယ် ၊ ဒါတောင်ပြောသွားသေးတယ်...... 

အမှတ် ၁ လျှပ်စစ် ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း က “ကျနော်တို့ နိုင်ငံမှာ အခုမဂ္ဂါဝပ် ၁၅၀၀ ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။ အဲဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် market ရဲ့သဘောအရ ရောင်းစားရမှာပေါ့” ဟု ၂ဝ၁၁ ခုနှစ် စက်တင်ဘာက နေပြည်တော် သတင်းစာ ရှင်းလင်းပွဲတခုတွင် ပြောဆိုခဲ့ဖူးသည်။



ဟဟဟဟားသိပ်ရီရတဲ့ စကားလုံးတွေ ၊ တစ်နိုင်ငံလုံး နာရီ ၁၅ နာရီတောင် မီးမပေးနိုင်တာ ၊ ပိုလိုဆိုဘဲ ... ကဲအခုတော့ နိုင်ငံအရပ်ရပ်မှ ကြားလိုကောင်းရဲ့လား စဉ်းစားပါဦး ၊ ကိုယ့်တိုင်းပြည်ကထွက်တဲ့ သယံဇာတတွေကို အကုန်လုံးရောင်း ရတဲ့ငွေတွေကို အိပ်ထဲထည့်တယ် ၊ ပြည်သူတွေကတော့ ငတ် ၊ ပြီးတော့ အရှက်မရှိတဲ့ မျက်နှာတွေနဲ့ တိုင်းပြည်မှာ  ၁၁ ဘီလီယံ အကြွေးတင်တယ်တဲ့ ၊ အလကားနေရင်း ပြည်သူတွေက တစ်ယောက်ကို အကြွေး ဒေါ်လာ ၂၀၀ တင်သွားပြီ ၊စဉ်းစားကြပါဦး ဝန်ငတုံးတွေရယ် ၊

အခုလွတ်တော်ရောက်နေတဲ့ ကိုကို ဝန်တွေက ဘာတွေလုပ်နေကြလဲ ၊ ကြည့်ပြီးလုပ်ကြဦးနော် ၊ ရွှေမန်းတင်မောင် ဇတ်အဖွဲထဲက ဝန်ကြီးတွေဖြစ်ကုန်ဦးမယ်။

ရန်ကုန်တိုင်းအစိုးရ လျှပ်စစ်ဝန်ကြီး ဦးဉာဏ်ထွန်းဦး ၊ ပြည်တောင်စုဝန်ကြီး ဦးဇော်မင်း တို့ရေ ပြာချင်တာကတော့ခင်များတို့လျှက်စစ်ဝန်ကြီးလုပ်နေတာ၊လျှက်စစ်အကြောင်းရေ ကောင်းကောင်းသိရဲ့လား
သန်းရွှေကို ဖားပြီးဝန်ကြီးဖြစ်တာလား  ရွှေမန်းတင်မောင် ဇတ်ထဲက ဝန်ကြီးတွေက ခင်များတို့ထက်သာတယ်နော် ၊ ကိုယ့်အရည်းချင်းကိုယ်သိရင် တော့ရှက်တက်ပါ ။


                               မြန်မာ့အလင်းသတင်းစာမှာ ရေးထားတာမှားနေတယ် ။ပြန်ပြင်ပေးလိုက်မယ် တရုတ်နိုင်ငံ အကျိုးကို ၂၄ နာရီပတ်လုံး သယ်ပိုးနေသော ဘီလူးချောင်း အမှတ် ၂ ရေအားလျှက်စစ်ဓာတ်အားပေး စက်ရုံ။
 
မူရင်သတင်း.. http://www.mizzimaburmese.com/news/inside-burma/9261-2012-04-25-11-15-24.html
                  http://www.weeklyeleven.com/index.php?option=com_content&view=article&id=13293:2012-04-25-19-15-21&catid=42:2009-11-10-07-36-59&Itemid=112

 

 

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊