Monday 27 January 2014

ဟိုရေး ဒီရေး ၂



     မောင်ချစ်လက်တလောနေတဲ့ တိုင်းပြည်လေးက ယဉ်စည်းကမ်း လမ်းစည်းကမ်း လေးတွေ
အကြောင်း ဗဟုသုတအနေနဲ့ တင်ပြပေးပါမယ်၊ ဒီဘက်တွေမှာတော့ အားလုံးသူ့စည်းကမ်း နဲ့ သူပေါ့ ယဉ်ကလည်း ယဉ်စည်းကမ်း လမ်းကလည်း လမ်းစည်းကမ်းလေး တွေရှိတော့ မဖြစ်သင့်တာတွေ မဖြစ်တော့ဘူးပေါ့ ၊ ဒီဘက်မှာတော့ လမ်းတွေကိုသေချာ ပြုပြင်တယ် အလယ်တကူ ဘယ်တော့မှမလုပ်ဘူး အဓိက အမြန်လမ်းမတွေကို ပိုပြီဂရုစိုက်ပြီး လုပ်ကြပါတယ်၊

                                  အမြန်လမ်းခင်းနေတာပါ
                               လမ်းကိုစနစ်တကြဖေါက်နေတာပါ

 အမြန်လမ်းမှာတော့ လမ်းရဲ့အခြေနေပေါ် မူတည်ပြီ ကားရဲ့အမြန်နူံးကို မောင်းဖို့ မည်သည့်လမ်းမဆို ကားလမ်းမဲရဲ့ ဘေးတဖက် ဆိုင်းဘုတ် တွေပြထားပါတယ် ၊ မြို့တွင်းဆို ၅၀ ကီလိုမီတာ ၊ မြို့ပြင်ဆို ၈၀ ကီလိုမီတာ ၊ ဟိုင်းဝေးဆို ၁၀၀ ၊ ၉၀ ၊ ၁၁၀ ၊ ၁၂၀ ၊တွေသက်မှတ်ပြီး မောင်းစေပါတယ် ၊ ဒါကလည်း အန္တ၇ယ် မဖြစ်အောင်လိုပါ ၊ ဒီလို စည်းကမ်းလေးတွေကိုတော့ ယဉ်မောင်းသင်တန်းစတက် ကတည်းက သင်ကြားပေးပါတယ် ၊ ဒီလို အောင်မြင်မှ ယဉ်မောင်လိုင်စင် ရတာပါ။

     ၁ ကနေ ၆ အထိ အောင်မြင်မှ kørekort ဆိုတဲ့ ယဉ်မောင်းလိုင်စင် ရမှာပါ။


                                  ယဉ်မောင်းလိုင်စင်


လမ်းတွေမှာဒီလိုပုံလေးတွေနဲ့ ကြည့်ပြီး ယဉ်မောင်းရတယ်။
 ဒါကတော့ ဒီနိုင်ငံကိုဝင်ရင် ဒီနိုင်ငံရဲ့ လမ်းဥပဒေ 


     ယဉ်မောင်းတွေဟာ သက်မှတ်ထားတဲ့ ဥပဒေတွေကို လိုက်နာမူ့မရှိရင်တော့ ဒဏ်ငွေ သို့မဟုတ် လိုင်စင်ပါအပြီး သိမ်းသွားတက်ပါတယ် ၊ ယဉ်မောင်းရင်း အရက်မသောက်ရပါဘူး၊ သောက်ချင်ရင်တော့ ဘီယာတစ်လုံးသောက်လို့ရပါတယ် ၊ အပြင်စားဘီယာတော့မဟုတ်ပါဘူး အရက်ပါစင့် ၄.၅ လောက် ရှိရင် ရပါတယ်၊ အရက် လွန်ကျွန်အောင် သောက်တဲ့သူ ဆေးကောင်းပြီးမောင်းတဲ့သူ ကတော့ ရဲစစ်တာတွေ့ရင်တော့ 
လိုင်စင်အပြီးသိမ်းသွားပါတယ် ၊ လိုင်စင် အပြီးသိမ်းသွားရင်တော့ နောက်ထပ် ၃ နှစ် သို့ ၄ နှစ်မှ အစအဆုံး လိုင်စင်ပြန်ရှောက်ရပါတယ် သူ့အတွက်တော့ ချန့်သိပ်မရှိတော့ဘူးပေါ့ ဘာလိုဆိုတော့ သူဟာ ဥပဒေကို ဖောက်ဖျက်ထားလို့ပါ။








                ရဲကားထဲမှာ ကားအမြန်နှုံးတိုင်းတဲ့ စက်ပါထည့်ထားတာပါ လိမ်လိုမရပါဘူး။

  အမြန်လမ်းမ မှာတော့ ကိုယ်သွားမဲ့မြို့တွေကို လမ်းတွေရဲ့ ဘေးတဖက်မှာ ဆိုင်ဘုတ်တွေ ပြထားပါတယ် အကယ်၍လမ်းမှား ပြီးဆိုရင်တော့ ပြန်ထွက်ဖို့တော့ သိပ်မလွယ်လှပါဘူး။














                 ကိုယ်သွားမဲ့ လမ်းကိုပြထားတာပါ အမြန်လမ်းနံပတ်တွေပေါ့






 မောင်ချစ်အပြုသဘောပြောချင်တာကတော့မောင်ချစ်တို့အမိမြေမှာကွန်ကရစ်ခင်းကောင်းတာ
ရယ် ယဉ်မောင်းတွေက စည်းမရှိတာရယ် ၊ ကညန က ပိုက်ဆံရရင်ပြီရော စည်းကမ်းကို တင်းကြပ်စွာ မလုပ်တာရယ် ၊ အစိုးရကိုယ်တိုင်က မသိတာရယ် ၊ မသိတာမတက် တာတွေအားလုံး လုပ်လိုက်တော့ မြန်မာနိင်ငံမျာ တစ်နေ့ကို ယဉ်ကြောင့် ၂ ဦးနီးပါးသေနေ တာကြားနေရတာ စိတ်မကောင်းပါဘူးဗျာ၊ ဒီဘက်နိုင်ငံတွေမျာတော့ တစ်နှစ်ကို ၂ ဦး ၃ ဦးလောက် သေတာပါ၊ ဒါကလည်း ဆောင်းရောက်ရင် နှင်းတွေများပြီး ကားမှောက် တာလောက်ပါ။












     
  ယဉ်အန္တရယ် ကင်းဝေးပါစေဗျာ။






  






No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊