Saturday 26 July 2014




 နိုင်ငံခြားရောက် ကျွန်တွေတဲ့လား
ခပ်ငေါ့ငါ့ပဲ ဖြေလိုက်ပါ့မယ်
ကျွန်ဖြစ်ဖို့အတွက် လွယ်တယ်ထင်သလား?
နုပျိုခြင်းတွေ ငွေနဲ့လဲရဲမှ။
မိမရှိဖမရှိ ဆွေမရှိမျိုးမရှိနေရာမှာ နေရဲတဲ့ ဇရှိမှ။
နေမကောင်းလို့ မထနိုင်တောင် ဖေးမမယ့်သူမရှိလို
့ ဆေးတခွက်သောက်ဖို့ကအစ
 ကိုယ်ထူ ကိုယ်ထနိုင်အောင် အားရှိမှ။
မြန်မာဆိုရင် မချဉ်စေဖို့ နေတတ်အောင်နေရတဲ့
 နိုင်ငံ့တာဝန်သေးသေးလေး 
ထမ်းရဲတဲ့ သိတတ်မှု ရှိမှ။
ဘာသာစကား အခက်အခဲ ချွေးပြန်ရတဲ့ ကြားထဲ 
အထင်သေးမျက်လုံးတွေကြား အားခဲရဲမှ။
ငွေရရက်လေးတရက် ပျော်ဖို့အရေး တလလုံး ကျိတ်မှိတ်သည်းခံစိတ်ရှိမှ။
စားဖို့ပိုက်ဆံရှိတောင် စားချင်တာတွေ ဝယ်မရတဲ့ အာသာမပြေအရပ်မှာ ငတ်ရဲမှ။
အဝေးက အယောင်ဆောင် ရိုးရာပွဲတွေမှာ အဆာပြေရုံ ကျေနပ်ရဲမှ။
ဒီ ဇ တွေ မရှိရင် ကျွန်ဖြစ်ခွင့် မရှိဘူး။
သူများဆီက ခိုးစား၊ ခေါင်းပုံဖြတ်နေကြတာလဲ မဟုတ်ဘူး။ 
ကိုယ့်လုပ်အားနဲ့ ကိုယ် ကြိုးစားတဲ့ဘဝမှာ ကျွန် လို့ ခေါ်ရက်သလား???
ငါတို့ ရိုးသားမှုရှိရင် သခင်ပဲ။
လက်ညှိုးထိုးတတ်သူသာ.....။ ။

Credit cho cherry
ရှင် မယ် ကွန်. feeling tired

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊