Friday 18 February 2011

ရိုးရိုးကြီး ဇေယျဟူသော အမည်ဖြင့် မီဂါစတား ဇာတ်ဆောင် ဖြစ်ခဲ့သူ 2

ရိုးရိုးကြီး ဇေယျဟု ကျော်ကြားလာချိန်တွင် ဆေးတံကို ခဲ၍ ရိုးသားပြီး အနစ်နာ ခံရသော တည်တည်ကြည်ကြည်နှင့် ဣနြေ္ဒရရ သရုပ်ဆောင်ရမည့် ဇာတ်ကွက် ဇာတ်လမ်းမျိုး၊ လယ်သမား၊ စစ်ဗိုလ်၊ ဆရာဝန်၊ ၀တ်လုံ စသည့် ဇာတ်ကောင် ရုပ်တို့နှင့်လည်း လိုက်ဖက် ညီသူဟု သတ်မှတ်ခဲ့ကြသည်။ အထက်တွင် ဖော်ပြခဲ့သော ဇာတ်ကွက် ဇာတ်လမ်းနှင့် ဇာတ်ကောင်ရုပ်မျိုး ဆိုလျှင် ဒါရိုက်တာတိုင်းက သောက်) သံစုံသွင်း၊ ဗြိတိသျှဘားမား (ကြောင်နက်) ၊ သံစုံသွင်း အေ၀မ်း ဖလင်မှ (အောင်ဆုပန်)၊ အောင်ဝင်း ဘရားသားမှ (ချစ်သက်နှစ်လီ) စသည့် ဇာတ်ကားများပင် ဖြစ်သည်။

အသံထွက် ခေတ်သို့ အပြီးတိုင် မကူးပြောင်းမီ ရိုးရိုးကြီး ဇေယျ ပါဝင်ခဲ့သော အသံထွက် ဇာတ်ကားတို့၏ ၀င်ငွေများမှာ အချို့စူပါ ရရှိသလို၊ အချို့ဆိုလျှင် စူပါ့စူပါ ၀င်ငွေ ရရှိသော ရုပ်ရှင် ဇာတ်ကား များလည်း ရှိခဲ့သည်။ ဥပမာ- ဗြိတိသျှဘားမား ရုပ်ရှင်မှ ဒါရိုက်တာ စာရေးဆရာ ဦးသုခက ဇေယျ၊ ကျော်ဆွေ၊ မေသစ်၊ မြင့်မြင့်ခင် တို့နှင့် ရိုက်ကူးပြီး ၆-၂-၅၃ ရက်နေ့တွင် သွင်ရုံမှာ တင်ဆက်သော (သည်ဆောင်း ဟေမာန်) သည် စူပါ့စူပါ ၀င်ငွေ ၁၇၁၂၀၀
ကျပ် ရရှိခဲ့၏။ ဗြိတိသျှ ဘားမား ရုပ်ရှင်မှ ဒါရိုက်တာ ချစ်ခင်က (ချစ်ပန်းသဇင်)အား ဇေယျ၊ မြင့်မြင့်ခင်၊ မေရီမြတို့နှင့် ရိုက်ကူးကာ ၃၀-၄-၅၄ တွင် သွင်ရုံမှာ တင်ဆက်ရာ စူပါ့ စူပါဝင်ငွေ ၂၂၂၉၁၀ကျပ် ရရှိသည်။ ယင်းဇာတ်ကားနှင့် ပတ်သက်၍ ထိုစဉ်က သတင်းစာ ဆရာကြီးများက အောက်ပါအတိုင်း ရေးသားခဲ့၏။

ချစ်ပန်းသဇင် အသံထွက် ဇာတ်ကားကြီးမှာ မြန်မာရုပ်ရှင် ပရိသတ် အတွက် ဂုဏ်ယူဖွယ်ရာ ဖြစ်သည်။ ၁၉၅၄ ခုနှစ် အတွင်း ထွက်ပေါ်ခဲ့သော မြန်မာ့ရုပ်ရှင် ဇာတ်ကားများတွင် ယနေ့အထိ ဤချစ်ပန်းသဇင် အသံထွက်သည် ထိပ်ဆုံးမှ အကောင်းဆုံး ဖြစ်နေသည်ဟု ဆိုရပေမည်။ ၁၉၅၄ ခုနှစ် အတွက် အကယ်ဒမီ ဆုကို ပထမဦးစွာ ချဲလင်း လုပ်လိုက်သော ဗြိတိသျှ ဘားမား ကုမ္ပဏီ၏ ဇာတ်ကားကောင်း တစ်ခုဖြစ်၏။

သမာဓိ သတင်းစာ။ ဗမာ့ ယဉ်ကျေးမှုများကို အခါ အားလျော်စွာ သရုပ် ဖော်ပြသွားကာ လယ်ယာမြေ ပြဿနာနှင့် မြန်မာများ၏ စိတ်နေ သဘောထားကို အဓိက ထား၍ ဖော်ပြထားသည်မှာလည်း မှတ်သား လောက်ပေသည်။

မြန်မာ့ အလင်း သတင်းစာ။
ချစ်ပန်း သဇင်သည် ဇာတ်လမ်းအားဖြင့် ရိုးရိုးကလေး ဖြစ်သော်လည်း ဗမာ့ သဘာဝကို သရုပ်ဖော် ထားပုံက အလွန်ပင် အနုပညာ မြောက်သဖြင့် ကြည့်ရသူတို့ အဖို့ အီ၍ ဆိုင်းမနေ ကြည့်၍ ပီတိဖြစ်ရင်း ခံစားမှု အပြည့်အ၀ ရရှိသည်။

ဟံသာဝတီ သတင်းစာ။
ရိုးရိုးကလေးနှင့် ဆန်းနေသော ချစ်ပန်းသဇင်ဟု တမ်းတ မိပါတော့သည်။

မဏ္ဍိုင် သတင်းစာ။
ချစ်ပန်းသဇင် ဇာတ်ကားသည် လယ်သမားများ၏ ဓလေ့နှင့် အပြောအဆို အမူအရာကို သဘာဝ ကျကျ ရိုက်ကူး ထားသည်ကို တွေ့ရကြောင်း။

ရန်ကုန်သတင်းစာ။
(ယင်းဇာတ်ကားတွင် ဇေယျနှင့် မြင့်မြင့်ခင်တို့သည် ရိုးသားသော တောသူတောင်သား လယ်သမား ဇာတ်ကောင် စရိုက်ကို ပီပြင်အောင် သရုပ်ဆောင်ခဲ့ကြ သည်ကို ကြည့်ရှု မှတ်သားမိ၏။ ချစ်ပန်းသဇင် ဇာတ်ကားကို ၁၉၅၅ ခုနှစ်တွင် ထိုစဉ်က ဆိုဗီယက် ရုရှားနိုင်ငံသည် စတာလင်ပေါင်၂၀၀၀ ဖြင့် ၀ယ်ယူသွားသည်။)

အေ၀မ်းဖလင်မှ ဒါရိုက်တာ ဦးဘရှင်က ဇေယျ၊ ခင်မောင်၊ မေရီမြင့်၊ ဦးဘချစ်၊ ဦးဘရှင်၊ ရင်ရင်ရွှေတို့နှင့် (ဖာတစ်လုံး ခေါင်းကျား) ကို ရိုက်ကူးပြီး ၃-၉-၅၄ တွင် အိတ်ဆယ်စီရာနှင့် ရောက်စီ (Roxy) ရုံတို့မှာ ပြသရာ စူပါ့ စူပါဝင်ငွေ ၂၀၅၉၆၂ ကျပ် ရခဲ့၏။ ဗြိတိသျှ ဘားမားရုပ်ရှင်၊ ၀တ္ထု ဇာတ်ညွှန်း ဒါရိုက်တာ စာရေးဆရာ ဦးသုခ၏ (သြော် မိန်းမ)တွင် ဇေယျ၊ ဖိုးပါကြီး၊ မြင့်မြင့်ခင်၊ ဦးကျော်သောင်း၊ ချစ်တင်ကြီး၊ ဒေါ်ဖွားနှစ်၊ ဦးဘိုးထွား၊ တင်နုမေတို့ နှင့် ရိုက်ကူးပြီး ၁-၁၀-၅၄ တွင် သွင်ရုံမှာ ပြသရာ စူပါ့ စူပါဝင်ငွေ ၃၃၁၈၆၆ ကျပ် ရရှိခဲ့သည်။ သူသည် ယင်းဇာတ်ကားတွင် ဆရာဝန် ဇာတ်ကောင်ရုပ်ကို ပုံဖော်သွားရာ သူ၏ သရုပ်ဆောင်မှုနှင့် ပတ်သက်၍ စူပါ ရုပ်ရှင် ဝေဖန်ရေး ဆရာ စံရှား (ရုပ်ရှင်မျက်မှန်)က အောက်ပါ အတိုင်း ချီးကျူး ရေးသားခဲ့၏။

သူ၏ တည်ကြည်ရိုးသား ဖြောင့်မှန်သော မူလပင်ကိုယ် ရုပ်ရည်၊ တည်ကြည် ခန့်ညားလှသော ဆရာဝန် သမာဓိ ရှိသော အလုပ်ဖြင့် အထူး ပဏာ ရလှပါသည်။ သူ၏ သရုပ်ဆောင်မှု၊ လုပ်ကိုင်မှုများမှာ အခန်းတိုင်းမက လက်ဘဲ နိုင်နင်း ခန့်ညားစွာ သရုပ်ဆောင် သွားနိုင်ခဲ့သည်။ သူဌေး သမီးမာနခဲ ဘေဘီ(မြင့်မြင့်ခင်) ပါးရိုက်လိုက်သဖြင့် ငိုင်သွားသော အခန်းမှာ ဇေယျအတွက် အကောင်းဆုံး အခန်း၊ အမိဆုံး အကွက် ဖြစ်ခဲ့သည်။ ဟူ၍ပင်တည်း။ ဘီဝမ်းဖလင်၊ ဒါရိုက်တာ မောင်လှတင်က ဇေယျ၊ မေမြင့်၊ မြင့်မြင့်ဌေး၊ ရွှေကို၊ ကျော်သောင်း၊ ဦးဘချစ်၊ မေမေ၀င်း၊ မြင့်ဖေ၊ ချစ်မောင်၊ ချစ်တင်၊ ဒေါ်လှိုင်တို့နှင့် (လှလေခက်လေ)ကို ရိုက်ကူးခဲ့သည်။ ယင်းဇာတ်ကားတွင် သူသည် ဦးဘချစ်၊ မေမေ၀င်းတို့၏ သားရိုး သားဖြောင့်မှန်သော သစ်တော အရာရှိ အဖြစ် ပါဝင်ခဲ့ရပြီး လှလေခက်လေမှ သူ၏သရုပ်ဆောင် သဘာဝ ကျပုံကို စူပါရုပ်ရှင် ဝေဖန်ရေး ဆရာ စံရံရှား (ရုပ်ရှင်မျက်မှန်)ကပင် အောက်ပါအတိုင်း ရေးသားခဲ့သည်။

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊