Tuesday 15 February 2011

ဒိန်းမတ်အကြောင်း (၁)

zaw gyi one

ပထမဦးစွာ ကျွန်တော်ပြောပြချင်တာ ဒိန်းမတ်နိုင်ငံအနေဖြင့် နေရေးထိုင်ရေး အခြေအနေဖြစ်ပါတယ်။ ဒိန်းမတ်နိုင်ငံရောက်ရောက်ခြင်း အစမှာအရမ်းကောင်းသလို ထင်ရပေမဲ့  ကြာလာရင်တော့  စိတ်ညစ်ရပါမယ်။ ဘာအတွက်ကြေင့် စိတ်ညစ်ရမလဲတိုရင်တော့......ဒုက္ခသည်အနေဖြင့် လာရင်ဆိုကြပါစို့။
ဒိန်းမတ်နိုင်ငံ ကိုရောက်ရောက်ခြင်း ကိုယ်နေဖို့အတွက် သူဒို့စီစဉ်ပေးပါတယ်။ ပြီးရင် သုံးဖို့အတွက် ပိုက်ဆံ ခရိုနာ(၂၀၀၀) ပေးပါမယ်။ပြီးရင်တော့ ရာသီဥတုအတွက် ခံနိုင်အောင် အဝတ်အစား တစ်စုံဝယ်ပေးပါမယ်။ ရောက်ရောက်ခြင်းတော့  ပျော်နေတာပေါ့။ ရုံးအဖွဲစည်းက  ပြောလိုက်တာထိုင် ကန်တော့ရမတက်.. ရောက်ပြီး (၃) ရက်လောက်ကြာရင်တော့ တွေ့ပြီ ဒိန်းမတ်ဥပဒေ အကြောင်းတွေ၊ ကိုယ်နေတဲ့ အိမ်ကိုပို့လိုက်တဲ့စာတွေ တလုံးမှ မဖတ်တတ်။ ဘယ်ဖတ်တတ်မလဲ ရေးထားတဲ့စာတွေက ဒိန်းမတ်လို အားလုံးရေးထားတာ အဲဒါစတွေ့တာဘဲ။ ပြီးရင်ရုံးကချိန်းလိုက်တဲ့စာ ရောက်မယ်။ ရုံးရောက်ရင် စကားပြန် တစ်ယောက်ပါမယ်..ဟဲဟဲဟဲ..ပြီးရင် တော့ပြောပြတော့မယ်  စပြောမဲ့စကားကို   စနားထောင် ကြည့်တော့  ကိုယ့်လူရေ..... စပြောမှာက  .... 
  • ၁     မင်းကို  ဒိန်းမတ်နိုင်ငံက နိုင်ငံသားအသစ် ဖြင့်ကြိုဆိုပါတယ်. . နိုင်ငံသားအသစ်ဆိုပြီး အထင်ကြီးမသွားနဲ့ဦး
  • ၂         (လက်ရှိအိမ်မှာနေရတာ အဆင်ပြေရဲ့လား.....လက်ရှိအိမ်ဆိုတာ မိသားနှင့်ဆိုရင်တော့ တအိမ်လုံး ပေါ့ တစ်ယောက်ထဲ သမားဆိုရင်တော့ အခန်းတစ်ခန်းပေါ့..တချို့ဆိုရင် အိမ်တလုံးထဲမှာ လူမျိုးခွဲတွေနဲ့ နေရတာ လွယ်တာမှတ်လို့။  စကားမတူ ဘာသာမတူ ။
  • ၃                 ဒိန်းမတ်စကားပြော စာသင်ကျောင်းကို မတက်မနေရတက်ရမယ် (၃) နှစ်အတွင်းပြီးရမယ် သူတို့ကျောင်းက  ( ၆)     တန်းထိရှိတယ်။ (နောက်မှ ကျောင်းအတွက် ပညာရေး အပိုင်းမှာဖေါ်ပြသွားပါမည်)။
  • ၄               ကျောင်းတက်သည့်အချိုန်အတွင်း ရုံးက ကား..ရထားအတွက် လမ်းစရိတ် နှင့် သုံးဖို့အတွက် လစာ ထောက်ပံသွားမည်၊ (လစာရတာကတော့ မြို့တစ်မြို့ နှင့် တစ်မြို့ရတာချင်းမတူပါ (၂၀၀၀) သို့ (၁၈၀၀) သို့   (၁၂၀၀) ကွာတက်ပါသည်)၊
  • ၅         လောလောဆယ်ရသည့်  လစာက (၅၀၀၀) ခရိုနာ.. အခွန်က ၃၇ % ဆိုရင် (၁၃၅၀) ဖြတ်လိုက်ပြီ။ ပြီးရင် အိမ်လခအတွက် (၂၅၀၀) နှုတ်လိုက်ရင်တော့ ရမည့်ပိုက်ဆံက (၁၁၅၀) ခရိုနာကျန်တော့မယ် ဆိုပြီးပြောတယ်။
  • ၆            လက်တလော လစာထိုင်စားသည့်အချိန်မှာ ရုံးကခိုင်းသည့်အလုပ်ကို ၁ ပတ် ၃ ရက် သွားရောက်လုပ်ရမည် (၁) ရက် ကို ၃ နာရီ.သို့..၄.နာရီသို့..၇..နာရီ
  • ၇           ယ္ခုနေထိုင်သည့် အိမ်စရံငွေအား အလုပ်တရားဝင်ရရှိသွားပါ ပြန်လည်ပေးဆပ်ရမည်.. အိမ်စပေါ်က အနည်းဆုံး (၃၀၀၀၀) ခရိုနာ ၊
  • ၈         ကျမ်းမာရေးအရ ကိုယ်ပိုင်ဆရာဝန်ရမည် သွားမကောင်းပါက (၁၀၀၀၀) ခရိုနာ အောက်  ဆေးကုသခွင်ရမည် (ကျမ်းမာရေး အတွက်ဆက်လက် ဖေါ်ပြသွားမည်)၊
  • ၉                 ဒိန်းမတ်နိုင်ငံတွင် (၇) နှစ်အတွင်း ပြစ်မှု့မရိုပါက  နိုင်ငံသားအတွက် မျှော်မှန်းချက် ရှိမည် .. အကယ်၍ ပြစ်မှု့ရှိပါက  စဉ်းစားရမည်၊ 
  • ၁၀                      ကျောင်းမတက်ပါက လစာကိုပြန်လည်နူတ်ယူမည်။
  • ၁၁             ဒိန်းမတ်နိုင်ငံရဲ့ ဥပဒေကို လိုက်နာပါမည်...(ဥပဒေ အကြောင်းကိုပြန်လည် တင်ပြပါမည်) ၊ဒိန်းမတ်နိုင်ငံရောက်ပြီး တစ်လနှစ်လအတွင်း ပေးရမှာကတော့ သုံးသုံးမသုံးသုံး DRလိုင်စဉ်းကြေး အဲဒီလိုင်စင်ကြေး (DR) ကတော့ပေးရပါမယ်။ DRဆိုတာက (TV..RADIO..COMPUTER) အခွန်တွေပါ အိမ်မှာရှိရှိမရှိရှိ ပေးရမှာဘဲ။ မပေးရင်တော့ ကိုယ့်ရဲ့လစာထဲကနှုတ်မှာ။ .ဟိ ဟိ ဟိ ဟိ ။....ဒါကတော့ ဒိန်းမတ်နိုင်ငံ ရဲ့ ဒုက္ခသည် တွေအတွက် အခြေခံဥပဒေ ပါ။  

      ဒိန်းမတ်နိုင်ငံ အတွင်းရောက်ရှိလာသော် ဒုက္ခသည် များအတွက် ပညာရေး

           ဒိန်းမတ်နိုင်ငံအတွင်း  ရောက်ရှိပြီဆိုရင် မြို့နယ်ရုံးမှ ဒိန်းမတ်စာသင်ယူဘို့အတွက် ဘာသာစကားကျောင်း သို့အရင်ဆက်သွယ်မည်။ ပြီးရင်မိမိနေထိုင်သည့် အိမ်သို့ဘာသာ စကား ကျောင်းမှ ကျောင်းတက်ဖို့အတွက် စာလာမည်။ ဘာသာစကားကျောင်းတွင် ကိုယ့်ရဲ့အခြေခံပညာ တက်ရောက်ခဲ့သည်  ပေါ်မူတည်၍ အဆင့် (၃) ဆင့်ခွဲထားသည်၊ အခြေခံ ပညာမတက်သူများ အတွက်တော့ အဆင့် (၁) တွင်တက်ရောက်ရမည်။ အခြေခံပညာ (၁၀)တန်း (သို့) ကောလိပ် ဒုတိယနှစ် ရှိသူများအတွက် အဆင့်(၂)တွင်တက်ရောက်ရမည်။ ဘွဲရပြီးသူများ ဆရာဝန်များ နက်(စ်)သင်တန်းပြီးသူများ အင်ဂျင်နီယာများ အတွက် အဆင့်(၃)တွင် သင်ကြားရမည်ဟု သတ်မှတ်ထားပါတယ်။ (မှတ်ချက်.... မြန်မာပြည်မှ(သို့)အာရှမှ ကျောင်းပြီးသွားသောဆရာဝန်များအင်ဂျင်နီယာများနက်(စ်)များ ရှေ့နေများ ကျောင်းပြီးသောလည်း  အောင်လက်မှတ် ရှိစေကာမူ ဒိန်းမတ်နိုင်ငံ အတွင်း လုံးဝ တရားမဝင်ပါ ၊ဒိန်းမတ်ကျောင်း အဆင့် (၃) သို့ (၂) အောင်ပြီးမှသာ ကိုယ်မှာရှိသော အောင်လက်မှတ် ပြ၍ ကျောင်းပြန်တက်ခွင့် သို့ အလုပ်လုပ်ခွင့် တင်ပြရမည်ဖြစ်သည် ရုံးကစစ်ဆေးပြီးမှ တက်ရောက်ခွင့်ရ မည် မရမည်မသေချာပါ။ ..     အကယ်၍ ရခဲ့လျှင် အတန်းအဆင့် ညှိပြီးမှတက် ခွင့်ရမည်)၊ ဘာသာစကား  ကျောင်းကို နှစ်တက်ရောက်ရမည်။
   ဒိန်းမတ်နိုင်ငံအတွင်း  ရောက်ရှိလာသော် ဒုက္ခသည်များအတွက် အလုပ်  
                      
           ဒိန်းမတ်နိုင်ငံအတွင်း နေထိုင်သည့် ကာလတရှောက်လုံး အလုပ်အတည်တကျမရသ၍ မြို့နယ် ရုံးမှာ အလုပ်ကို အခမဲ့လုပ်ကိုင်ရမည်။ သို့သော်တစ်နာရီ ၁၄ ခရိုနာဖြင့်လုပ်ကိုင်ရမည်။ တနည်းအားဖြင့် လုပ်အားပေးပေါ့ ၊ အလုပ်အတည်တကျ ရသွားပါက 

  •       ကိုယ့်အိမ်လစာ  ကိုယ်ပေးရမည် ။
  •       ရေးဘိုး  မီးဘိုး ကိုယ်ပေးရမည် ။
  •      .အပူခ    ရေပူခ  ကိုယ်ပေးရမည် ၊
  •       မိသားစုရှိပါက ခလေးအတွက် ကျောင်းလခပေးရမည်၊
  •       DR လိုင်စဉ်ပေးရမည်၊
  •       အရင်ကိုယ်နေထိုင်သော အိမ်စပေါ်ကို အဖွဲ့စည်းသို့ပြန်ပေးရမည်၊

 အလုပ်သမားအဖွဲ့ အစည်းအတွက်ပေးရမဲ့ အလုပ်အချိန်ပြည့် ရရှိသွားပါကရုံးသို့ သွားရောက် အကြောင်းကြားရမည် ၊ ရုံးမှမိမိအားကူညီပြီးပေးခဲ့သာ လစအားဖြတ်တောက်မည်၊ အလုပ်အချိန်ပြည့်ရပါက တစ်နာရီ ခရိုနာ (၁၀၀) သို့ (၁၂၀) အတွင်းရရှိမည်။ တစ်နာရီ (၁၀၀) သို့ (၁၂၀)သည် အခွန်မဖြတ်မှီ ဖြစ်သည်။ အလုပ်ချိန် နာရီလုပ်ဆောင်ရမည် ၊ လူတစ်ယောက်သည် အခွန် ၃၇% သို့ ၄၀ အတွင်းပေးဆောင်ရမည်၊ အလုပ်သမားအဖွဲစည်း သို့ အလုပ်အချိန်ပြည့် စလုပ်သည့်လအတွင်း စတင်အကြောင်းကြားပြီး အသင်ဝင်ရမည်။ သို့မှသာအလုပ်ပြုတ်သွားလျှင် အလုပ်သမားအဖွဲစည်းက မိမိ ရသောလစာ ရဲ့ ၉၀% ပြန်ပေးသည်။အလုပ်သမားအဖွဲဝင်ကြေး  အတွက်တစ်လ (၉၈၀) ပေးရမည် ၊  အလုပ် လုပ်ချိန်အနည်းဆုံး ၁၃၅၀ သို့ ၁၂၅၀ အတွင်းသို့ ၁နှစ်ခွဲအတွင်း အလုပ်လုပ်ဆောင်ရမည်။ အကယ်၍ ပေးဆောင်စဉ်ကာလအတွင်း အလုပ်ပြုတ်ပါက ၅ လ သို့ ၈ လ အတွင်းပြုတ်ပါက  မိမိပေးထားသော  အလုပ်သမား   အသင်းဝင်းကြေး  ခံစားရမည်မဟုတ်၊ ၂ နှစ်ကျော်မှ အလုပ်ပြုတ်ပါက   မိမိပေးဆောင်ထားသော အလုပ်သမား  အသင်းဝင်ကြေးအားခံ  စားရမည်။  အလုပ်ပြုတ်ပါက

၁        အလုပ်သမားရုံး (သို့မဟုတ်) အကြောင်းကြားရမည်၊

၂    မြို့နယ် ရုံးသို့ အကြောင်းကြားရမည် ၊ အလုပ်ပြုတ်စဉ်အတွင်း   မြို့နယ်ရုံးနှင့်  အလုပ်သမားရုံးမှ  အလုပ်ပြန်ရှာပေးသည် ၊ အလုပ်ပြုတ်စဉ် (၂) နှစ်သို့ (၃) နှစ်ထိုင်စားခွင့်ရှိသည်။ အကယ်၍  နေမကောင်းဖြစ်၍ အလုပ်နားပါက ဆရာဝန်ထောက်ခံစာလိုအပ်ပါသည် ၊ အကယ်၍ ဆရာဝန် ထောက်ခံစာဖြင့် အလုပ်နားပါက မြို့နယ်ရုံးမှဆေးလစာ (၂) နှစ်ပေးမည် ၊ ၂နှစ်ပြီးပါက အလုပ်သမားရုံးက လစာ ၂ နှစ်ပေးမည်၊ နေကောင်းပါက ပြန်လည်အလုပ်လုပ်ရမည်။



     မှတ်ချက်။။     ယ္ခုရေးသော အကြောင်းအရာသည် ကျွန်တော်မောင်ချစ်၏ တစ်ဦးတည်းသော အတွေးဖြစ်သောကြောင့် ယ္ခုစာနှင့်ပတ်သက်ပြီး အပစ်တင်ပြောချင်လာခဲ့လျှင် ကျွန်တော်တစ်ဦးတည်းနှင့်သာ သက်ဆိုင်ကြောင်း အသိပေး တာဝန်ယူအပ်ပါသည်။


တွေးမိတွေးရာရေးမိရေးရာ ခြစ်လိုက်မိတဲ့
မောင်ချစ်
   

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊