Friday 18 February 2011

ရခိုင်ပြည်နယ် စာရင်းစစ်ချုပ်နှင့် ဥပဒေချုပ် ယနေ့ကြေငြာ

ယနေ့ ပြုလုပ်သော ရခိုင်ပြည်နယ် လွှတ်တော်တွင် ရခိုင်ပြည်နယ် ဥပဒေချုပ်နှင့် စာရင်းစစ်ချုပ် အမည်ကို ကျေညာကြောင်း သိရသည်။

“ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဌ ဦးထိန်လင်းက ဥပဒေချုပ် အဖြစ် ဦးလှသိန်း၊ စာရင်းစစ်ချုပ် အဖြစ် ဦးသန်းတင်အောင် ဆိုပီး ဒီကနေ့ လွှတ်တော်မှာ ကျေညာပါတယ်” လွှတ်တော် အမတ် တစ်ဦးက ပြောသည်။

ဦးလှသိန်းနှင့် ဦးသန်းတင်အောင်တို့နှစ်ဦး စလုံးမှာ ရခိုင်အမျိုးသားများ ဖြစ်ကြပြီး ပညာရှင်များ ဖြစ်ကြသည်ဟု သိရသည်။

“ လွှတ်တော် အစည်းအဝေးက မနက် ၁၀ နာရီမှာ စတင်ပြီး ၂၅ မိနစ် အကြာမှာ ပြီးဆုံးပါတယ်။ ၀န်ကြီးဌာနတွေကို ဘယ်သူ့ကို ခန့်အပ်တယ်ဆိုတာတော့ ဒီကနေ့မှာ မကျေညာပါဘူး။ လာမယ့် တနင်္လာနေ့ကို ဆက်ချိန်းပါတယ်” ဟု သူက ပြောသည်။

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊