Friday 18 February 2011

ပြည်ခိုင်ဖြိုး ပါတီ ကြော်ငြာဘုတ် ၄၅၀ ကျော် စိုက်ထူမည်

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ သည် ရန်ကုန်တိုင်း ဒေသကြီး အတွင်း ယာယီ ကြော်ငြာဘုတ် ၄၅၀ ကျော်ကို ယခု သီတင်း ပတ် အတွင်း စိုက်ထူ သွားမည်ဟု ပါတီ၏ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း နှင့် ရန်ကုန်မြို့တော် ၀န်ဖြစ်သူ ဦးအောင်သိန်းလင်း က ပြောသည်။ ကြော်ငြာဘုတ် များကို မြို့နယ် တစ်ခုလျှင် အနည်းဆုံး ၁၀ ခုစီ စိုက်ထူ သွားမည် ဖြစ်ကာ ပါတီ၏ ပြည်သူ့ အတွက် ကတိပြုချက် ငါးချက်ပါ စာသား နှင့် ပါတီ အမှတ် တံဆိပ်တို့ ပါဝင်မည် ဖြစ်သည်။

ကတိပြုချက်များမှာ
တိုင်းပြည် တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်မည်။
တိုင်းပြည်ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည်။
ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားမည်။
အမျိုးဘာသာသာသနာကို စောင့်ရှောက်မည်။
တိုင်းတစ်ပါး လက်ကိုင်တုတ် မဖြစ်စေရ တို့ ဖြစ်သည်။


ဆိုင်းဘုတ် များကို လမ်းဆုံ များတွင် အဓိက စိုက်ထူ သွားမည် ဖြစ်ကာ ရွေးကောက်ပွဲ စည်းရုံးမှု အတွက် အသုံးပြု ခြင်း ဖြစ်သောကြောင့် နိုဝင်ဘာလ ၈ ရက် နေ့တွင် အဆိုပါ ဆိုင်းဘုတ် များကို ဖြုတ်သိမ်း မည်ဟု ၎င်းကပြောသည်။

အလားတူ ရန်ကုန်တိုင်း ဒေသကြီးတွင် အခြေ စိုက်သည့် မည်သည့် နိုင်ငံရေး ပါတီ မဆို လျှောက်ထားလို ပါက အင်ဂျင်နီယာဌာန (အဆောက်အအုံ) သို့ ဆက်သွယ် နိုင်ရာ တစ်စတုရန်း ပေလျှင် ကျပ် ၁,၂၀၀ နှုန်းဖြင့် အရွယ် အစား အကန့် အသတ်မရှိ ခွင့်ပြုမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊