Tuesday 15 February 2011

ကြံ့ဖွံ့ နိုင်ငံရေး သင်တန်းပေးမည်

“နိုင်ငံရေး သင်တန်းကျောင်းဖွင့်ဖို့ ဗိုလ်ချုပ်မှူးကြီးက အမိန့်ပေးထားတယ်လေ။ ကြံ့ဖွံ့ပါတီက လူတွေအရည်အသွေးမြင့်ပြီး တိုင်းပြည်ရဲ့ ဦးဆောင်ပါတီ ဖြစ်စေချင်တယ်လို့လည်း ပြောသွားတယ်”ဟု ၎င်းက ဆိုသည်။သင်တန်းကျောင်းအတွက် ပြင်ဦးလွင် စစ်တက္ကသိုလ်၊ ဗထူး စစ်သင်တန်းကျောင်းမှ သင်တန်းဆရာများသာမက ယဉ်ကျေးမှုဝန်ကြီး ဌာန လက်အောက်ရှိ ပညာရှင်များကိုပါ တာဝန် ပေးသွားမည် ဖြစ်ကြောင်း၊ သင်ထောက်ကူဆိုင်ရာ ပစ္စည်းများ၊ စာအုပ် စာ တမ်းများ ကြိုတင် စုဆောင်းမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။ပြည်တွင်းရှိ နိုင်ငံရေးလေ့လာသူ တဦး က“ကြံ့ဖွံ့ပါတီက ဒီလို Capacity building (စွမ်းရည်မြှင့်တင်မှု)လုပ်နေချိန်မှာ နိုင်ငံရေး သမားတွေ ကလည်း လုပ်သင့်ပါတယ်။ အပြိုင် ပေါ့ ။ သူတို့ကတော့ အာဏာရှိတယ်။ ငွေရှိတယ်။ လုပ်ပိုင်ခွင့်ရှိတော့ ပိုလုပ်နိုင်တာ ပေါ့”ဟု ပြောသည်။ကြံ့ဖွံ့ပါတီသည် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်ရွေးကောက်ပွဲတွင် အမတ်နေရာ အများဆုံးရရှိထားသည့် ပါတီဖြစ်ပြီး မကြာသေးခင်က ကျင်းပသော လွှတ်တော် အစည်းအဝေး၌ အစိုးရ အဖွဲ့သစ် ဖွဲ့ရာတွင်လည်း ကြံ့ဖွံ့ပါတီဝင်များသာ ပါဝင်သည်။ကြံ့ဖွံ့ပါတီမှာ စစ်အစိုးရ ကျောထောက် နောက်ခံမှုဖြင့် ၁၉၉၃ ခုနှစ်တွင် လူမှုရေး အဖွဲ့အစည်း အနေနှင့် စတင် ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း ကို ၂၀၁၀ ဧပြီလ ၌ နိုင်ငံရေးပါတီ အဖြစ် အသွင်ပြောင်းခဲ့သော ပါတီဖြစ်သည်။ ကြံ့ ဖွံ့ပါတီကို ၀န်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်၍ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည်။
ကံ့ဖွံ့ပါတီ ၏ အမာခံ အင်အား ၈ သန်းကျော် ရှိကြောင်း ပါတီ အကြီးအကဲ တဦး က ထုတ်ဖော် ပြောဆိုထားသည်။မြန်မာနိုင်ငံ၌ ၁၉၆၂ ခုနှစ်တွင် တပါတီ အာဏာရှင် ဦးနေ၀င်း အာဏာသိမ်းပြီးနောက် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ကို ဖွဲ့စည်း၍ ပါတီ မူဝါဒ သဘောတရားများကို သင်ကြားပို့ချသည့် နိုင်ငံရေး သင်တန်းကျောင်း ဖွင့်လှစ်မှု ပြုလုပ်ခဲ့ဖူးသည်။
Y

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊