Thursday 17 February 2011

သမ္မတသတင်း ဖော်ပြခွင့်မရ

သူက ဆက်ပြီး “ဘာဖြစ်လို့ ဖြုတ်တာလဲပေါ့…စိစစ်ရေးကို
thein-sein
 ဦးသိန်းစိန်သမ္မတအဖြစ် ရွေးချယ်ခံရသည့်သတင်း ဖော်ပြခွင့်မပြု
သွားတော့…။ ဒါက နိုင်ငံတော်သမ္မတ ဖြစ်တာကို ပြည်သူသိဖို့ လုပ်ပေးတာဆိုတော့၊ မဟုတ်ဘူးတဲ့…။ သတင်းဂျာနယ်ကလွဲပြီး ကျန်တာ ထည့်ခွင့်မပေးဘူးတဲ့ အဲဒီလို ပြောတယ်။ တခြား အနုပညာဂျာနယ်တို့ဘာတို့လည်း ထည့်ခွင့်မပေးဘူးတဲ့။ (ဦး) မြတ်ခိုင်တို့ဘာတို့လည်း ထည့်ခွင့် မပေးဘူးတဲ့။ သူတို့ပြောတာပဲ” ဟု ဆိုသည်။

ယခုလ ၄ ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် သမ္မတအဖြစ် ဦးသိန်းစိန်၊ ဒုသမ္မတများအဖြစ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမတ်များဖြစ်သည့် သီဟသူရ တင်အောင်မြင့်ဦးနှင့် ဦးစိုင်းမောက်ခမ်းကို မဲပေးရွေးချယ်ခဲ့သည်။


“ဦးသိန်းစိန် သမ္မတဖြစ်တာကို သတင်းဂျာနယ်ကလွဲလို့ အနုပညာ၊ သုတ၊ ရသ ဆိုရင် ထည့်ခွင့်မပေးဘူးဆိုတာ ဟုတ်တယ်။ အရမ်းစစ်ဆေးရတယ်။ လိုက်စစ်ရတာလည်း ရှုပ်တယ်။ နောက်ပြီး အမှားပါသွားရင်လည်း ပြန်ကြားရေးကပဲ ရှင်းနေရတယ်” ဟု ပြန်ကြားရေး ဝန်ကြီးဌာနနှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

စီးပွားရေး၊ အနုပညာနှင့် သုတ၊ ရသကဏ္ဍများအတွက် ထုတ်ဝေခွင့်ကဒ်ရ သတင်းဂျာနယ်များသည် စည်းမျဉ်းအရ နိုင်ငံရေးသတင်းများ ရေးသားဖော်ပြခွင့်မရှိသော်လည်း စာပေစိစစ်ရေးနှင့် နီးစပ်သည့် ဂျာနယ်များတွင်မူ မကြာခဏ ဖော်ပြခွင့်များ ပြုခဲ့သည်။

ယင်းသတင်း ထုတ်ခွင့်မရခြင်းမှာ ဂျာနယ်ထုတ်ဝေခွင့် ကဒ်အမျိုးအစားနှင့် ဆိုင်သည်ဟု ဂျာနယ်သတင်းထောက် တဦးက ပြောသည်။ “ဂျာနယ်ကဒ်နဲ့ ဆိုင်တယ်ဗျ။ သုတ၊ ရသ ဂျာနယ်တွေက သတင်းတွေ ထည့်လို့မရဘူး။ စီးပွားရေးက စီးပွားရေးနဲ့ ဆိုင်တဲ့ သတင်းပဲ ထည့်ရတာ” ဟု ဆိုသည်။

သို့သော် ၎င်းဂျာနယ် အမျိုးအစားများ၌ပင် မကြာခဏဆိုသလို နိုင်ငံရေးသတင်း ဖော်ပြခွင့်များ ရရှိလေ့ရှိသည်။

“မော်ဒန်တိုင်းမ်ဆိုရင် စာပေစိစစ်ရေးရုံးတင်ရင် အနုပညာတွေကို တင်ပြီးတော့ တချို့သတင်းလေးတွေ နည်းနည်း၊ အဲဒီလိုမျိုး တင်ရတယ်။ ရောင်းပြီဆိုရင် အနုပညာကို အထဲထည့်၊ သတင်းကို ရှေ့တင်ရောင်းရတယ်။ နည်းနည်းပါးပါးတော့ ညှပ်ထည့်လို့ ရတယ်။ သူတို့လိုရင်တော့ ပေးတယ်။ မလိုရင်တော့ မပေးဘူး” ဟု စီးပွားရေးသတင်းကိုသာ ဖော်ပြသည့် ဂျာနယ်အယ်ဒီတာတဦးက မဇ္ဈိမကို ပြောဆိုသည်။

ပြန်ကြားရေးဝန်ကြီးဌာန၏ ၂ဝဝ၉ ခုနှစ်စာရင်းအရ ထုတ်ဝေခွင့်လိုင်စင်ရ ဂျာနယ်ပေါင်း ၁၃၅ စောင်ရှိသည်။

ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ RSF ၏ ၂ဝ၁ဝ ခုနှစ်အတွက် ထုတ်ပြန်ချက်အရမူ မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့် အဆင့်သည် နိုင်ငံပေါင်း ၁၇၈ နိုင်ငံအနက် အဆင့် ၁၇၄ တွင်ရှိပြီး သတင်းလွတ်လပ်ခွင့် မရှိဆုံး ၅ နိုင်ငံတွင် ပါဝင်ကြောင်း သိရသည်။

အသက် ၆၅ နှစ်အရွယ် ဦးသိန်းစိန်မှာ မြန်မာပြည် လွတ်လပ်ရေးရပြီးနောက်ပိုင်း ၈ ဦးမြောက် သမ္မတ ဖြစ်လာခဲ့သည်။ ယခင် သမ္မတများမှာ စဝ်ရွှေသိုက်၊ ဒေါက်တာဘဦး၊ မန်းဝင်းမောင်၊ ဦးနေဝင်း၊ ဦးစန်းယု၊ ဦးစိန်လွင်နှင့် ဒေါက်တာမောင်မောင် ဖြစ်သည်။

ဦးသိန်းစိန်သည် ၁၉၈၈ ခုနှစ်တွင် တပ်မတော်မှ အာဏာသိမ်းပြီးနောက် ကကကြည်းတွင် စစ်ဦးစီးဗိုလ်မှူးကြီး ရာထူးမှ ၂ဝဝ၅ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအထိ စစ်ဘက်ဆိုင်ရာ ရာထူးတိုးမြှင့်ခံခဲ့ရသည်။ ပြီးခဲ့သည့်နှစ် ဧပြီလဆန်းပိုင်းတွင် စစ်တပ်ရာထူးမှ အနားယူခဲ့ပြီး၊ မန္တလေးတိုင်း ဇဗ္ဗူသီရိမြို့နယ်မှနေ၍ ပြည်သူ့လွှတ်တော် အတွက် ကြံ့ဖွံ့ပါတီမှ ကိုယ်စားပြုကာ ဝင်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သည်။

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊