Friday 11 March 2011

ကြားသည့် မြင်သည့် သိသည့် မြန်မာ့နိုင်ငံရေး

zaw gyi one

     ကျွန်တော်သိသော မြင်သော ကြားသော နိုင်ငံရေးလေးအကြောင်းပါ ၊ နိုင်ငံရေးဆိုတာကို အများနဲ့ ယှဉ်ရင်ကျွန်တော်  ဘာမှနားမလည်းတဲ့သူပါ။ သို့သော်လည်း ကြားရမြင်ရ စိတ်မချမ်းသာလို ဘလောက် မှာနိုင်ငံရေးအကြောင်း စာရှည်ရှည် လေးစရေးလိုက်တာပါ၊ ကဲစပြီးမပြောခင် ကိုယ့်အကြောင်းလေးကိုဘဲ မိတ်ဆက်ပရစေ ကျွန်တော်ကတော့ သူများတွေလိုနိုင်ငံရေးကို ဆရာကြီးတွေလို ဘာမှတော့မလုပ်တက်ဘူး စာအုပ်အလွတ်ကျက်ပြီးတော့လည်း မပြောတက်ဘူး ဒေါ်စုပြောသလိုပေါ့ မီးဘိုချောင်မှာ ထ္မင်းဟင်းချက်နေတဲ့ အိမ်ရှင်မတွေလည်း နိုင်ငံရေး လုပ်နေတာ လေ၊ ဒါကြောင့်ကျွန်တော်လည်း တက်နိုင်သလောက်တော့ စုပြီးတော့ မြန်မာပြည် မှာရှိတဲ့ မိဘမဲ့ ခလေးတွေ သက်ကြီး ရွယ်အို  ဘိုးဖွားတွေ ဆွမ်းအတွက် ရဟန်းသံဃာတွေ အတွက် တက်နိုင်သလောက် လှူတန်းပါတယ် ၊ကိုယ့်ကို ကိုယ် ဂုဏ်တင်တာမဟုတ်ပါဘူး စာဖတ်သူတွေ သိတဲ့အတိုင်း မြန်မာပြည်မှာ စားရသောက်ရတာ တနှပ်စာအတွက်လုံးပန်းရတာ လွယ်တာမဟုတ်ဘူး လူတွေရော ရဟန်းတွေရော အရမ်းခတ်ခဲ့တာ သိတဲ့အတိုင်း လေ ဒါကတော့ကျွန်တော် လုပ်နေတဲ့ မြန်မာပြည်အတွက် တပိုင်တနိုင် နိုင်ငံရေးပါ။

        ကျွန်တော်သိတဲ့ ပြည်တွင်းကနိုင်ငံရေး ကျတော့

အားလုံးသိတဲ့အတိုင်း ပြည်တွင်းမှာ နိုင်ငံရေး လုပ်ရတာ ထောင်ဘူးဝ အပေါ်မှာလမ်းရှေက် ရသလိုလေ၊ တိုင်းပြည် အတွက် တတပ်တအား လုပ်ဆောင်နေရင်း အသက်ပေး သွားသူတွေလည်း နည်းတာ မဟုတ်ပါဘူး။ ထောင်အတွင်း မှာနှစ်ရှည်လများစံစားရတဲ့ နိုင်ငံရေးသမားတွေ မနည်းတော့ဘူး ကျောင်းသားရော ပြည်သူရော ရဟန်းသံဃာ ရော အလွှာပေါင်းစုံလေ ၊ ဒါတောင် ပြည်တွင်းမှာ ရှိတဲ့နိုင်ငံရေးသမားတချို့က တော့ ပွဲလန့်တုံးဖျာခင်း ချင်တဲ့သူ ကများတယ်၊ ၂၀၀၇ တော်လှန်ရေး မှာ သူတို့ဘာတွေကူညီခဲ့လဲ ရဟန်းတွေ အတွက် ၊ ဟော ရွေးကောက်ပွဲ စမယ်လည်းဆိုရော ထွက်လာတဲ့ ပါတီတွေ အပါးပါး မနည်းတော့ဘူး ဘယ်နေရာ မှာကုလားထိုင် ရမလဲဆိုတာခြောင်းနေကြတာလေ ပြီးတော့ပြောသေးတယ် သူတို့ မှ ဝင်မရွေးရင် ပြည်သူလူထု က မဲထည့်စရာ ပါတီမရှိသလို သူတို့ကဘဲ လူထုအတွက် ကောင်းအောင်လုပ်ပေး မယ်လိုလို ၊ ရွေးကောက် ပွဲ စတော့ ဘယ် သူကမဲခိုးတယ် ကြိုတင်မဲ ခိုးတယ် ဟော အသံပေါင်းစုံ ထွက်လာပြီး အရင်တည်းက နအဖ လုပ်ကွက်တွေသိရဲ့သားနဲ့  ပိုက်ဆံအကုန်ကျခံပြီးတော့ ဝင်ရွေး ရတယ်လို အခုရွေး ကောက်ပွဲပြီးတော့ ညီလာခံ လုပ်တယ် အမတ်တွေဘာပြောလိုရလဲ အကုန်လုံး ရေငုံနုတ်ပိတ် ငြိမ်ငြိမ်လေးနေရတယ် ဘယ်သူ အသံထွက် ရဲလဲ ... ထွက်ရဲထွက်ကြည်လေ ဟိုက ထုလိုပုသွားမယ် ၊ ညီလာခံမှာ ဘယ်သူကဘာလုပ် နဲ့  သူ့လူတွေချည်း လုပ်သွားတာ ဘယ်ပါတီက ပြောရဲလဲ၊ 


ကဲ စာဖတ်သူတို့ စဉ်းစားကြည့်ပါ ရွေးကောက်ပွဲလုပ်တုံးက အတိုက်အခံပါတီ တွေ တယောက် မှ ဝင်အရွေး မခံ ရင် နအဖ တို့လုပ်တဲ့ ရွေးကောက်ပွဲကြီး ဘာဖြစ်လာမလဲ ???????????၊ ပြည်သူတွေကရော ဘယ်လိုထင်သွားမလဲ နအဖ ကို??????၊ နိုင်ငံတကာ ကရောဘယ်လိုထင်သွားမလဲ????????၊ ရှင်းနေတာဘဲ  သူ့လူ နဲ့ သူဇတ် သူဘာသာသူကသွားလိမ်မယ်၊ အခုမှ နအဖ တို့ ကတဲ့ ရွေးကောက်ပွဲဇတ်ပွဲက အတိုက်အခံ ပါတီတွေ တိုးလာလို ပရိတ်သတ်များသွားတော့ ပိုစည်းကားလာတယ်၊ ညီလာခံမှာ ဟုတ်ကဲ့ ..လိုက်နာပါတယ်.....အတည်ပြုပါတယ် .... ထောက်ခံပါ တယ် နဲ့ ပြောရုံကလွဲပြီးတော့ ကျန်တာတော့ ရေငုံနုတ်ပိတ်။။။။ဒါကတော့ပြည်တွင်းက  ကုလားထိုင်ထိုင်ချင်တဲ့  အမတ်တွေ အကြောင်း၊၊၊၊၊၊

နောက်ပြီး ဘဘ ကြီးတွေအကြောင်းကတော့ ငါကအသက်ကြီးတယ် ဝါကြီးတယ် နိုင်ငံရေးလုပ်တာကြာပြီး မင်းတို့က ငယ်သေးတယ်ဆိုပြီး နေရာမပေးချင်တာတွေ ကြားရတယ်.. ဘဘတွေရယ် အသက်တွေလည်းကြီးလာပြီး ခလေးတွေကို  သင်ပြပေးပြီး  နေရာပေးခဲ့မယ်    ဆိုရင်တော့ဝမ်းသာစရာဘဲ  ၊
လူငယ်တွေ  ကထွက်သွားကြတော့  အင်းအားနည်းတာပေါ့ ၊ ဘာဘဲဖြစ်ဖြစ်  ပညာဝန်ဦးဖိုးကြားရဲ့  လူကြီး နှင့်လူငယ်  စာအုပ်လေးတော့ ပြန်ဖတ်သင့်ပါတယ် ၊ မိချောင်းမင်း ကို ရေခင်းပြသည် မဟုတ်ပါ၊


နောက်တိုင်းရင်းသား တွေ ........တိုင်းရင်းသားတွေဆိုပြီး အထင်မလွဲနဲ့ဦး၊ တိုင်းရင်းသားဆိုပြီး ငါတို့ကိုပြော တာပါဆိုပြီး ပြောချင်တဲ့သူက ခက်များများ အကုန် ပါတယ် ကချင် ၊ကယား ၊ ကရင် ၊ ချင်း ၊ ဗမာ ၊ မွန် ၊ ရခိုင် ၊ ရှမ်း အားလုံးကိုပြောတာ။ ဗိုလ်ချုပ်ပြောသလိုပေါ့ တိုင်းရင်း သားတွေ မညီညွတ်ရင် ဖာနိုင်ငံကြီး ဖြစ်သွားမယ် ဆိုတာလေ   အခုလဲ ဖာနိုင်ငံထက်ပြင်းတဲ့ စကားလုံးရှိရင် ပိုသုံးချင်တယ် ၊ ကဲ ၁၉၄၇ ထဲက သူကဆရာ ငါကဆရာ နဲ့ ငါကအရင်လုပ်တာ သူကအရင်လုပ်တာ ပြီးတော့ လွတ်လတ်ရေးအတွက် ငါတို့က ပိုလုပ်တာ နဲ့ စကားတွေများလာတာ အခု တိုင်းပြည်ဘာဖြစ်သွားလဲပြော ၊ ဖဆပလ နှစ်ချမ်းကွဲပြီးတဲ ကတိုင်းပြည် ကစပျက်တာ အခုအထိဘဲ ဘာတွေ တိုးတက်မူရလဲ အရင်းမြစ် ကတော့ ညီညွတ်မူ မရှိလိုဘဲ ဒီလိုသာ ဖြစ်နေ ဦးမယ်ဆိုရင်တော့ ဒီမိုကရေစီ ဘယ်တော့မှမရဘူး၊ လက်နက်ကိုင် တိုင်းရင်းသားတွေလည်း ဘာထူးလဲ အတူတူ ဘဲ ငါကအရင်တောထဲဝင်ပြီးတိုက်တာ ဘာဖြစ်တယ်ညာဖြစ်တယ် ပြီးတော့ ဘာထူးလဲ ဘာမှထူးဘူး
အခု တိုင်းရင်းသားတွေတိုက်တာ ဘယ်နနှစ်ရှိပြီးလဲကြာပေါ့ ၊ အထက်ကလူကြီးတွေက လူငယ်တွေကိုအမှန်တရားမပြော လိမ်နေကြတာကြီးဘဲပြီးရင် လက်နက်ကိုင် အချင်းချင်းပြန်တိုက် ဝေစုခွဲတာလေ လူကြီးတွေအသုံးမကြလို တိုင်းရင်းသားတွေ စိတ်ဝမ်းကွဲကြတာ ဒါတွေစဉ်းစားပြီး ရင်နာတယ်၊ ပြီးတော့ ရှိသေးတယ် ပြည်နယ်ခွဲကြမယ်တဲ့ ဟာ ကြားတော့တော်တော် စိတ်ပျက်သွားတယ် စဉ်းစားကြည့် လုပ်စရာလား တော်တော်လေး ဦးနောက်မရှိတဲ့ သူတွေ၊ ကဲ စာဖတ်ပရိတ်သက်ကြီး စဉ်းစားကြည့်ပါဦး  ပြည်နယ်ခွဲမယ် ကိုယ့်လူမျိုးကိုအုပ်ချုပ်မယ် ကိုလက်နက်ကိုကိုင်မယ် ဆိုရင် ဘာဖြစ်သွားမလဲ မြန်မာပြည်မှာ လူနဲစုတိုင်းရင်သားတွေ အတွက်ဘယ်မှာလဲ ၊ မြန်မာပြည်ကြီးကို စိတ်ကူးထဲကကြည့် တိုင်းရင်သားတွေ ပြည်နယ်ခွဲထွက်သွားရင် မြန်မာပြည်မြေပုံကို စိတ်ကူးနဲကြည်ပေတော့၊ ကျွန်တော် လူ ၂ ယေက် နဲ့ စကားပြောဘူတယ်။ ပင်လုံစာချုပ် ချုပ်ဆိုတာ သူတို့လူမျိုးမပါလိုတဲ့ ဗိုလ်ချုပ်ကိုလိမ်တယ်တဲ့ မကျေနပ်ဖြစ်နေတယ် သူအသက်ကိုမေးကြည့်တော့ ၂၀ ဝန်းကြင်လောက်ရှိမယ။် ကျွန်တော်ကပြောလိုက်တယ် ဒါတွေတော့ငါမသိဘူး မှီလည်းမမှီဘူးသိချင်ရင် ဗိုလ်ချုပ်ကိုလိုက်မေး လိုပြောလိုက်တယ် ၊ နောက်တယေက်ကတော့ အစည်းဝေးတခုမှာတွေ့တာ စကားပြောကြည့်တော့ ရီးဘိုကောင်းတယ် သူအနေနဲ့ကတော့ အတည်ပြောတာ ဘာပြောလဲဆိုတော့ မြန်မာဘုရင်တွေက သူတို့တိုင်းပြည်ကို သိမ်းလိုတဲ့ဒါကြောင့်မို့ မကျေနပ်ဘူးတဲ့ ပထမလူပြောသလို ပြောလိုက်တယ် အနော်ရထာကိုလိုက်မေး လိုပြောလိုက်တယ်၊ ကဲ့ဒါတွေအားလုံးဟာ ဘယ်သူတွေ အသုံးမကြလိုဖြစ်တာလဲ စဉ်းစားလူကြီးတွေ အသုံးမကြတာလေ ၊ ပြီးခဲ့တာပြီးပြီပေါ့ ဘာတွေရှောက်ပြောနေတာလဲ နှစ်တွေလည်းကြာခဲ့ပြီး လူငယ်တွေကို သွေးခွဲအောင်ပြောတော့ မကောင်းဘူး ၊ ပြည်နယ်ကျဆုံးခန်း နိုင်ငံတော်ကြီးကျဆုံးခန်း နဲ့ ရှုပ်နေတာဘဲ တိုင်းပြည်အတွက် ဒို့တွေညီညီညွတ်ညွတ် ရှေ့ဆက်ပြီးလုပ်မယ်  မရှိဘူး။ချီးခြောက်  ရေနူးနေတယ်၊ ဒီလိုသာဆက်လုပ် ဘယ်တော့မှ မရဘူး။

       ကျွန်တော်သိတဲ့   ပြည်ပနိုင်ငံရေး ကျတော့ ဒီလိုဗျာ..........

ပြည်ပနိုင်ငံရေးကျတော့ အများကြီးရှိတော့ အခန်းလိုက်ရေးမယ်လေ ပြည်ပနိုင်ငံရေးက ဆရာတွေများတော့ အခန်းခွဲရေးရမယ် ၊ကျွန်တော်ကတော့ ပြည်ပနိုင်ငံရေးကို  ဒီလိုအခန်းခွဲထားတယ် ........

 ၁. နိုင်ငံရေးကို   အရက်နှင့်မြည်းခြင်း
၂. နိုင်ငံရေးကို  ထ္မီးရင်ရှားနှင့်မြည်းခြင်း
၃. နိုင်ငံရေးကို    ငွေနှင့်မြည်းခြင်း
၎. နိုင်ငံရေးကို   တတိယနိုင်ငံနှင့်မြည်းခြင်း ဆိုပြီး ခွဲခြားထားပါတယ်၊


                     ၁.နိုင်ငံရေးကိုအရက်ဖြင့် မြည်းခြင်း

နိုင်ငံရေးကို အရက်ဖြင့်မြည်းခြင်းတိုတော့  စာဖတ်သူတော့ တော်တော်လေး စဉ်းစားသွားမှာပေါ့၊ ရှင်းပြပါမယ်။  သူဒို့တွေကတော့ပြည်တွင်းမှာ  အရင်တုန်းက  လုပ်ခဲ့တဲ့သူတွေရော မလုပ်ခဲ့တဲ့သူတွေရောပေါ့၊ ပြည်ပရောက်တော့ ညနေပိုင်းမှာ ဝိုင်းစုပြီးသောက် စားကြတာပေါ့ သောက်ရင်းလည်းပျော်စရာ ရွှင်စရာလေးပြောရင်ပြီးပြီ။ သောက်ရင်း နိုင်ငံရေးလေးကို အရက်နဲ့မြည်းပြီး သောက်တော့ ပိုရှုပ်လာတာပေါ့  ငါတို့ကပြည်ချစ်က ဆိုပြီးစ တယေက်ကလည်း ၈၈ ကဆိုပြီးစ တယေက်ကလည်း ၉၆ ကဆိုပြီးစတော့ ပိုဆိုးတာပေါ့ ၊တယောက်နှင့် တယောက်  ရှင်းပြခြင်းတွေမလုပ်ဘဲ ငါတို့ကအရင်စတယ် ဆိုပြီးလုပ်တော့ ၈၈ ကလည်းမခံ သူတို့သာ တိုင်းပြည်အတွက်အသက်စွန့်တာ ၁၉၈၈ ကတိုင်းပြည်ပျက်တဲ့ အချိုန်မှာ လက်နက်ကိုင်အဖွဲတွေ ဘာလုပ်နေလဲ အချင်းချင်းတိုက်နေ ကြတာမဟုတ်လား ဆိုပြီးကစ်တော့ ၉၆ ကလည်း ဒို့အစ်ကိုကြီးပြောတာထောက်ခံ တယ်ဆိုပြီး အဆိုတင်သွင်းတော့ အာလုံးသွေးကွဲကြရော ၊ ဒါကြောင့် မို့ မမြည်းသင့်တာတွေ အခုထိ မြည်းနေကြတော့ ညီညွတ်မှု့မရတဲ့အပြင် အချင်းချင်း ကွဲတာပေါ့ ၊ နအဖ ကိုတိုက်ဖို့ မဆိုးထားနဲ့ အချင်းချင်း ပြန်တိုက်နေတာကတော့ ရီးစရာတခုဘဲလေ ဟုတ်ဘူးလား၊ အခုလဲကြားတယ် နေရာအားလုံးမှာ ပေါ့ ရောက်လာတဲ့မြန်မာပြည်က လူသစ်တွေ နဲ့ ရောက်နေတဲ့ လူဟောင်းတွေ အရက်နဲ့မြည်းကျတော့ အဖွဲအချင်းချင်းကွဲကြတာ  စိတ်မကောင်းစရာဘဲ။ တိုင်းရင်းသားတွေလည်း ထိုနည်းအတူတူဘဲ ဒီပုတ်ထဲက ဒီပဲတွေလေ၊ ဒါကြောင့်မို့  ကျွန်တော် ပြောချင်တာကတော့ အချင်းချင်း ညီညွတ်ပါ ။နိုင်ငံရေးကို အရက်ဖြင့် မမြည်းပါနှင့် လိုပြောချင်ပါတယ်။

       ၂.နိုင်ငံရေးကို ထ္မီးရင်ရှားဖြင့် မြည်းခြင်း

ဟဲဟဲ နည်းနည်းလေး  စမ်းတယ်နော။် စာသားလေးက ဒါကတော့ နိုင်ငံရေးကို သူများထက်သာအောင် မြည်းတဲ့သူတွေလေ သူတို့ကြတော့ လိုင်းတူတဲ့သူတွေပေါင်းတာဆိုတော့   သိပ်တော့ပျက်သနာမရှိဘူး ဒါပေမဲ့လူငယ်တွေ တော်တော်များများက ကြည့်မရကြဘူး အဆင်လည်းမပြေဘူး၊ သူတို့က နိုင်ငံရေးပြောလိုက်ရင်တော့ မိတ်ဆွေ ထိုင်ပြီးငိုသွားမယ် ၊ ဘယ်လိုလုပ်ခဲ့တာ ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့ အားလုံးက  အထင်တွေကြီးပြီးတော့  ပေးသွားတာပေါ့။ ဒီထဲ နိုင်ငံခြားက လူတွေတောင် ပေးသွားရတာ ညနေမိုးလည်းချုပ်ရော မူးရှုးပြီး ရင်ရှားလေးတွေစီသွားရော ၊ ကံဆိုးတဲ့ ရင်ရှားမလေးက သူစကားလုံးထဲမျှောပြီး အကြွေးနဲ့ထိပြီး ၊ နောက်နေ့ ဟိုကအကြွေးတောင်းရော အရှက်ကွဲရော ဟဟဟား။ ကောင်းလိုက်တဲ့  နိုင်ငံရေးသမားကြီးတွေ ၊
             ၃.နိုင်ငံရေးကို ငွေနှင့်မြည်းခြင်း

ဟ.ဟ.ဟ.      သူတို့ကတော့ ခိုင်တယ်ဗျာ ပြည်ပမှာရောက်ပြီး  နိုင်ငံတကာကို အလှူခံပြီးရင်  ဟိုအစည်းအဝေးသွား ဒီအစည်းအဝေးသွားပြီး နိုင်ငံတကာ သွားပြီး ကမ္ဘာ ပတ်နေတာလေ ၊ ရတဲ့ ပိုက်ဆံတွေနဲ့ အိမ်တွေ ကားတွေ ဝယ် တဲ့ နိုင်ငံရေးသမားကြီးတွေ  ပြည်တွင်းကဒုက္ခ ရောက်တဲ့သူတွေကို တော့ မသထာရေစာပေး ပြီးရင်သူတို့ကဘဲ ပြန်လူသလိုလို ၊ ၂၀၀၇ မှာ မြန်မာပြည်က ထွက်ပြေးလာတဲ့ သူတွေအတွက် အလှူခံ ၊ တိုက်ပွဲတွေ မှာ ပြေးလာတဲ့ စစ်ပြေးဒုက္ခ သယ်တွေ အတွက် အလှူခံ နိုင်ငံတကာ ကပေးတော့ ရတဲ့ငွေတွေကို ကိုအတွက်ဘဲသုံး၊ ပြီးတော့ရှယ်ရာခွဲတော့ ငါကစီစဉ်ပေးလို့ ပိုရတာသူက ကောက်ခံပေးလို ပိုယူသင့်တယ် ဆိုပြီး ပြသနာတက်ကြ ၊ တကယ် ဒုက္ခရောက်တဲ့ သူတွေ အတွက်ကြတော့  ၅ပြားတောင်မရဘူး ၊မျောက်ပြပြီး ဆံတောင်နေကြတာ ရှပ်စရာကြီး ဒါလား နိုင်ငံရေးသမားကြီးတွေ  နိုင်ငံရေးဘန်းပြပြီး ကိုယ့်အတွက် အလူခံတဲ့သူတွေ မရှပ်ကြရင် လုပ်ထားကွ။

                          ၄.နိုင်ငံရေးကို တတိယနိုင်ငံဖြင့်မြည်းခြင်း

သူတို့ကတော့ မျောက်ပြပြီးဆန်တော့ မတောင်းဘူး။ အရက်နဲ့တော့ မြည်းတယ်။တစ်ခါတစ်လေပေါ့၊ သူတို့ကတော့အလွာ ပေါင်းစုံကလေ ၊ မြန်မာပြည်ကနေ အောက်လမ်းကရော အထက်လမ်းကရော ဒုတိယ နိုင်ငံကို ရောက်လာကြတယ် ရောက်ပြီးမကြာပါဘူး ဆရာတွေနဲ့တွေ့တော့ တတိယ နိုင်ငံတွက်လုပ်ကြတယ် ၊တချို့လူတွေကတော့ မြန်မာပြည်ကတဲက ကြိုတင်အကွက်ချပြီးလာတာ ၊ တချို့ကတော့ ဒုတိယ နိုင်ငံရောက်ပြီးမှလုပ်တာ ၊တချို့ကတော့  မြန်မာပြည်မှာ  တကယ် နေလိုမရတော့လို့ ထွက်တာပါ။

ဒီထဲမှာ.(.... )ကတော့အဆိုးဆုံး ပြောပြမယ် ၁၉၉၉ လောက်က မလေးမှာသူမရှိသလောက် နဲပါးတယ် ။ ၂၀၀၁ကစပြီး  အခုအချိန်အထိ  တော်တော်များလာတယ် သူတို့က UNHCR ဖြေဘို့ ပြီးရင် တတိနိုင်ငံထွက် ဖို့အဓိကဘဲ သူလူမျိုးထဲမှာ  နိုင်ငံရေးကို  မသိသလောက် တော်တော်များတယ် ၊ သူတို့တတိယ နိုင်ငံထွက်တာ တော်တော်မြန်တာ သူတို့မလေးကိုရောက်တယ် ရောက်ပြီး၇ရက်အကြာ KL မှာ ရဲအဖမ်းခံတယ် ပြီးရင် UNHCR ရှောက်တယ် ၊ထောင်ထဲမှာဆိုတော့ အလုပ်ပိုဖြစ်တယ်လေ ၊ UN မှာလဲသူလူတွေက ရှိပြီးသား ၊သူတို့ ဘိုင်အိုဖြေတာကိုသိရင် စိတ်ဝင်စားသွာမယ် သူတို့ဖြေတာက ရွာမီးရှို့ခံရတယ် . မိန်းခလေးတွေ မုဒိန်းကျင့်ခံရတယ် ပေါ်တာစွဲခံရတယ် ပြီးတော့ တချို့လူတွေက ဖြေတာက ပေါ်တာစွဲရင် မဒိန်းအကျင့်ခံရလိုတဲ့ ကဲ အဲလိုဖြေရော တခါတည်းအောင်ရော ထောင်ထဲမှာ အလွန်ဆုံးကြာ ၇ လ ပြီးရင်တော့တတိယနိုင်ငံထွက်ပြီ။ မှတ်ထား  ဒါတွေအားလုံးက တိုင်းရင်သားတော်တော် များများဖြေတဲ့အဖြေလေ။ ဒါမျိုးဆို UNHCR ကလည်း အောင်တာပေးတာမြန်မှမြန် ၊ ကိုရွှေ ဗမာတွေက စာအုပ်ဖက်ပြီးဖြေတာလေ ဒုတိယနိုင်ငံမှာ အဖွဲတွေထောင် ပြီးရင်လစဉ်ကြေးတောင်း ပြီးရင် UNHCR မှာ သူတို့တကယ်လုပ်တယ်ပေါ့ သံရုံးသွားပြီးဆန္ဒပြ တကယ်နိုင်ငံရေး လုပ်တဲ့သူတွေက သူတို့ အသိစိတ်လေးနဲ့လိုက်သွား ရဲအဖမ်းခံရ သူတို့ကြတော့ ဓါတ်ပုံရိုက်ခံပြီး  ပြေးရော။ ပြီးရင်သူတို့ဘဲ လုပ်သလိုလို UNHCR သွားပြီး ဓါတ်ပုံသွားပြ ရှပ်နေတာဘဲ၊ တချို့လူတွေကတော့ ကိုဖြေမဲ့အကြောင်းရာကို အလွတ်ကျက်ပြီးဖြေတာ အပါးပါး ၊ တချို့လူတွေ ကကျက်ပြီးဖြေတာဘဲ နောက်တခေါက်မေးတော့ ပထမဖြေတဲ့ဟာ နဲ့ လွှဲသွားတော့ကျပြန်ရော ၊ ကျွန်တော်ကြားတာ UNHCR အောင်ချင်ရင် ငွေဘယ်လောက် ပေးတဲ့အပေါ် မူတည်တယ်တဲ့ ၊USA မှာ တတိယနိုင်ငံထွက်မဲသူစီက ဓါတ်ပုံ ကပ်ခွာလုပ်ပြီး ရောက်နေတဲ့ သူတွေများနေလို ပြန်ပို့မယ်ကြားတယ်၊ ဥပမာ စာဖက်သူက UN အောင်င်္ပြီးတတိယနိုင်ငံထွက်မယ် ဆိုပါတော့ တခြားလူတယောက်က US 3000 ပေးမယ် ရောင်းမလားဆိုတော့ ပိုက်ဆံမတ်ပြီး ရောင်းလိုက်ရော ပြီးရင်UNHCR မှာလုပ်နေတဲ့သူကို ငွေပေးပြီး ဓါတ်ပုံ ပြောင်းကပ်ပြီးထွက်သွာကြတာ၊ သူတို့တွေ တတိယ နိုင်ငံရောက်ပြီးဆိုရော သူတို့ရဲ့ မဟာနိုင်ငံရေးကြီးလည်း ပြီးဆုံးရော၊ သူတို့နဲ့တွေရင်ပြောဖြစ်တယ် အမြင်ကပ်လို့လေ မင်းတို့တွေ သန်းရွှေကို တနေ့ဦးသုံးကြိမ်ချ ရမယ်လိုပြောတော့ သူတို့ကဘာဖြစ်လိုလဲတဲ့ မင်းတို့တွေသန်းရွှေကို အသုံးချပြီးလာလေ သန်းရွှေ ကောင်းရင် မင်းတို့ လာစရာမရှိဘူးလို့ ဘုပြောလိုက်တယ်။




     အားရင်တော့တတိယနိုင်ငံအရုပ်တော်ပုံ နှင့် ဒုတိယနိုင်ငံက အရုပ်တော်ပုံကိုရေးပါဦးမည်၊ ဆက်လက်အာပေးပါ၊  ကိုယ်တွေ ဖြစ်ပါတယ် ၊



                                                             ဖြစ်ချင်ရာဖြစ်မောင်ဘချစ်
                                                                 ၁၁.၀၃.၂၀၁၁







 မှတ်ချက်။ ကျွန်တော့်ဘလော့မှ  ပိုစ်များပြန်လည် မျှဝေလိုလျှင် ရေးသားသူ (မောင်ချစ် )ကို  ထည့်သွင်း ဖော်ပြပေးပါရန်။



  






No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊