Thursday 17 March 2011

ထိုင်းရဲ နှင့် ဗမာဘုန်းကြီး

zaw gyi one
    အကြောင်းအရာ..... သာသနာရေးဆိုင်ရာအဖွဲ ၊ ထိုင်းနိုင်ငံအတွင်းမှ လူမူကူညီးရေး အဖွဲ NGO နှင့် UNHCR မှတာဝန်ရှိသူများသို့................................
                              ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အတွင်း ယမန်နေ့က ဝပ်တစ်လုံးကျောင်းအတွင်း ရဲများက ဗမာဘုန်းတော်ကြီး ၁၀ ပါးအား ဖမ်းဆီးပြီး လူဝတ်လဲကာ ဖမ်းဆီးသွားကြောင်းသိရပါသည်။ အခင်းဖြစ်ပွားပုံ မှာ ဝပ်တစ်လုံးကျောင်းတိုက်တွင် သီတင်းသုံးနေသော မွန်ဘုန်းကြီးတစ်ပါးနှင့် ရခိုင်လူမျိုး ကပ်ပိယ တို့သည် စကားများကြသည် ၊ ကပ်ပိယမှ ဘုန်းကြီးအား ကုလားဘုန်းကြီးကျောင်းဝန်း အတွင်းခေါ်သွား၍ ၊ ကပ်ပိယနှင့် ဘုန်းကြီးတို့သည် နဘန်းလုံးကြသည် ၊ ထိုသို့လုံးရာတွင် ကျောင်းအတွင်းမှကိုယ်တော်များက တွေ့သော်လည်း ကုလားအချင်းချင်း ဖြစ်သည်ထင်၍ မဆွဲကြပေ ၊ ထိုနောက် ကပ်ပိယမှ ခြံစည်းရိုးမှ ဒုတ်ယူ၍ ဘုန်းကြီးခေါင်းကိုရိုတ် ၍ ထိုဘုန်းကြီးမှာ ခေါင်းကွဲ သွားသည် ၊ထိုနောက် ဘုန်းကြီးသည် ဗမာ ဘုန်းတော်ကြီးများဘက်သို့ထွက်ပြေး၍ အကူအညီတောင်းလေ သည်၊ ဘုန်းကြီး ခေါင်းကွဲသည်ကို ရှမ်းဘုန်းကြီးများက မြင်၍ ထိုကပ်ပိယကို လိုက်ဖမ်းကြသည် သို့သော်လည်း မမိလိုက်ကြပေ ၊ ထိုကပ်ပိယ မှာ ရန်ဖြစ်သည့် အချိန်တွင် အရက်အလွန်မူး နေကြောင်းသိရသည်၊ ထိုနောက် ရှမ်း ဘုန်းကြီးများ က ထိုင်းရဲများအား တိုင်ကြားလေသည်၊ ထို အခင်းဖြစ်ပွားမှု့ကို တိုက်အုပ်ဆရာတော် ရှမ်းဘုန်းကြီးမှ သိ၍ ကျောင်းအတွင်း စာသင်သည့် ဘုန်းကြီးများမှလွဲ၍ ကျန်မည်သည့် ဘုန်းကြီးများ နှင့်ကပ်ပိယ များအား လကုန်ပိုင်းတွင် ကျောင်းမှ ထွက်ခွာပေးရန် ပြောထားသည်၊
                             ထိုအကြောင်းအရာ နှင့်ပတ်သက်၍ ထိုင်းရဲများ က မနေ့က ညပိုင်းတွင် ဝပ်တစ်လုံးကျောင်း အတွင်းသို့ ဝင်ဖမ်းရာ ဗမာဘုန်းတော်ကြီး ၁၀ ပါး ပါသွားကြောင်းသိရသည်၊ ထိုဘုန်းကြီးများအား ဖမ်းပြီးလူဝတ်လဲလည်းလိုက်ပြီး လဝက ပုဒ်မဖြင့် တရားစွဲဆိုထားပါသည်၊ ထိုသို့ ဝင်ဖမ်း ရာတွင် ထိုင်းနိုင်ငံတွင် နိုးဘိုး ဒုက္ခသည် စခန်းမှ ဘုန်းကြီး သုံးပါး ပါသွားသည် ၊ ထို ဘုန်းကြီး ၃ ပါးမှာ ဦးကေသရ ၊ ဦးဇော်တိက နှင့် ဦးဝေပုံ တို့ဖြစ်ပါတယ် ၊နောက်တစ်ပါးကတော့ ဦးသောပိတ ဖြစ်ပါတယ် ၊ ၁၀ ပါး မှ ၂ ပါးသည် စာအုပ်အတုဟူ၍ ဖမ်းသွားသည် ၊ ဦးဇော်တိက မှာ ထိုင်းနိုင်ငံ အတွင်းနေထိုင်ခွင့် ၁၀ နှစ်ခံကပ်ပြား ရှိသည်ဟုသိရသည်၊ ဦးဝေပုံ မှာ တတိယနိုင်ငံထွက်ဖို့ စောင့်စားနေသော ကိုယ်တော်ဖြစ်ပါတယ်၊ ဦးကေသရ ကတော့ UNHCR အသိမှတ်ပြု ခံရသော ကိုယ်တော်တစ်ပါးဖြစ်ပါတယ်၊ ကျန်ကိုယ်တော်များကတော့ စုံစမ်း၍ မရသေးပါ၊ 
          ထိုကြောင့် အဓိက တရားခံကပ်ပိယ မဖမ်းမိဘဲ အပြစ်မရှိသော သံဃာတော်များပါသွားသည့်အတွက် ထိုင်းနိုင်ငံအတွင်းသက်ဆိုင်ရာ NGO ၊UNHCR  နှင့် သာသနာရေးဆိုင်ရာ အဖွဲ့ များအကူအညီပေးကြပါရန် နှိုးဆော်ပါသည်။
ထိုသံဃာတော်များသည် အနည်းဆုံး ၆ လမှ ၁ နှစ်အထိထောင်ကြမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ ဦးဇင်းတစ်ပါးမှ ပြောကြားသွားပါသည်။သို့သော်ထောင်ကျမည်  မကျမည်ကို အတိအကျမသိရပါ။

                         မောင်ချစ်

2 comments:

  1. ဟုတ်မှာလည်း လုပ်ပါလား မောင်ချစ်ရယ်၊ အကြောင်းအရာတွေက မှားနေတယ်နော်၊ မွန်ဘုန်းကြီးကို ရိုက်တာ ရခိုင်မဟုတ်ပါဘူးနော်၊ မောင်ချစ်လည်း မသိပဲမနေလောက်ပါဘူး၊ အတိအကျသိချင်တယ်ဆိုရင်တော့ ဒီဖုန်းကိုဆက်လိုက်ပါနော်၊ ၀၈၅ ၁၂၃ ၅၀၅၄

    ReplyDelete
  2. မောင်ချစ်သတင်းရေးရင် စဉ်းစားဥာဏ်ရှိရတယ် ဂရုစိုကရတယ်
    အရိုက်ခံရတာ မွန်ကိုယ်တော်၊ ဒါပေမဲ့ ရိုက်တဲ့ကျောင်းသားက ရခိုင်မဟုတ်ဘူးဆိုတာ အဲဒီကျောင်းမှာနေတဲ့ မြန်မာဘုန်းကြီတိုင်းသိကြတယ်
    အဲဒီကျောင်းမှာ တိုင်းရင်းသားပေါင်းစုံမြန်မာဦးဇင်းများ သီတင်းသုံးကြတယ်ဆိုတာ မေ့သွားတာလား တမင်တကာဖန်တီးပြီးရေးလိုက်တာလား ၊ နောက်ပြီး ဘက်ကနေ ၂ ပါးထပ်တိုးလာလဲ ၊ မြန်မာ ၈ ပါးဆိုတာ မသိလိုက်ဘူးလား

    ReplyDelete

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊