Wednesday 23 March 2011

သူလိုလူစား သတိထားဘို့ 

zaw gyi one
စစ်တပ်ကို ဆန့် ကျင်နေပါတယ်ဆိုတဲ့  ပြည်ပက အတိုက်အခံတပ်ပေါင်းစုမှာ အရေးပါတဲ့နေရာယူထားတဲ့သူ တယောက် ဟာ . စစ်တပ်ပိုင် သတင်းဌာနတွေက အကြမ်းဖက်သမားတွေ ဖေါက်ခွဲရေးလုပ်ငန်းတွေကို ကြိုးကိုင်နေသူဟု အတိအလင်းစွတ်စွဲဖေါ်ပြထားတာကို ပေါ်ပေါ်ထင်ထင်ဘဲ ပြည်တွင်းကိုပြန်လိုက်-သွားလိုက် လုပ်နိုင်ခဲ့တာဟာ…..၊

မဆလ တခေတ်မှာ ကျောက်မျက် ရတနာကော်ပိုရေးရှင်းဆိုတာ အာဏာရှင်နေ၀င်းနဲ့ ရင်းနှီး တဲ့အသိုင်း အ၀ိုင်း က လူတွေ၊ နေ၀င်းစိတ်တိုင်းကြ အလွဲသုံးစားလုပ်နေတဲ့ ဌာနတခုပါ၊ အဲဒီအလုပ်ထဲက မောင်မောင် ဆိုသူဟာ နေ၀င်း  ရဲ့  လူယုံ ၁၀ ယောက်ရွေးပြီး ဂျာမဏီကို ပညာတော်သင်လွှတ်တဲ့ အထဲက တယောက်ပါပဲ။
မောင်မောင်ပေးတဲ့ ပထမဦးဆုံးသင်ခန်းစာဆိုတာ ၈၈ အရေးအခင်းဖြစ်တဲ့အချိန်မှာ အထဲကလူတွေကို နယ်စပ်ကိုပို့  ပေးနေကျ လူတယောက်က အကြိမ်ကြိမ်လူတွေထုတ်ပေးခဲ့တယ်..၊ ဘာပြသနာမှ မတက်ခဲ့ပါဘူး၊ မောင်မောင်ကို ပို့  ပြီး အပြန် မြိတ်မြို့ မှာ အဖမ်းခံရတော့တာပဲ။ မောင်မောင် လူတွေကို ချကြွေးပြီး သူ့ အတွက်လုပ်တတ်တာ အဲဒီက စတာပေါ့။
၁၉၉၀ ခုနှစ်က ဘန်ကောက်က ကျောင်းသားတွေကို ထိုင်းအာဏာပိုင်တွေက ဖမ်းပြီး ရနောင်းကနေ ကော့သောင်း တဘက်ကမ်းကို လှေနြဲ့ပန်ပို့ ခဲ့တုံးက ပေါ့…..၊ဘ၀ပျက်ပြီး ဘာသာရေးအသင်းအဖွဲ့ တခုမှာခိုကပ်စားနေတဲ့ မောင် မောင်က ရနောင်းကို ကျွမ်းကျင်တာကြောင့် အဲဒိ ဘာသာ ရေးအဖွဲ့ (JRS)က မြန်မာကျောင်းသားတွေကို လိုက်ကူ ညီဖို့  သူနဲ့ ဝန်ထမ်းတဖွဲ့ ကိုလွတ် ခဲ့ တယ်။
“အလကားသွားကူမနေပါနဲ့  ..၊ကျောင်းသားတွေကို ဟိုဘက်က ဖမ်းလိုက်မှ ပိုသတင်းကြီးမှာပေါ့…” ဒါကတော့ သူပါးစပ်ကနေ ထုတ် ဖေါ်ပြောခဲ့တာ။ သူအချိန်မှီမကယ်ခဲ့လို့  ကျောင်းသားတချို့  စစ်တပ်နောက်ပါတော့မှာကြောင့် လှေပေါ်ကနေ ခုန်ချပြေးသူပြေး၊ မိမိကိုယ်မိမိဓါးနဲ့ ထိုးပြီး သတ်သေတဲ့အထိဖြစ်ခဲ့ပါတယ်။
  သူဟာ နိုင်ငံရေးကို သင်တန်းဆင်းတယောက်လို အလုပ်တွေကို ကျွမ်းကျွမ်းကျင်လုပ်ပြနိုင်လို့  KNU လို NCGUB အဖွဲ့ တွေထဲ ကိုတောင် မှ အချိန်တိုအတွင်းဝင်ရောက်ထိုးဖေါက်ကစားနိုင်ခဲ့ တယ်၊ 
ပြီးတော့ ဂျပန်တယောက်ရဲ့  ဘတ် ၁ သန်းလောက်တန်တဲ့  ပတ္တမြား တလုံးကိုလည်း ရောင်းပေးမယ်ဆိုပြီး ဒညတ သန်းလွင်နဲ့ ပေါင်းပြီး၁၉၈၉ ခုနှစ်လောက်က လိမ်ခဲ့ဘူး သေးတယ်။ အဆိုးဆုံးက သူ့ ရဲ့ အမည်အရင်းကအစ လိမ်ပြီး ၈၈ တော်လှန်ရေးလောက ကို နောက်ကြောင်း ဖုံးဖိထား ပြီး ပုံမှန်မ ဟုတ်တဲ့ နည်းတွေနဲ့ ဝင်ရောက်လာခဲ့  တဲ့သူပါ။
၁၉၉၂ လောက်မှာ ပင်လယ်ပြင် စစ်ဆင်ရေးဆိုပြီး တိုက်ချင်ခိုက်ချင်စိတ်မကုန်သေးတဲ့ ၈၈တုံးကတောခို ကျောင်း သား တွေကို လူစုပြီး ပင်လယ်ဝက မြန်မာစစ်ရေးတပ်စခမ်းတခုကို သံချေးတက်နေတဲ့ သေနတ်အစုတ် တလက်နဲ့  တွန်းလွတ် ချကြွေးခဲ့တဲ့ သူ့ ရဲ့ လုပ်ရပ်ကို နားကျည်း နေ တဲ့ သူတွေက ပြောကြဆိုကြတာက လွဲလို့  ဘယ်သူကမှ လက်တွေ့  လက်တုန့်  မပြန်ခဲ့ကြသေးပါဘူး၊
အတိုက်အခံနိုင်ငံရေးအဖွဲ့ တွေက ရေးတင်တဲ့  ပြည် တွင်းလုပ်ငန်း တွေမှာ သုံးမယ့်ငွေစာရင်းတွေကို အင်္ဂလိတ်လို ကောင်းကောင်းရေးပြီး နိုင်ငံခြားသား အကြိုက် တင်ပေးတပ် တာ ကြောင့် အဝေး ရောက် အစိုးရ၀န်ကြီးတွေကြားမှာ

သူ့ ကိုလူသုံးများ လာရာကနေ တယောက်ထဲစိတ်တိုင်း ကြ စားလို့  ရအောင် အလုပ် သမားအဖွဲ့ (FTUB)ကိုထောင် လိုက် ပါ တယ်။ သူမျှော်လင့်ထား တဲ့အတိုင်း ..နိုင်ငံရေးလုပ် ကွက်က ငွေပုံကြီး သူ့  အောက် ကိုရောက်ခဲ့ပြီး အတိုက်အခံ လောက တခုလုံးကို ငွေနဲ့  ဘဲ သူလက်အောက်ခံအ           ဖြစ် အာဏာ သိမ်းနိုင်ခဲ့ပါပြီ။
သူ့ အဖေ က NLD မှာ တတိယ တာဝန်အရှိဆုံး ပုဂ္ဂိုလ် ဦး   ညွန့် ဝေ ဖြစ်နေ လျှက်နဲ့  ယနေ့ အထိ ပြည်ထဲမှာ ဘာတ ခုမှ ပြသနာမတက်ခဲ့ ဘူး။ သူမိသားစုဟာလည်း စီးပွားမပြက် သေး ဘူး စစ်တပ်ရဲ့ ချိန်းခြောက်တာ လေး တောင်မရှိခဲ့ပါ၊ သို့ သော်….သူချကြွေးစတေးခဲ့လို့  ပြည်  တွင်းမှာ ထောင်နန်း စံခဲ့ရသူတွေ က သူ့ ရဲ့  လက်ရှိ အ သက် ထက်များ မှာပါ။
 မကြား သေး မှီက အလုပ်ကနေ ရပ်ဆိုင်းခံရတဲ့  အမျိုး သမီး အဖွဲ့ ဝင် တဦးရဲ့  မထမ ယောက်ကျားနဲ့  မွေးတဲ့ သမီး ဟာဆိုရင် ..နယ်စပ်မှာပွဲတိုင်းကျော် နိုင်ငံရေး ကိုနှစ်ရှည်လုပ်ပြီးကာမှ ပြည်တွင့်း သိုပြန်ဝင်သွားစဉ် အဖမ်းခံခဲ့ ရ တယ်။ ထိုအ ချိန်က မောင်မောင် ရဲ့  အနီးကပ်ဆုံးတယောက် ရဲ့  သမီးဖြစ် တာ ကြောင့် နအဖ က အလွယ် တ ကူပြန် လွှတ်ပေးအောင် လုပ် ပေးနိုင်ခဲ့ တယ် ၊
 ဒါဟာ မ နှစ်လုံး မောင်မောင်ရဲ့  မြုပ် ကွက် တခုပါ ၊ပြည်ပက အလုပ် သမား အဖွဲ့  နဲ့  ပါတ် သက် နေသူတွေ ကို လွတ်အောင် လုပ်လိုက်တဲ့ အခါမှာ သူ့  အဖွဲ့  စည်းက နံမည်ကောင်း ရခဲ့တယ်၊.အဆိုပါအမျိုးသမီးအဖွဲ့ ဝင်ကို နိုင်ငံ ရေး အသိုင်းဝန်းက သံသယဖြစ် သွားတာ တော့ တခြားနယ်စပ်က အတိုက်ခံတွေနဲ့ ပါတ်သက်တဲ့သူတွေ အားလုံး ပြည်တွင်းမှာ ထောင်နှစ်ရှည်တွေ ကျနေပြီးအလုပ်သမားအဖွဲ့ ကနေ ပြည်တွင်းကိုပြန်လွတ်လို့  အဖမ်းခံရတဲ့သူတွေ နဲ့  အတူ ဖမ်းမိတဲ့ သက်သေခံပစ္စည်းတွေ အထူးသဖြင့် ကွန်ပြူတာနဲ့  ဂြိုလ်တု ဆက်သွယ် ရေးဖုန်းတွေမှာ ဖွင့်လိုက်တာ နဲ့  အလုပ်သမားအဖွဲ့ တဆိပ် တွေရေး ထိုးထားတတ်ပါတယ် ၊မိတဲ့ တရား ခံဟာ ဘာမှငြင်းလို့ မရဘဲ သတင်း စာရှင်းလင်းပွဲမှာ အလုပ်သမားအဖွဲ့  နံမည် ထွက်လာတဲ့အခါနိုင်ငံတကာမှာ နံမည် ပေါက်ပြီး အလှူ ရှင်တွေက ပို ယုံကြည်သွားတာပေါ့။

တခါတုံး သူအဖွဲ့  က အတွင်းရေးမှူးတယောက်(သန်းလွင်)ဟာ ဘယ်နေ့ မှာ သူ့ အဖွဲ့  ၀င်တွေပြည်တွင်းမှာ အဖမ်းခံရတော့ မယ်ဆိုတဲ့ သတင်းကိုတောင်ကြို ပြောနိုင်ခဲ့သေးတယ် ။တဖက်ကိုထိုးကြွေးပြီး တဖက်က ကင်းယူတဲ့ ကစား ကွက်က FTUB ရဲ့  ရွေ့  နေကြ ကျားကွက် ပါဘဲ။

တချိန်က မောင်မောင်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) ကနေ သေဒဏ်သတ်မှတ်ခဲ့ဘူး တာဟုတ် မှန် ကြောင်း ကို ကရင် ထောက်လှမ်းရေး အရာရှိတဦးက ထုတ်ဖေါ်ပြောဆိုခဲ့သော်လည်း နောက်ပိုင်းမှာ ကရင် ထိတ် တန်းခေါင်းဆောင်ပိုင်းတွေကို ငွေပေးပြီး ကြေအေးအောင် မနှစ်လုံးမောင်က သင်ပုန်းချေနိုင်ခဲ့ပါတယ်။
လတ်တလော ထင်ရှားတဲ့အံ့သြဖွယ်အဖြစ်ပျက်ကတော့ ၂၀၁၁ရွေး ကောက်ပွဲ ကာလ ပြည်တွင်းက ပဲခူးတိုင်းအတွင်း မှာ ရွေးကောက် ပွဲကို ပြည်ပကနေငွေယူ ဆန့် ကျင်ပွဲတွေလုပ်ခဲ့တဲ့သူရဲ့  အလုပ်သမားအဖွဲ့ က ဦးမင်းမောင် ဆိုသူ မနှစ်လုံးရဲ့ လူ ဟာ NDF ပါတီကိုယ်စားပြုပြီး ရွေးကောက်ပွဲကာလမှာ လွတ်တော် အမတ်အဖြစ်ဝင်ပြိုင်ခဲ့ ပါတယ်။ ယခုနောက်ဆုံး သူနဲ့  အိုးစားကွဲ သွားသူ အဖွဲ့ ဝင်တယောက်က မောင်မောင်ရဲ့  လေယျဉ် ခရီးစဉ်တွေကို ဖွင့်ချခဲ့ ရာမှာ နာမည်အရင်း နဲ့ သုံးကြိမ်ပြန်ဝင်ခဲ့ကြောင်းကို တမင်ဖေါ်ထုတ်ခဲ့သော်လည်း မော်မောင်ကတော့ အရူးကွက် နင်းပြီး သတင်းဌာနတခုကနေ လေယျဉ်ခရီးစဉ်ဖေါ်ပြတဲ့ရက်ပိုင်းက သူကိုယ်တိုင်အစည်းဝေး တခုမှာရောက်နေ ကြောင်းပါတဲ့ ၊ ဒါဆိုရင် THAI airway လေကြောင်းဌာနကို မဟုတ်မမှန်လုပ်ကြံအသရေဖျက်မှုနှင့် ဘာကြောင့်များ တရား မစွဲပါသလည်း?. ၊မောင်မောင်(FTUB)ဆိုလိုက်ရင် ရန်သူပြောက်နေတဲ့ အတိုက်အခံတွေလောကမှာ ဒေါ်လာ ကို သန်းနဲ့  ချီကိုင် ထားနိုင်တဲ့ ကြွယ်ဝသူတယောက်ဖြစ် နေပြီမို့ အားလုံးက ကိုမောင်.. ဆရာ မောင်. . ဦးမောင်..နဲ့  တမောင်ထဲ မောင်နေကြတော့..ဘယ်သူတွေ တိုက်ကြခိုက်ကြပါစေ သူကတော့ ဇတ်စင်ပေါ်က လူပါ.. ဒီလိုနှစ် ဘက်ခွ စားနေသူ ဖေါက်ပြန်ရေးသမားကိုမှ ဘယ်တော်လှန်ရေး-နိုင်ငံရေးအဖွဲ့ မှ အရေးမယူကြဘူး ဆိုပါလျှင် အားလုံးဟာ မောင်မောင်လိုလူစားတွေလားဆိုတာ စဉ်းစားစရာဖြစ်နေပါပြီ။
(အောင်ဇာနီ)
အီးမေလ် မှရ၍ ပြန်လည်တင်ပြပေးပါသည်။
 

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊