Saturday 19 March 2011

ရေတပ်က စစ်ရေးလေ့ကျင့်မှုသတင်း

zaw gyi one

ရေတပ် အသိုင်းအ၀ိုင်းကလည်း အားကျမခံဘဲ ထိပ်တန်းလျှို့ဝှက် အဆင့်ရှိတဲ့ ရေတပ်လေ့ကျင့်မှု သတင်းတစ်ပုဒ်ကို စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်သို့ ပေးပို့လာပါတယ်။ တပ်မတော် (ရေ) အနေနဲ့ ၁၀၈ မီတာ ဖရီးဂိတ် စစ်ရေယာဉ်ဖြစ်တဲ့ (အောင်ဇေယျ) သင်္ဘောကြီး အပါအ၀င် ရေတပ်စစ်သင်္ဘောများကို တနင်္သာရီတိုင်း ရေတပ်စခန်းဌာနချုပ် နယ်မြေအတွင်း ကမ်းရိုးတန်းအနီး ဇာဒက်ကြီးကျွန်းတ၀ိုက်မှာ မတ်လ ဒုတိယပတ်အတွင်း စစ်ရေးလေ့ကျင့်မှု ပြုလုပ်သွားမယ်လို့ သိရှိရပါတယ်။ရေတပ်ရဲ့ ပထမဦးဆုံး ဖရီးဂိတ် စစ်သင်္ဘောကြီးကို ပင်လယ်ပြင်မှာ ရေချတဲ့ အခမ်းအနားတွင် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးကိုယ်တိုင် တက်ရောက်ချီးမြှင့်ခဲ့ရာ ဒီဇိုင်းလွဲနေတာကြောင့် တရုတ်နိုင်ငံမှ ဖရီးဂိတ် (၃) စီးကို အပူတပြင်း ထပ်မံဝယ်ရတဲ့ အစီအစဉ်ကို ပြုလုပ်ခဲ့ရပါတယ်။ အဲဒီနောက် ဗိုလ်မှူးကြီး မိုးအောင်ကို ဗျူဟာရေယာဉ်စုမှူးကြီးအဖြစ် တာဝန် ပေးအပ်ခဲ့ပါတယ်။  အဆိုပါ ဒီဇိုင်းလွဲနေတဲ့ ဖရီးဂိတ် စစ်သင်္ဘောကြီးကို ရန်ကုန် သီလ၀ါမှာ မြောက်ကိုရီးယားနဲ့ ပူးတွဲတည်ဆောက်ခဲ့တာ ဖြစ်ပြီးတော့ ရေပြင်တွင် ရေချနိုင်သော်လည်း အထက်မှာ တင်ပြခဲ့သလို ဒီဇိုင်းလွဲနေကာ အဆင်မပြေခဲ့တာကြောင့် လက်နက်တပ်ဆင်တဲ့ အပိုင်းကိုသာ မြောက်ကိုရီးယားမှ ဆက်လက် တာဝန်ယူခဲ့ရပါတယ်။


သင်္ဘောများဟာ တရုတ်နိုင်ငံလုပ်ဖြစ်ပြီး တပ်ဆင်ထားသော လက်နက်များကတော့ မြောက်ကိုရီးယားမှ ၀ယ်ယူထားတဲ့ missile များ ဖြစ်တာကြောင့် စွမ်းရည်သိရှိနိုင်ဖို့ စမ်းသပ် ပစ်ခတ်မယ်လို့ သိရှိရပါတယ်။ မြောက်ကိုရီးယား ပညာရှင်များနဲ့ ပူးပေါင်း ထုတ်လုပ်ထားတဲ့ အဆိုပါ Missile  လက်နက် ပစ်ခတ်မှုစနစ် တပ်ဆင်ထားမှုဟာ ထိရောက်မှု အတိုင်းအတာ ရှိ/မရှိ ဆိုတာအပြင် ထိုင်းနိုင်ငံအား ရည်ရွယ်ပြီး လိုအပ်က စစ်ဆင်နိုင်ဖို့လည်း တပါတည်း လေ့ကျင့်သွားမယ်လို့ သိရှိရပါတယ်။

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊