Wednesday 23 March 2011

အရောင်ပြောင်းသွားသည့် နာမည်ကျော် စေတီ ကောင်းမှုတော်

zaw gyi one
ရွှေရောင် ကောင်းမှုတော်
ဓာတ်ပုံသတင်း   -   မတ် ၂၁၊ ၂၀၁၁
အရောင်ပြောင်းသွားသည့် နာမည်ကျော် စေတီ။
ယခုလ ၁၄ ရက်နေ့က အွန်လိုင်းသို့ ရောက်လာသောပုံ (Photo: Ping Long )
အသွင်ပြောင်း ကောင်းမှုတော်အကြောင်း မတူကွဲပြားသည့် အမြင်များကို ဤနေရာ http://moemaka.blogspot.com/2011/03/ridiculous-idea-and-kaung-hmu-daw.html
တွင် ဖတ်ပါ။


ထုံးသင်္ကန်းမှ ရွှေသင်္ကန်းသို့ ပြောင်းလဲရသည့် ကောင်းမှုတော်စေတီ
(နွားကျောင်းသားကိုဝင်း စုစည်းသည်)   မတ် ၁၇၊ ၂၀၁၁
စစ်ကိုင်းမှ ၃၇၅ နှစ် သက်တမ်းရှိ ကောင်းမှုတော်စေတီသည် အဖြူရောင်မှ ရွှေရောင်သို့ ပြောင်းလဲနေသည်။ ရှေးဟောင်းစေတီကို ကြီးမားသည့် အပြောင်းအလဲ ပြုလုပ်လိုသူမှာ စစ်အစိုးရခေါင်းဆောင်ဖြစ်သည်ဟု အများက ယူဆကြသည်။ ဤပြောင်းလဲမှုနှင့် ပတ်သက်သည့် အချက်အလက်များ၊ အသံများကို စုစည်း ဖော်ပြလိုက်သည်။


မြန်မာတိုင်းမ် ဂျာနယ်၊ လျှပ်တစ်ပြက်ဂျာနယ်တို့မှ အချက်အလက်များ
လိုအပ်သည့် ရွှေဆေးဆီ ဂါလန်ပေါင်း - ၈၀၀ ကျော်
ကုန်ကျစရိတ် ခန့်မှန်းချေ - သိန်း ၂၀၀၀
နှစ်စဉ် ထုံးသင်္ကန်း ကုန်ကျစရိတ် - ၁၀ သိန်း
ရသော အလှူငွေပေါင်း - သိန်း ၆၀၀၀ ကျော် (ဖေဖော်ဝါရီ လဆန်း)
ကမ္ဘောဇဘဏ်၏ အလှူ - သိန်း ၁ဝဝဝ



ဖေဖော်ဝါရီ ၄ ရက်နေ့ထုတ် မြန်မာတိုင်းမ်
သတင်းမှ တခဲနက် ထောက်ခံသံများ

ကျွန်တော် ငွေကြေးတော့ တအား မတတ်နိုင်ဘူး။ ဒါ့ကြောင့် ဒီဘုရားမှာ လုပ်အားဒါန လာလုပ်တာပါ။ ထုံးကြေး ချွတ်တာကို ၀ိုင်းကူပေးတယ်။ ဆေးသုတ်ဖို့ လိုအပ်တဲ့ ရေတွေကို ထမ်းပေးတယ်။ ကျွန်တော်တို့နယ်ကဘုရား ထုံးစေတီကနေ ရွှေစေတီကြီး ဖြစ်သွားတာ ၀မ်းသာတာပေါ့ဗျာ။

ကိုခင်မောင်သန်း၊ စစ်ကိုင်း မြို့သား

ရွှေ သင်္ကန်းကပ်ချင်နေတာကြာပြီ။ ဒီစေတီ တစ်ဆူလုံးကို ရွှေသင်္ကန်းကပ်ဖို့ ဆိုတာ ငွေကြေးတတ်နိုင်မှ ဖြစ်မှာလေ။ အဲဒါနဲ့ ဩ၀ါဒါဆရာတော်တွေကို ပင့်ဖိတ်ပြီး အကြံဉာဏ် တောင်းတယ်။ ဆရာတော်တွေကလည်း မြန်မာနိုင်ငံမှာ ရှိတဲ့ စေတီ သေးသေးလေးတွေက အစ ရွှေရောင် တ၀င်းဝင်းနဲ့ ဖြစ်နေတာ။ ဒီစေတီကြီး ရွှေသင်္ကန်းကပ်တာ ၀မ်းမြောက်ပါတယ်လို့ တစ်ပြိုင်တည်း မိန့်ခဲ့ကြတယ်။ ဒါနဲ့ ကျွန်တော်တို့လည်း နိုင်ငံတော် ကိုတင်ပြပြီး သတင်းစာတွေကနေ ကြော်ငြာ ထည့်ကြတာပါ။
ဦးတုပ်၊ ကောင်းမှုတော် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ




မြန်မာနိုင်ငံမှာ တောကြိုအုံကြားက ဘုရားတောင် ရွှေစေတီတွေ ဖြစ်ကုန်ပြီ။ ဦးပဉ္စင်းတို့ ဘုရားက ရှေးအဆက်ဆက်က တည်ခဲ့တဲ့ သမိုင်းဝင်ဘုရားလေ။ သူ့ကိုလည်း ရွှေသင်္ကန်း ကပ်သင့်တယ်လို့ ထင်တယ်။ ရှေးဟောင်းဘုရား တစ်ဆူဟာ ထုံးစေတီကနေ ရွှေရောင် စေတီဖြစ်သွားရင် သာသနာ အတွက် ပိုမကောင်းပေဘူးလား။
ဒီဘုရားကြီးကို ရွှေသင်္ကန်း မကပ်နိုင်လို့ ထုံးသင်္ကန်းပဲ အမြဲကပ်နေရတာ။ အခုတော့ ရွှေသင်္ကန်း ကပ်နိုင်သွားပြီလေ။
ဦးဥတ္တမသာရ၊ ကောင်းမှုတော်စေတီ ဩ၀ါဒါ ဆရာ တော် ၁၀ ပါးတွင် ပါဝင်သူ

တခြားမီဒီယာပေါင်းစုံမှ ၀မ်းနည်းသံများ

မြန်မာဘုရင်တွေ ရွှေသင်္ကန်းမကပ်ခဲ့ဘူး ဆိုတာ မကပ်နိုင်လို့ မဟုတ်ဘူးလေ။ ရည်ရွယ်ချက်တခုနဲ့ မကပ်ဘဲ ထားခဲ့တာ။ ထုံးဖြူဖြူနဲ့ ကြည်ညိုဖွယ်ရာ၊ သပ္ပာယ်ဖွယ်ရာ ဖြစ်တာပဲ။ ရွှေမရှိတဲ့ ဘုရား လူမလေးစား ဆိုတာ မရှိပါဘူး။

ညီစေမင်း၊ စာရေးဆရာ
ဧရာဝတီ
မတ် ၁၀


ရွှေတိဂုံ စေတီတော်ရဲ့ ကောက်ကြောင်း ပုံသဏ္ဌာန်က “ကကြီး” လိုင်းလေးတွေ ရှိတယ်။ ဒီတော့ အပြာခံခံ၊ အနက်ခံခံ ကုန်းမို့မို့ပေါ်မှာ ရွှေစေတီကြီးက သပ္ပာယ်တာ မှန်ပါတယ်။ ကောင်းမှုတော်ကျတော့ ပျူ၊ သရေခေတ္တရာ ခေတ်က “ကကြီး” လိုင်းနဲ့ ပိုတူတယ်။ စစ်ကိုင်းတောင်ရိုး နောက်ခံ၊ ထုံးဖြုဖြူနဲ့ ဆိုတော့ ပိုကြည်ညိုစရာ ကောင်းတာပေါ့။

ဦးအေးမြင့်
(မြန်မာမူ ဒီဇိုင်းသုတေသီ)

ဧရာဝတီ


ကောင်းမှုတော်ဘုရားကြီးကို လုံးတော်ပြည့် စတင် ရွှေချနေကြပါပြီ။ ကျမစိတ်ထဲတော့ ဝမ်းနည်းသလိုလိုကြီးပါ။ ထုံးနဲ့ရွှေ ဘယ်သင်းက ပို တန်ကြေးရှိတယ် ဆိုတာတော့ သိပါရဲ့။ နို့ပေတဲ့ ခုဟာက စရစ်ဝိုင်းနဲ့ သနပ်ခါးအဖွေးသား တောကလုံမပျိုကို အိုမီဂါပုံ ညှပ်ပြီး မိတ်ကပ် အတင်း လူးပေးသလို ခံစားမှုမျိုးပါ။
ချစ်ကြည်အေး၊ ဘလော်ဂါ
chitkyiaye.com
February 17, 2011


ရှေးဟောင်း အစဉ်အလာ လက်ရာကြီး ပျက်စီးသွားပြီလို့ ပြောရမယ့် အချိန် ဖြစ်နေပါပြီ။
ဒေါက်တာကောင်းညွန့်၊ Auckland တက္ကသိုလ်၊ နယူးဇီလန်
RFA ဗီဒီယို
မတ် ၁



ကောင်းမှုတော်ကိုတော့ ရွှေဆေးသုတ်မယ်လို့ ကြားတဲ့အတွက် စိတ်မကောင်းဘူးလို့ (Hot News ဂျာနယ်မှာ) ဆရာ ရေးလိုက်တယ်။ အခုတော့ ကောင်းမှုတော်ကို ရွှေဆေးသုတ်တဲ့ အလုပ်ကို ၂ လ အတွင်း ပြီးအောင် အမြန်ဆုံး ဆောင်ရွက်မယ် ဆိုတဲ့ သတင်းတွေ ထပ်ကြားရတော့ စိတ်မကောင်းတဲ့ အဆင့်ကနေ ရင်ကွဲနာကျတဲ့ အဆင့်ကို ရောက်သွားပြီ။ ---- ယဉ်ကျေးမှု လက်ရာတွေကို ထပ်ပြီးတော့ မဖျက်ဆီးကြပါနဲ့လို့ ထပ်ပြီးတော့ မေတ္တာရပ်ခံချင်တယ်။
လူထုစိန်ဝင်း၊ စာနယ်ဇင်းသမား
RFA ဗီဒီယို မတ် ၁

ဘယ်ကငွေနဲ့ ဒီဟာတွေ အားလုံးကို လုပ်မှာလဲ။ ဒါလည်း ကျနော် စိတ်ဝင်စားတယ်။ ---- တခါတလေတော့ တဦးတယောက်က ကုသိုလ် လုပ်တာပဲ။ ဒါပေမယ့် လူတော်တော်များများ အကုသိုလ် ဖြစ်သွားတာလည်း ရှိတတ်တယ်။ အဲဒီလိုဖြစ်မကုန်အောင်တော့ ကာယကံရှင်ကလည်း ဂရုစိုက်ဖို့ ကောင်းတယ်။ လူတွေကလည်း သတိရှိကြရမယ်ဗျ။

ဝင်းဖေ၊ စွယ်စုံရ အနုပညာရှင်
RFA ဗီဒီယို မတ် ၁


ရှေးဟောင်းပစ္စည်းအမွေကို မထိခိုက်ဘူး ဆိုရင်သာ ပြုပြင်ခွင့် ရှိတယ်။ ရမ်းပြီးတော့ ကိုယ့်ယတြာနဲ့ကိုယ် လုပ်လိုက်ရင် တိုင်းပြည် ရတနာ အမွေကို ဆုံးရှုံးသွားလိမ့်မယ်။
မောင်စွမ်းရည်၊ စာရေးဆရာ
RFA ဗီဒီယို မတ် ၁



No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊