Wednesday 23 March 2011

FTUB ဦးမောင်မောင် စစ်ဆေးရေး ကော်မရှင် NCUB ဖွဲ့

zaw gyi one
မြန်မာ အတိုက်အခံ တပ်ပေါင်းစု ခေါင်းဆောင် တဦးဖြစ်သည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) ၏ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင် မြန်မာနိုင်ငံတွင်းသို့ ၃ ကြိမ် သွားရောက်ခဲ့သည် ဆိုသည့် လတ်တလော ထွက်ပေါ်နေသော သတင်းများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု ပြုလုပ်နိုင်ရန် ကော်မရှင် တရပ် ဖွဲ့စည်းလိုက်သည်ဟု သိရသည်။
ftub-mgmg
ယခုလဆန်းပိုင်းက အမေရိကန်နိုင်ငံ ဖို့ဝိန်းမြို့တွင်ပြုလုပ်သည့် မြန်မာ့ဒီမိုကရေစီအရေး အင်အားစုများ ညီလာခံသို့ တက်ရောက်ခဲ့သည့် ဦးမောင်မောင် (ဘယ်) (ဓာတ်ပုံ - ဧရာဝတီ)
စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ပြီးခဲ့သည့်စနေနေ့က ထိုင်း-မြန်မာနယ်စပ် တနေရာတွင် ဖွဲ့စည်းခဲ့ရာ ဒေါက်တာအေးကျော်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ပဒိုစောအားတိုး၊ မိုင်ဘုန်းကျော် နှင့် ဦးသိန်းဦး တို့ ပါဝင်သည်။

၎ ဦးပါ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ကို NCUB ၏ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ဖွဲ့စည်းထားပြီး လွတ်လပ်သည့် စုံစမ်း စစ်ဆေးမှုများအတွက် လုပ်ပိုင်ခွင့် အပြည့်အ၀ အပ်နှင်းထားသည်။

၎င်းအဖွဲ့က လိုအပ်သည့် အဖွဲ့အစည်းများ၊ သက်ဆိုင်သူများအား မေးမြန်းစစ်ဆေးမှုများကို အမြန်ဆုံး ပြုလုပ် သွားမည် ဖြစ်ကာ စုံစမ်းစစ်ဆေး တွေ့ရှိချက်များကို NCUB သဘာပတိအဖွဲ့ထံသို့ တင်ပြ အစီရင်ခံသွားမည် ဖြစ်သည်။

ကော်မရှင်၏ စစ်ဆေးတွေ့ရှိမှု အစီရင်ခံချက်များအရ NCUB သဘာပတိအဖွဲ့က ဖြစ်စဉ်နှင့်ပတ်သက်၍ ကြားနာ သွားမည်ဟု အမည်မဖေါ်လိုသည့် တပ်ပေါင်းစု ခေါင်းဆောင်တဦးက ပြောသည်။

NCUB သည် ထိုင်း - မြန်မာနယ်စပ်အခြေစိုက် တိုင်းရင်းသားအဖွဲ့များနှင့် ဒီမိုကရေစီ အတိုက်အခံ အင်အားစုများ ပေါင်းစပ် ဖွဲ့စည်းထားသည့် တပ်ပေါင်းစုအဖွဲ့တဖွဲ့ဖြစ်သည်။

ဦးမောင်မောင်သည် လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်မှစ၍ မြန်မာနိုင်ငံသို့ ၃ ကြိမ် သွားရောက်ခဲ့သည်ဟု ဦးမောင်မောင်၏ မိခင်အဖွဲ့အစည်း ဖြစ်သော မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (FTUB) ၏ ဘဏ္ဍာရေးမှူးဟောင်း ဦးဇော်ထွန်းက ယခုလ ၃ ရက်နေ့တွင် အင်တာနက် စာမျက်နှာများမှတဆင့် ဖွင့်ချခဲ့သည်။

အဆိုပါ ဖွင့်ချချက်များကို ထိုင်းနိုင်ငံအခြေစိုက် ဒေါက်တာလွဏ်းဆွေ ဘလော့တွင် ထပ်ဆင့် တင်ပြထားရာ ပြည်တွင်း ပြည်ပမှ ၀င်ရောက်ကြည့်ရှုသူ ၁ ရက်လျှင် သောင်းဂဏန်း နီးပါးရှိသည်ဟု သိရသည်။

ဘလော့ဂါ ဒေါက်တာလွဏ်းဆွေက “တော်လှန်ရေး ကောင်းကျိုးကို ရှေးရှုပြီး ဒီသတင်းကို တင်ပြတာပါ။ တော်လှန်ရေး ခေါင်းဆောင်တဦး အနေနဲ့ စစ်အစိုးရနဲ့ သွားတွေ့ရင် ဗိုလ်ချုပ်မြက ဦးခင်ညွန့် တို့နဲ့ သွားတွေ့သလို တရားဝင်သွားရမှာ ဖြစ်တယ်။ အခု ထွက်နေတဲ့ သတင်းအတိုင်း သွားတာဟုတ်ခဲ့ရင် ဒါ ခိုးကြောင်ခိုးဝှက်နဲ့ မရိုးသားတဲ့ ပြဿနာပဲ။ ဒီကိစ္စ မှန်ခဲ့ရင် အရေးယူ ဖော်ထုတ်နိုင်ဖို့ မီဒီယာအနေနဲ့ လူတွေ အမှန်အတိုင်းသိဖို့ တင်ပြပေးတာပဲ” ဟု ဧရာဝတီသို့ ပြောသည်။

စွပ်စွဲချက်များနှင့် ပတ်သက်၍ လုံးဝ အခြေအမြစ်မရှိကြောင်း၊ စွပ်စွဲထားသည့် ကာလများတွင် တပ်ပေါင်းစု အစည်းအဝေးများ၌ ၎င်းရှိသည့် မျက်မြင်သက်သေ များလည်းရှိကြောင်း ဦးမောင်မောင်က ပြည်ပ အခြေစိုက် မြန်မာ သတင်းဌာနများကို ပြောကြားခဲ့သည်။

စွပ်စွဲချက်တွင် ပါရှိသည့် မြန်မာနိုင်ငံ ခရီးစဉ် ၃ ခုအနက် ၂ ခုကိုသာ ဦးမောင်မောင်ဘက်က သက်သေ အကိုးအကားများနှင့် ဖြေရှင်းနိုင်ခဲ့ပြီး ကျန်ခရီးစဉ် ၁ ခုနှင့် ပတ်သက်၍ ဖြေရှင်းမှု မရှိသေးကြောင်း သိရသည်။

လတ်တလော ထွက်ပေါ်နေသည့် မြန်မာ အတိုက်အခံခေါင်းဆောင် တဦးအပေါ် စွပ်စွဲချက် များနှင့် ပတ်သက်၍ တပ်ပေါင်းစု အဖွဲ့အစည်းများနှင့် မဟာမိတ်များအကြားတွင် စုံစမ်းရေး ကော်မရှင်၏ အစီရင် ခံစာကို အထူးစိတ်ဝင်စားလျက် ရှိသည်ဟု တိုင်းရင်းသား လ

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊