Wednesday 6 April 2011

သြော်......သင်္ကြန်ရောက်လာပြီးနော်

            စာမရေး ဖြစ်တာလဲကြာပြီ။ကွန်ပြူတာ မကိုင်တာလဲကြာပြီ ရေးမယ်ရေးမယ် နဲ့ မရေးဖြစ်တာ များတယ်။ ဒါနဲ့မနေ့က တော့လိုင်းပေါ်တက်ပြီး ဟိုဖတ်ဒီဖတ် နဲ့သူငယ်ချင်းတွေက မေးကြတယ်။သင်္ကြန်ပွဲ လုပ်မှာလားတဲ့ ကျွန်တော်ကပြန်မေးလိုက်တယ် သင်္ကြန်ရောက်ပြီလား လို့မေးတော့ နောက်အပတ်ဆို  ရောက်ပြီတဲ့။ အော်...သူတို့ပြောမှ  သင်္ကြန်ရောက်တော့  မယ်ဆိုတာသိလိုက် ရတယ်။ 
        
                   သင်္ကြန်ပွဲတွေ မတွေရတာ ပြန်တွက်ကြည့်တော့ ၁၆ နှစ်ကာလတောင် ရောက်ပြီးဘဲ။သြော် ရာသီတွေတရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ပေမဲ့ ၁၆ နှစ်ကာလကို နောက်ပြန်လှည့်ကြည်တော့လည်း  ဘဝကဘာမှ မထူး အသက်တွေသာကြီးသွား ၊ ဆံပင် ညိုတွေတောင် ဖြူသွားတာ ငါ ဘဝဟာဘာမှမထူးဘူး၊ သြော်ဘဝ ဘဝ လိုတွေပြီးကိုယ့်ကိုကိုယ် ပြုံးလိုက်မိတယ်၊ ဒါနဲ့ သင်္ကြန်ဆိုတာကိုပြန်ပြီး စဉ်းစားလိုက်ပြီး ဒီစာလေးကို ရေးလိုက်မိတာပါ။

          နွေဦးရောက်လို့ လေရူးပွေခဲ့ပြီ ၊ ရွက်ဟောင်းတွေတောင် ကြွေနေပြီ ၊ ဘယ်နေရာ ကိုကြည့်ကြည့် အရိုး တံတွေခြောက်ကပ်နေတဲ့ သစ်ပင်တွေ ၊ ရေတွေခြောက်ခန်းနေတဲ့ ရေအိုင်တွေ ၊ သဘာဝအလှတွေနဲ့ လိပ်ပြာလေးတွေကလည်း  အရောင်ပေါင်းစုံ နဲ့ မိုးကောင်းကင်ကို  ကြည့်လိုက်တော့လည်း  တိမ်ပြာတွေ ဖုံးလို့  ဘယ်ကိုလွမ်းလို လွမ်းရမယ်တောင်မသိဖြစ်နေတဲ့ နွေအလှတွေလေ။ မောင်ချစ်တို့ ငယ်ငယ်တုန်းက တော့သင်္ကြန် မရောက်သေးဘူး သင်္ကြန်အတွက်စီစဉ်ပြီး ဟိုသွားမယ် ဒီသွားမယ် ကားငှာပြီးဘယ်ကို သွားမယ်နဲ့သင်္ကြန်  ပိုးကရွနေပြီ ၊ ဧပယ်ရူးလို့ခေါ်တဲ့  ဧပယ် တစ်ရက်နေ့ရောက်ပြီးဆိုတာနဲ့ သင်္ကြန်ကျမဲ့ရက်ကို  လက်ရေချိုးပြီး စောင့်နေလိုက်ရတာ ၊တူးပို့တူးပို့ သီးချင်းလေးတွေကလည်း ရင်ခုန်စရာ တမျိုး၊ ၁၃ ရက်နေ့ကလည်း ရောက်ကိုမရောက်နိုင်ဘူး ၊ သင်္ကြန်ဆိုတာ အားလုံးတောင်တနေတဲ့ ပျော်ရွှင် ရမဲ့ရက်လေးတရက် မဟုတ်ဘူးလား ၊ မောင်ချစ်တို့ငယ်ငယ်တုန်းကဆို သင်္ကြန်မှာ အလှကားတွေကလည်း သူအပြိုင်ကိုယ်အပြိုင် ဆင်ထားကြတာ သင်္ကြန်သံချပ်တွေ လိုက်နားထောင် သင်္ကြန်သီးချင်းတွေလိုက် နားထောင် ပျော်စရာကောင်းလိုက်တာ သင်္ကြန်အတောအတွင်းမှာ လျှောက်လည်းရတာ မောလို့မောမှန်း မသိ။မနက် ၃ နာရီအထိ သံချပ်ကားတွေ သင်္ကြန်အလှပြကားတွေ သင်္ကြန်အကတွေ သင်္ကြန်သီချင်းတွေကို နားထောင်လိုက် ကြည့်လိုက် နဲ့ ပျော်လိုက်တာလေ ၊ မောင်ချစ်တို့ သင်္ကြန်မှာတော့ မွန်ပြည်နယ်က ဘီလူးကျွန်းကို တစ်ခေါက်ရောက်ခဲ့ဘူးတယ် ၊ အဲဒီကျွန်းမှာက ရွာကြီး ၆၄ ရွာ ရှိတယ်လေ။ရွာ ဘူရားပွဲ သွားရင်းပေါ့ ၊ တစ်ရွာကိုတစ်ရက် ဘုရားပွဲလုပ်တာလေ ၊ရွာတွေမှာက ရန်ကုန်ကလာပြီးဆိုတာ နဲ့ ဟိုလူ ကဖိတ် ဒီလူကဖိတ်ကျွေးတာ ပျော်စရာလည်းကောင်းတယ် ၊ စိတ်ထဲမှာလည်း  ကြည်နူးမိတယ် ၊ သြော် တို့ နိုင်ငံလူတွေရဲ့ ကောင်းတဲ့စိတ်စေတာနာလေးတွေ ၊ ဘယ်နိုင်ငံမှ ဒီလိုမရှိဘူကြဘူး ၊ ဘုရားပွဲမှာတော့ တစ်ရွာလုံးက အိမ်တွေက အကုန်ချက်ကြတာ မနက်ဆိုရင် ဘုန်းကြီးကျောင်းကို ဆွမ်းအုပ်ပို့ပြီးတာ နဲ့ စပြီးကျွေးတော့တာလေ၊ ရွာတစ်ရွာဘုရားပွဲဆိုရင် ဘေးနားကရွာ ၄ ရွာလောက်က မီးခိုးတိတ် ခလေးခွေးကပါမကျန် လာစားကြတာ ၊ ကျွေးမွေးတဲ့အိမ်တွေကလည်း သိတဲ့သူဖြစ်ဖြစ် မသိတဲ့သူဖြစ်ဖြစ် ခေါ်ကျွေးတာ ၊ လူငယ်တွေ အတွက်ကတော့ ကိုယ်တိုင်ချက်တဲ့ တော အရက်ကတော့ ယာဝင်အိုးလိုက် သောက်ချင်တဲ့သူသောက် ၊ နေ့လည်ဆိုရင်တော့ ရွာမှာလက်ဝှေ့ပွဲရှိတယ် စင်နဲ့တောမဟုတ်ဘူး ။မြေပေါ်မှာ ကြိုးကာပြီးထိုးကြတာ၊   ရွာဘုရားပွဲမှာ   အရက်သောက်ပြီး   မူးပြီးရမ်းကားတာမရှိဘူး ၊ညနေစောင်းတာနဲ့အိမ်တိုင်းအိမ်တိုင်း နွားလှည်းတွေနဲ့ တောင်ပေါ်ကဘုရားကို တောင်အောက်ကနေ ပတ်ကြတယ်။ အနည်းဆုံး နွားလှည်း ၁၀၀ ကျော်ဘဲ ၊ နွားလှည်းပေါ်မှာ မိသားစုလိုက်ပြီးရင် မြို့ကလာလည်တဲ့ လူတွေအတွက် နွားလှည်းစီစဉ်ပေးတယ် ၊ ရွာဘုရားပွဲရောက်ရင်တော့ အိမ်တွင်းပုံးလေးတွေ ထွက်ပြီး ကာလသား တွေကလည်းလူပျိုပတ်ပြီ၊ သင်္ကြန်မှာဘီလူးကျွန်းကို သွားတော့ခံလိုက်ရတယ်။ ဘာခံရတာလဲမေးရင်တော့ ရေပက်တာလေ ၊ မော်လမြိုင်ကနေ ဇက်ကူးပြီးနတ်မှော် ဆိတ်ကမ်းရောက်တော့ ရေပတ်တဲ့သူတွေက ပင်လယ်ရေနဲ့ပတ်တာ ၊ ပထမတော့ စိတ်ဆိုးသွားတယ်။နောက်မှဘေးနားက ရွာခံကိုမေးတော့ ၊ သူတို့က နွေရာသီ ရေရှားလို့ရှိတဲ့ရေနဲ့ပတ်တာတဲ့ ၊ သင်္ကြန်ရေကို  ပင်လယ်ရေနဲ့အပက်ခံရတာ ပထမဦးဆုံးလေ မှတ်မှတ်ရရ ဖြစ်သွားတာပေါ့။ဘုရားပွဲပြီးအပြန်ကျတော့  ရွာကထွက်တဲ့ဒူးရင်းသီ ၊ ပိန်းနဲသီး၊ အစုံဘဲပေးကြတာ၊ သယ်တောင်မ သယ်နိုင်လို့ တားယူရတယ် ၊ သြော် စေတနာတွေ ဘယ်လိုမှတန်းဖိုးမဖြတ်နိုင်တာလေ၊ 
   
        သင်္ကြန်မှာဟိုအရင် ၁၆ နှစ်ကာလမှာ ပျော်ရွှင်လေးတွေ သတိရမိတော့ သြော် လက်ရှိမြန်မာပြည်မှာ ဒီလိုပျော်ရွှင်နိုင်ဦးမလား ၊ ဒီလိုကျွေးနိုင်ဦးမှာလား ၊ စဉ်စားမိတယ် ၊ ဘာလိုလဲဆိုတော့ မောင်ချစ်တို့ ငယ်ငယ် တုန်းက ကုန်ဈေးနှုန်းက ဘာမှမရှိဘူး။ ကျွေးနိုင်တယ်လေ ၊ ယ္ခု ကုန်းဈေးနှုန်းက ကောင်းကင်ပေါ်ရောက်နေ ပြီ ၊ မောင်ချစ်ကတော့ထင်ပါတယ် မြန်မာပြည်ကလူတွေက ငွေမရှိပေမဲ့ စေတနာတွေရှိပါတယ်လေ။
ကဲ ..ယ္ခု သင်္ကြန်ရောက်တော့မယ် ပြည်မြန်မာကိုလွမ်းတယ် ၊ နွေးဦး လေရူး လေတွေ ၊ သစ်ရွက် တွေကြွေသွား တဲ့ သစ်ပင်အိုတွေ ၊ ပန်းပိတောက် နဲ့ ငုဝါတွေ၊  ရေစိုနေတဲ့ နွေအလှ လေးတွေ၊ တူးပို့ တူးပို့ သံစဉ်လေးတွေ ၊ အို............အားလုံးကို သတိရနေတယ် ။သင်္ကြန်ရဲ့အခိုးအငွေလေးတွေ။။။။။။။။။။

                  နွေရဲ့ အနမ်း
                  နွေရဲ့ လေရူး
                  ဧပယ် နှင့် တန်းခူး
                  ပန်းပိတောက်  နှင့် ပန်းငုဝါ 
                  အရိုးပျိုင်းပျိုင်း သစ်ပင်အို
                  တူးပို့ သံလေးတွေ။
                  ရင် မှာခံစား
                  တွေးခဲ့ ရတဲ့သင်္ကြန် ရယ်
                  အခုတော့ လက်ရေတွက်ချိုး
                  ၁၆ နှစ်ကာ ကျော်ပြီးနော်
                ဘယ်သော် ဘယ်အခါ
                သင်္ကြန် ရင်ခွင် ရောက်ရမှာလဲ
                 ပြည်မြန်မာ က
                 ဧပယ်(ဧပြီ) နွေသင်္ကြန် ရယ်..........................။


မောင်ချစ်

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊