Saturday 9 April 2011

ခရမ်းမြို့နယ်၏ အရက်စက်ဆုံး မြိုနယ်ဆရာဝန်ကြီးအကြောင်း သိကောင်းစရာ။

zaw gyi one




ခရမ်းမြိုနယ် မြို့ နယ်ဆရာဝန်ကြီး ဦးမြင့်စိုး ( ဆမ-၉၅၄၅ ) သည် မြို့ နယ်အတွင်းရှိ လူနာများနှင့် ပြည်သူများအပေါ် မတရားပြုနေမူများအား နိုင်ငံတော်သမ္မ္မ္မတကြီးဟု သတ်မှတ်နေသော ဦးသိန်းစိန် နှင့် ကျန်းမာရေးဝန်ကြီးတို့ သိရှိနိုင်ရန် တင်ပြအပ်ပါသည်။

(၁)။ ခရမ်းမြိုနယ် ပြည်သူ့ဆေးရုံအတွင်း ရောင်းချနေသော စရိတ်မျှပေးဆေးဆိုင်သည် ဆရာဝန်ကြီးမိသားစုမှ များစွာအမြတ်အစွန်းတင် ရောင်းချနေပါသည်။ ကျန်းမာရေးဝန်ကြီးဋ္ဌာနမှ ထောက်ပံ့ပေးထားသော ဓါတ်ဆားတစ်ထုပ်လျှင် (၅၀၀) ကျပ်၊ ပါတ်တီးတစ်လိပ်လျှင် (၃၀၀) ကျပ်စသည်ဖြင့် အပြင်ဆေးဆိုင်များထက် (၂) ဆ တင်ရောင်းချနေပါသဖြင့်စရိတ်မျှပေးဆေးဆိုင်သည် (၂) ဆပိုးပေးဆေးဆိုင် ဖြစ်နေပါသည်။ ထို့အပြင် ( Date ) လွန်နေသောဆေးများကို မိမိ၏ ကိုယ်ကျိုးအတွက် လူနာများကို အတင်းရောင်းချပေးနေပါသည်။

( ၂ )။ ခွဲစိတ်မွေးဖွားမည့် သားဖွားမိခင်များအတွက် ခွဲစိတ်ခဈေးနှုန်း (၅၀၀၀၀ )ကျပ်မှာ ဆရာဝန်ကြီး၏ သတ်မှတ်နုန်းထားဖြစ်ပါသည်၊ ခွဲစိတ်ခ(၅၀၀၀၀)ကျပ်ကန်တော့မှသာလျှင် လူနာကိုခွဲစိတ်ခန်းထဲထည့်ပါသည်။ သားအိမ်ခြစ်လူနာ၊ ရိုးရိုးမွေးလူနာ၊ ညှပ်ဆွဲမွေးလူနာ၊ ထိခိုက်ဒဏ်ရာရလူနာများကိုလည်း ပိုက်ဆံမပေးမချင်း လာရောက်မကြည့်ပါ၊ ထို့ကြောင့် ဆရာဝန်ကြီးသည် ခေါင်းရိုက်ခွဲ ခံရဖူးပါသည်။ (ခေါင်းနှင့် လက်တွင် ဒဏ်ရာရှိပါသည်) ။

( ၃ )။ အထက်အဆင့်သို့ လွဲပြောင်းပေးသင့်သော လူနာများကို သူ့ အိမ်တွင် အတွင်းလူနာ( VIP) နှုန်းနှင့် ကုသပေးပြီး သေခါနီးမှ ရန်ကုန်ဆေးရုံကြီးသို့ အတင်းလွှတ်ပါသည်။ (၅၀၀၀၀) ကျပ်ရရေးအတွက် ဘာရောဂါမှန်း မသိပဲ ဗိုက်ခွဲ၊ သူ ကုလို့လဲမရတော့ ရန်ကုန်ဆေးရုံ ကြီးသို့ လွှတ်ပါသည်။ (ရန်ကုန်ဆေးရုံကြီးနှင့်မြောက်ဥက္က္က္က္က္က္ကလာဆေး ရုံတို့တွင် မှတ်တမ်းများရှိပါသည်။)

(၄)။ အရက်စက်ဆုံး ဆရာဝန် နှင့် နောက်ကွယ်မှ့ လူသတ်သမား ဆရာဝန်မှာ ရန်ကုန်တိုင်းကျန်းမာရေး တိုင်းမှူး ဒေါက်တာ ဦးလှမြင့် ဖြစ်ပါသည်။ ဆရာနှင့် တပည့် အတိုင်အဖောက် ညီမျလှပါသည်။ ဆရာဖြစ်သူ ဒေါက်တာလှမြင့်ကို တစ်လ လျှင်(၁၀၀၀၀၀၀) ဆယ်သိန်း ကန်တော့ပြီး ခရမ်းမြို့မှ ပြည်သူလူထုကို ရက်ရက်စက်စက် နှိပ်စက် ခဲ့သည်မှာ ( ၇ ) နှစ် တိုင်တိုင် ရှိခဲ့ပါပြီ။

(၅)။ ခရမ်းမြို့နယ် တပေါင်းလဘုရားပွဲတော်တွင် ဆေးရုံရှေ့နယ်နိမိတ်၌ ဆိုင်ခန်းများရောင်းချရာတွင် တစ်ခန်းလျှင်( ၇၅၀၀၀ ) ကျပ်နှင့်ဆရာဝန်ကြီး နှင့် စာရေးကြီး နေ၀င်း မှ ရောင်းချပေးပါသည်။ ဆိုင်ခန်းပေါင်း (၄၉) ခန်း ရောင်းရငွေ (၃၆၇၅၀၀၀) သုံးဆယ်ခြောက်သိန်းကျော်ဖြစ်ပြီး မြို့နယ်စည်ပင်သာယာရေးဦးစီးဋ္ဌာနနှင့် ဘုရားဂေါပကလူကြီး(ခရမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ပြည်ခိုင်ဖြိုးပါတီမှ ဦးမြင့်ဦး)တို့ကို ပေးရငွေမှာ တစ်ခန်းလျှင် (၁၀၀၀၀) တစ်သောင်းနှုန်းဖြင့် (၄၉၀၀၀၀) ပေးသွင်းပြီး ကျန်ငွေ သိန်းသုံးဆယ်ကျော်မှာ မြောက်ဒဂုံရှိ သူ့အိမ်မီးလောင်သောကြောင့် အသုံးပြုသည်ဟု သိရပါသည်။

ခရမ်းမြို့ကို (၇) နှစ်တိုင်တိုင် ရက်စက်ခဲ့သည့် ဆရာဝန်ကြီးသည် မြောက်ဒဂုံရှိ သိန်း (၂) ထောင်တန် အိမ်၊ သိန်း (၈၀၀) တန် ကား (၃) စီးတို့ဖြင့် သူ့ဆရာကောင်းမူကြောင့် အဆင်ပြေချောမွေ့နေသည်တို့ကို ကျန်းမာရေးဝန်ကြီးတို့ မသိချင်ယောင်ဆောင်ပေးနေကြသလားဟု ထင်မိပါသည်။

ထို့ကြောင့် ပြည်သူတွေက ဘယ်သူ့ကိုတိုင်ကြားရမှာလည်း ….. ပြောပေးကြပါဗျာ …. ဘယ်သူ့ကို တိုင်ရမှာလဲ …..

ကဲ ... အခု တိုင်ပြီဗျာ … ဘာဖြစ်လာမှာတုန်း။

ခရမ်းသားများ။

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊