Monday 20 June 2011

သိရင်ပြောပြပါအမေ



အမေလိုချင်တဲ့ဆုက ငြိမ်းချမ်းရေး နဲ့ တချို့သော်လူတွေနဲ့ကွာဟနေသလိုတူညီနေတာလဲရှိနေပါတယ်။
                                                       

အမေ.............

တချို့လူတွေက ငြိမ်းချမ်းရေးကိုတောင်းနေတယ် ဒါပေမဲ့ ငြိမ်းချမ်းမှာမလိုလားကြဘူး၊
တချို့လူတွေက ဒီမိုကရေစီအော်နေကြတယ် ဒါပေမဲ့ ဒီမိုကရေစီရမှာ ကြောက်နေကြတယ်၊
တချို့လူတွေက မြန်မာပြည်ကိုချစ်တယ်ပြောတယ် ဒါပေမဲ့ ရင်ထဲကမပါဘူး၊
တချို့လူတွေက တိုင်းပြည်အတွက်ညီညွတ်မူကိုလိုချင်တယ်လိုအော်တယ် ဒါပေမဲ့ ညီညွတ်မူကို မပြဘူး၊
တချို့လူတွေက တိုင်းရင်သားတွေစည်းလုံးကြပါလိုအော်တယ် ဒါပေမဲ့ စည်းလုံးမှာကိုကြောက်နေတယ်၊
တချို့လူတွေက ပါတီအတွက်ဘဲလုပ်တယ် ဒါပေမဲ့ အမျိုးသားရေးကို မလုပ်ဘူး၊
တချို့လူတွေက မြန်မာနိုင်ငံသားလိုပြောကြတယ် ဒါပေမဲ့ မြန်မာနိုင်ငံသားလိုပြောရမှာရှက်နေတယ်၊
တချို့လူတွေက နိုင်ငံရေးကို အရက်နဲ့မြည်းတယ်၊
တချို့လူတွေက နိုင်ငံရေးကို ကောင်မလေးတွေနဲ့မြည်းတယ်၊
တချို့လူတွေက နိုင်ငံရေးကို ဝင်ငွေရဖို့လုပ်တယ်၊
တချို့လူတွေက နိုင်ငံရေးကို တတိယနိုင်ငံအတွက်လုပ်တယ်၊
တချို့လူတွေက နိုင်ငံရေးကို အွန်လိုင်းကနေပွားတယ် ဒါပေမဲ့သူတကယ်မလုပ်ဘူး၊။။။။။။။။။။။။။။။။

                                                                            အမေ

တချို့လူတွေက ငြိမ်းချမ်းရေးကိုတောင်းနေတယ် သူကိုယ်တိုင်ငြိမ်းချမ်းရေးလိုလားတယ်၊
တချို့လူတွေက ဒီမိုကရေစီလိုလားတယ် သူကိုယ်တိုင် အသက်နဲ့ရင်ပြီးဆောင်ရွက် တယ်၊
တချို့လူတွေက မြန်မှာပြည်ကိုချစ်တယ်ပြောတယ် သူကိုယ်တိုင် အလုပ်နဲ့သက်သေပြတယ်၊
တချို့လူတွေက တိုင်ပြည်အတွက်ညီညွတ်မူကိုလိုချင်တယ် သူကိုယ်တိုင်ဆောင်ရွက်တယ်၊
တချို့လူတွေက တိုင်းရင်းသားစည်းလုံးမှု့ကိုလိုချင်တယ် သူကိုယ်တိုင်စည်းရုံးတယ်၊
တချို့လူတွေက ပါတီအတွက်လုပ်သလို အမျိုးသားရေးကိုလည်းလုပ်တယ်၊
တချို့လူတွေက မြန်မာနိုင်ငံသား လိုပြောရတာဂုဏ်ယူတယ်၊
တချို့လူတွေက နိုင်ငံရေးကို အသက်နဲ့ရင်းတယ်၊
တချို့လူတွေက နိုင်ငံရေးကို ဒုက္ခတွေ ပင်လယ်ဝေအောင် ရင်းတယ်၊
တချို့လူတွေက နိုင်ငံရေးကို ဘဝပျက်အောင် ရင်းတယ်၊
တချို့လူတွေက နိုင်ငံရေးကို မိသားစုနဲ့ကွဲ ရင်းတယ်၊
တချို့လူတွေက နိုင်ငံရေးကို တိုင်းပြည်နဲ့လူမျိုးအတွက်လုပ်တယ်၊


အမေ..... တကယ်တိုင်းပြည်အတွက် ကိုယ်ပြည်သူတွေအတွက်သွေးနဲ့ရင်းပြီး အနစ်နာခံတဲ့သူတွေကို အမြဲတန်းဂုဏ်ယူလေးစာမိပါတယ် ရင်ထဲကလည်းအမြဲတန်းမှတ်ကျောက်တင်ထားပါတယ်၊ အမေ ကျွန်တော် သိထားတာကတော့ တကယ်လုပ်တဲ့သူတွေက စကားမပြောဘူးတဲ့ ဟုတ်လား၊ ကျွန်တော်လည်းထင်ပါတယ် ဒါအမှန်ပါ တကယ်လုပ်တဲ့သူတွေက ဘာမှကိုမပြောတာပါ၊
                                                                           အမေ......

တိုင်းပြည်နဲ့လူမျိုးအတွက် ဘန်းပြပြီး လုပ်နေတဲ့သူတွေကို အရမ်းမုန်းတယ်၊ တခါတလေ သူတို့ကိုသက်ချင်တဲ့အထိ မုန်းတာ၊ အမေ..... အမေကိုပြောပြချင်တယ်သိလား အနောက်နိုင်ငံမှာ ရော အရှေ့နိုင်ငံမှာ ရော တချို့သော်လူတွေက အမေ့ကိုဘန်းပြပြီး နိုင်ငံရေးလုပ်စားနေကြတယ် ၊ တကယ်ပြောတာပါ ရင်ထဲကလာတာပါ၊ အမေ နဲ့ အစ်ကို အမတွေကို အားနားပါတယ် ။ ဒီလိုလူမျိုးတွေနဲ့ ဒီမိုကရေစီ မတန်ပါဘူး ၊ တိုင်းရင်းသားညီညွတ်မှု့ဆိုတာလဲ ဖြစ်နိုင်မယ်ထင်လား ။ကျွန်တော်အနေ နဲ့ထင်တာကတော့ ညီညွတ်မူမရနိုင်ပါဘူး ဘာလိုဆိုတော့ တချို့လူတွေက စီလုံးညီညွတ်မူသာ ပါးစပ်ကပြောတာပါ သူတို့ရင်ထဲမှာ အစွဲတွေမပျောက်သေးဘူး၊ ကျွန်တော်ခံစားနေရတာ တခုရှိတယ် အမေ ဗမာတွေက လူမျိုးကြီးဝါဒ ဆိုပြီးပြောနေကြတယ် တခါ တခါပြောကြသေးတယ် အရမ်းရင်နာဖို့ကောင်းတယ် အမေ့ရဲ့ အဖေ ကျွန်တော့်ရဲ့အဖိုးကို သူတို့ကပြောသေးတယ် အဖိုးက လိမ်တယ်တဲ့ ၊ ကျွန်တော်ဘာပြန် ပြောရ မှာလဲ အမေ..........၊ တချို့သူတွေက ပြောကြသေးတယ် နိုင်ငံတော်ကျဆုံးခန်းတဲ့ ပြီးခဲ့တာတွေ ချီးချောက်ရေးနူးနေကြတယ် ၊မြန်မာပြည် မှာနေတုန်းက ကျွန်တော်ဘာမှ မသိဘူးအမေ ပြည်ပလဲရောက်ရော ကြားလိုက်ရတဲ့သတင်းတွေ နားနဲ့မဆံတော့ဘူးအမေ.......၊ဗမာတွေက လူဆိုးကြီးတွေဖြစ်နေပြီး၊ အမေ..........အမေသိရင်လဲပြောပြပါ ဘာတွေပြောပြီး ဘာတွေဆက်လုပ်ရမှာလဲအမေ.၊




အမေ့ရဲ့သား
အဝေးတစ်နေရာမှ
မောင်ချစ်

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊