Thursday 23 June 2011

ဗန်းမော်တင်အောင်ရဲ့ စာတပိုဒ်...

လူတိုင်း လူတိုင်းဟာ နိုင်ငံရေးသမား မဟုတ်ကြပေမဲ့ နိုင်ငံရေးသတ္တ၀ါတွေဘဲ ဖြစ်တယ်....။လူတိုင်းထဲက ကျနော်လည်း နိုင်ငံရေးသတ္တ၀ါတစ်ကောင်ပဲဖြစ်ပါတယ်...ဒါပေမဲ့ ခင်ဗျားတို့ ပြောပြောနေတဲ့ နိုင်ငံရေးသမားတစ်ယောက်တော့ မဟုတ်ပါဘူး....ခင်ဗျားတို့ ပြောပြောနေတဲ့ နိုင်ငံရေးသမားက ဘယ်လိုလဲ...။နိုင်ငံရေးသမား နှစ်မျိုးနှစ်စားရှိတယ်၊ ဆိုးတဲ့ နိုင်ငံရေးသမားရယ် ကောင်းတဲ့ နိုင်ငံရေး သမားရယ်၊ ဒါပေမဲ့- ကောင်းတဲ့ နိုင်ငံရေး သမားဟာ တကယ်တော့လဲ မရှိသလောက်ပါပဲ...။ပြောပြမယ် နိုင်ငံရေးသမား နှစ်မျိုး နှစ်စားကတော့-"ဆိုးတဲ့ နိုင်ငံရေးသမားက လာမဲ့ရွှေးကောက်ပွဲနဲ့ ကုလားထိုင်ကိုဘဲ မျက်စိတဆုံး ကြည့်တတ်ပြီး၊ ကောင်းတဲ့ နိုင်ငံရေး သမားကတော့ ရှေ့လာမဲ့ သားစဉ် တဆက်ကို မျှော်မှန်းပြီး ကြည့်တတ်တယ်"...နိုင်ငံရေးသမားဆိုတာ ဘွင်းဘွင်းနဲ့ ဒဲ့ဒိုးသာ ပြောလိုက်ရမယ် ဆိုရင်တော့၊ တခါက ဒေါက်တာဂျွန်ဆင် ပြောခဲ့ဘူး သလို- လူ့လောကကြီး ထဲမှာ ဘယ်လိုနေရာကမှ အသုံးမ၀င်တဲ့ လူတွေရဲ့ နောက်ဆုံး မှီခို အားထားတတ်ကြတဲ့ စီးပွားရေး အလုပ်လို့ပဲ ပြောရလိမ့်မယ်.....

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊