Monday, 20 January 2014

ဟိုရေး ဒီရေး ၁

       ဘလောက်ဘက်ကို လည့်မကြည့်တာ အတော်ကြာပေါ့ ဒီနေ့မှ စိတ်ကူးပေါက်ပြီ ဟိုဝင်ဖတ် ဒီဝင်ဖတ်ပေါ့ ဖွဘုတ်မှာလည်း ဟိုဖတ် ဒီဖတ်နဲ့ ဟုတ်တာတွေရော မဟုတ်တာတွေရော ဖွလိုက်ကြတာ နိုင်ငံရေးရော ဘာသာရေးရော ဘာတွေများ လည်းမသိရူပ်နေတာ နောက်တော့ ဗဟုသုတ ရှိတာလေးတွေ ဖတ်ပြီး ဖွဘုတ်မှာ ဂိန်းကစားနေလိုက်တယ် ဒါလည်း စတ်စုစည်းမူ့ တစ်ခုတည်းက တစ်ခုပေါ့၊
            
          မောင်ချစ်လည်း ပြည်ပမှာ နေရတာကြာတော့ ညီးငွေ့လာပြီး တစ်ခါ တစ်ခါ စဉ်းစားမိတယ် ကိုယ့်နိုင်ငံမှာကိုယ်ပိုင်ခြံလေးနဲ့စိုက်ပျိုးရေးမွေးမြူရေးလေးလုပ်ပြီး ငါးပိရေးလေးစားပြီး အေးအေးဆေးဆေး 
 နေခြင်တယ်  ဘယ်တော့ဖြစ်မယ်မသိ၊ ပြည်ပမှာ နေရတာ ကိုယ့်အတွက်ကောင်း တော့ကောင်းပါတယ်  ကိုယ်နေတဲ့ နိုင်ငံရဲ့ အုပ်ချုပ်မူ့ စီးပွားရေး လူမူ့ရေး ကျန်းမာရေး အထွေထွေ ဗဟုသုတလည်း ရတာပေါ့၊
ဒါတွေကိုကြည့်ပြီး ကိုယ့်တိုင်းပြည်ကို ဒီနိုင်ငံတွေလို ဖြစ်စေခြင်တာ ရင်ထဲက စေတနာတွေပါ ၊ ဆိုးတာက ကိုယ့်တိုင်းပြည်မှာက ဒီမိုကရေစီဆိုပေမဲ့ ပါဝါပြနေတဲ့ လူတွေအများသားဒါတွေလည်း  ကြောက်နေရသေး ၊
တစ်ခါတစ်လေး စဉ်းစားမိတယ် ဘယ်လိုဦးနောက်နဲ့ ဟိုင်းဝေးကားလမ်းကို ကွန်ကရစ်လမ်း ခင်းတယ်မသိ 
တစ်နေ့ ၁ ယောက် ၂ ယောက် နူန်းနဲ့ သေနေလိုက်တာ ၊  ကားမောင်းတဲ့ လူတွေလည်း  မောင်းလိုက်ရင် 
စောက်ရမ်း လမ်းသွားတဲ့ သူတွေကလည်း စည်းမရှိကမ်းမရှိ လမ်းဘေးဈေးသည် တွေကလည်း စည်းကမ်းမရှိ စည်ပင်တွေကလည်း ပိုက်ဆံရရင်ပြီရော ယဉ်ကြီးကြပ်ရေးကလည်း ဘာမှမလုပ်တာလား မသိနားမလည်းတာလားမသိ ပညာပေးတာတွေဘာမှ မလုပ်ဘူး တီဗွီးထဲ ကနေပြနေလည်း မထိရောက်ဘူး အပြင်မှာလည်း ပညာပေးတာတွေ စည်းကမ်းဖောက်တာတွေ ကို အရေးယူရမယ် အဆိုးဆုံးက ဝန်ကြီးသားတွေ အရာရှိသားသမီးတွေ စည်းကမ်းဖောက်တာတွေကို ပြည်သူတွေ နဲ့ တစ်တန်းတည်း အရေးမယူတာ အဆိုးဆုံး ၊ မောင်ချစ်တို့ နေတဲ့နိုင်ငံမှာတော့ ယဉ်မောင်လိုင်စင် စပြီးလုပ်တော့ မယ်ဆို ကားမောင်းလိုင်စင်လုပ်ပေးတဲ့ ကျောင်းကို အရင်သွားစုံစမ်းရတယ် ပြီးရင် ကိုယ်ပိုင်ဆရာဝန်ထောက်ခံစာလိုတယ် ပြီးရင် မျက်စိဆရာဝန်ရဲ့ ထောက်ခံစာလိုတယ် အားလုံးပြီးမှ သင်တန်းတက်လိုရတယ်၊ သင်တန်းမှာကတည်းက လမ်းစည်းကမ်း ယဉ်စည်းကမ်း ကားမှာပါဝင်တဲ့ စက်ပစ္စည်းတွေ ကအစ အလုံးသင်ပေတယ် ၊ လက်တွေ့ရော စာတွေ့ပါ သင်ပေးတယ် အနညှ်းဆုံး ၆ လတော့ကြာတယ် အရင်ဆုံး စာတွေဖြေရတယ် စာတွေ့အောင်းပြီရင် လက်တွေ့မောင်းရတယ်၊ လက်တွေ့မောင်းသင်တန်းတက်ရတာလည်း ရိုးရိုးကားလမ်းတစ်ခုတည်း မလုံးလောက်ပါဘူး ရေခဲပြင်ပေါ် မှာလည်း မောင်းရပါတယ် ။သင်တန်းတက်နေတဲ့လူတွေ ကားမောင်းတာ ၆ လအတွင်းမောင်းတာ အဆင်မပြေဘူးဆိုရင် အချိုန်ပိုမောင်းရပါတယ် ၁နာရီကို ၅၀၀ လောက်ပေးရတာပေါ့ ၊ စာတွေအောင်ပေမဲ့
လည်း လက်တွေ့ကားမောင်းမှာ အဆင်မပြေသေရင် သင်တန်းဆရာက လက်တွေ့မောင်းတာ  ပေးမဖြေပါ
ဘူး ၊ အကယ်၍ ဆရာက မောင်းတာကောင်းတယ် ဆိုမှပေးဖြေတာပါ ၊ ဖြေတာကလည်း မြန်မာပြည်မှာလို
လက်ထိုးလိုမရပါဘူး လက်တွေ့မောင်းပြီးဆိုရင်တော့ ရဲကပေးတဲ့ အချိုန် နဲ့ ရက်ကို တိကျစွာသွားရ ပါတယ်
လက်တွေ့ဖြေရမဲ့ အချိုန်တွေက ရုံးဆင်းချိုန် ရုံးတက်ချိုန် မှာဖြေရပါတယ် ၊ ဖြေတဲ့အချိုန်မှာလည်း နဲနဲ မှားလိုမရပါ နောက်ဆုံး ကားရပ်ရင်တော မျဉ်းဖြူပေါ်မှာ ရပ်မိရင်တောင် ကျပါတယ်၊ အားလုံး ၁၀၀% ဖြေနိုင်မှ ကားလိုင်စင်ရတာပါ ၊ ကားလိုင်စင်ရရင် လိုင်စင်သက်တန်းက အနည်းဆုံး နှစ် ၄၀ ကျော်ပါ၊ 



            နောက်ဆုံးပြောရရင်တော့ ဒီဘက်နိုင်ငံတွေမှာက လူ့အသက်ထက် ဘာကိုမှ တန်းဖိုးမထားပါဘူး၊
ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ လူ့အသက်ထက် ပစ္စည်းက ပိုတန်းဖိုးကြီးသလိုဖြစ်နေ တာတွေ တွေ့နေရတာ စိတ်မကောင်းပါဘူးဗျာ၊
    နောက်ရက်တွေ့ကျမှာ ဒီဘက်နိုင်ငံက ယဉ်စည်းကမ်း လမ်းစည်းကမ်း အကြောင်းတွေ ပုံနဲ့ တင်ပေးပါမယ်ဗျာ။

ဘေရန်ကင်းရှင်းကျပါစေ။



           
          

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊