Tuesday 30 April 2013

 
 
မြန်မာ အချင်းချင်း ငြင်းကောင်းတုန်း ဘင်္ဂလီ အတွက် ကမ္ဘာပတ်ပြီး အလုပ် လုပ်နေတဲ့ မြန်မာ နိုင်ငံသား အမည်ခံ (မြန်မာ နိုင်ငံသား ကဒ် ရပြီး အစ္စလာမ် ဘာသာဝင်) မွတ်စလင်တွေ က ကမ္ဘာပတ် ပြီး မြန်မာ တိုင်းရင်းသား နဲ့ မြန်မာလူမျိုး ပျောက်ပြီး ဘင်္ဂလီ (ရိုဟင်ဂျာ) နိုင်ငံ ထူထောင်ဘို့ ကြိုးစား နေကြပါပြီ။
ရခိုင်ပြည်နယ် ထဲကို ခိုးဝင်နေတဲ့ လက်ရှိ ဘင်္ဂလီ ပြသနာ နဲ့ မြန်မာပြည်တွင်းက မွတ်စလင် ဆန်ကျင်ရေး ပြသနာကို မြန်မာ လူမျိုး တွေ ရဲ့ အမုန်း ဓာတ်ခံကြောင့် ဖြစ်တဲ့ ဘာသာရေးပြသနာ လို့ အဓိပ္ဖာယ် ဖွင့် တာက အင်မတန် ညံ့ဖျင်းတဲ့ သူခိုး ဓားရိုး ကမ်း သုံးသပ်ချက်ပဲ။ နိုင်ငံတိုင်း လူမျိုး တိုင်း မှာ ရှိဘို့ လိုအပ်တဲ့ အမျိုးသားရေး အမြင်ကို မျက်ကွယ်ပြုတဲ့ (လက်တွေ့ မဖြစ်နိုင်တဲ့ လူ့လောက တခုကို စိတ်ကူးယဉ် တဲ့) ခတ် တုံးတုံး စိတ်ကူးစံ အခြေပြု စဉ်းစားနည်း နဲ့ မြန်မာ လူမျိုးရဲ့ အမျိုးသားရေး စိတ် ကို သေး သိမ်အောင် ကြိုးစား မှုတခုပါပဲ။
ဘယ်သူမှ လူမျိုးမတူ တာနဲ့ မမုန်းပါဘူ။ (သူ့ နိုင်ငံမှာပဲ သူနေရင်ပေါ့။) ဘာသာ မတူတာလဲ မမုန်းပါဘူး။ (သူ့ဘာသာ သူ ကိုးကွယ်နေ ရင်ပေါ့။) ဒါပေမဲ့ ကိုယ်နိုင်ငံ ထဲ တိုင်းတပါးသားတွေ ကျူးကျော်လာရင်၊ ကိုယ့် ဘာသာ ထဲ တခြားဘာသာ အယူဝါဒတွေ သွပ်သွင်း ၀ါဒဖြန့်လာရင် မုန်းမုန်း၊ မမုန်းမုန်း လက်မခံ နိုင်ပါဘူး။ ဒါ ကိုယ်က ရန်လိုတာ လဲ မဟုတ်ပါဘူး။ ကိုယ့် တိုင်းပြည်ကို ကိုယ့် ဘာသာ တရားကို ရန်စ ခံရတာပါ။ ဘီလူးစည်း၊ လူ့စည်း ဆိုတာ ရှိရ ပါတယ်။ မြန်မာပြည် သားတွေ ဒီလို ကျူးကျော်သူကို ကျူးကျော်သူ လို့ မမြင်တာ၊ သာသနာ ဖျက်ကို သာသနာ ဖျက်လို့ မမြင်တာ ပညာ (Analytical Skill) နည်းလို့ပါ။ (အသားထဲက လောက် ထွက်တာပါ။)
ကျွန်တော်တို့ (မြန်မာ တိုင်းရင်းသား) အားလုံးက ကိုယ့်သူငယ်ချင်း အသိ မိတ်ဆွေ တလမ်းထဲနေ၊ တမြို့ထဲနေ တပြည် ထဲနေ မြန်မာ မွတ်စလင် တွေကို ဘယ်တုန်း ကမှ မုန်းခဲ့တာ နှိမ်ခဲ့တာ မရှိခဲ့ ပါဘူး။ မိတ်ဆွေ သူငယ်ချင်းများ အနေနဲ့ အခုထိ ဆက်လက် ခင်မင်ဆဲပါ။ လူမျိုးရေး မုန်းတီးတယ် ဆိုလဲ တော်တော် နဲတဲ့ အနဲ စုလေး ပဲ ရှိပါမယ်။
ဒါပေမဲ့ မွတ်စလင် နိုင်ငံတွေ မှာတာ့ ဆွန်နီက ရှီးယိုက်၊ ရှီးယိုက်က ဆွန်နီ တဖွဲနဲ့ တဖွဲ့ အမုန်း မီးတောက်၊ ဗုံးတွေခွဲ၊ အာဖဂန်က မိန်းခလေး တောင် (သနား ညှာ တာမှု မရှိ) သေနတ် နဲ့ အပစ် ခံရ ပါတယ်။ ပြီးတော့ ဂျူး၊ အမေရိကန် ဥရောပ၊ အာရှ တကမ္ဘာလုံး လိုက် ဗုံးခွဲ၊ သံအမတ်ကို သတ်၊ စတာတွေ ကတော့ မေတ္တာ ကြီးမား လူအခွင့်အရေး လေးစားတဲ့ သူတွေ မဟုတ်ကြပါဘူး။
ကျွန်တော်တို့ မြန်မာလူမျိုးလောက် ဘာသာစွဲ လူမျိုးစွဲ မုန်းတီးစိတ် မရှိသလောက် အနည်းဆုံး ဖြစ်တဲ့ လူမျိုး ကမ္ဘာ မှာ တော်တော် ရှားပါ တယ်။
ဒါပေမဲ့ ဒီလို ဘာသာစွဲ လူမျိုးစွဲ မုန်းတီးစိတ် မရှိသော်လဲ ရခိုင်ပြည် နယ် ကို တော့ ဘင်္ဂလီ လက်ထဲ မထည့်နိုင် ပါဘူးဗျို့။ ရခိုင်ပြည်နယ်ကို ဘင်္ဂလီ ကျူးကျော် တဲ့ အရေးကို လူ့အခွင့်အရေး စကားပြော ထောက်ခံ တဲ့ မြန်မာပြည် သား တွေ ကိုလဲ (ရိုင်းတယ်လို ဆိုချင် ဆို) ခွေး ၀မ်း သာအောင် ပါးစပ်က E ပေါက်ပြနေ တယ် လို့ပဲ မြင်ပါ တယ်။ လူမျိုးခြားတွေ၊ ဘာသာခြားတွေ နဲ့ သာသနာ ဖျက်တွေ ၀ိုင်း လက်ခုတ် တီးပေးတာ သာယာ ပြီး ဘင်္ဂလီ ကျူးကျော် မှု ကို လူ့အခွင့်အရေး စကားပြော ထောက်ခံ မနေကြပါနဲ.။ မြန်မာပြည်နဲ့ ဗုဒ္မဘာသာ (ထေရ၀ါဒ ဗုဒ္မ သာသနာ) ပျောက်သွား ပါလိမ့်မယ်။
Basic principal of Ethic က Rules of Law ပါပဲ။
မြန်မာစကား၊ ရခိုင်စကား မတတ်တဲ့ စိမ့်ဝင် ဘင်္ဂလီတွေက ဒီမှာမွေးတယ် ပြောရုံနဲ့ မြန်မာ နိုင်ငံသား မဖြစ်နိုင်ပါဘူးဗျာ။ (ကမန်လို့လဲ မလိမ်ပါနဲ့။) ဘင်္ဂလီက ဘင်္ဂလီ ပါဘဲ။ ("""---------- လ၀ကက စစ် လိုက်တော့ အဖေ ကလည်း ဘင်္ဂါလီ၊ အမေ ကလည်း ဘင်္ဂါလီ၊ သားသမီး ကျမှ ရိုဟင်ဂျာဖြစ် ချင်တာက ဆန္ဒ စွဲတွေဖြစ် ပါတယ်”"" လို့ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး က ဆို ပါသည်။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က လည်း ရိုဟင်ဂျာ လူမျိုးများသည် တိုင်း ရင်း သား လူမျိုးများ တွင် မပါဝင်သဖြင့် ကုလသမဂ္ဂ ဒုက္ခသည် များ ဆိုင်ရာ မဟာမင်းကြီး ရုံးမှ တာဝန် ယူ စောင့်ရှောက် ပေးရန်နှင့် တတိယ နိုင်ငံ တစ်ခုမှ လက် ခံ လျှင် ပို့ပေးမည် ဖြစ်ကြောင်း တရား ဝင် ပြောကြား ထားပါသည်။ ထိုင်းနိုင်ငံ တွင်းသို့ ခိုး ဝင်လာသည့် ဘင်္ဂလီ လူမျိုးများ ကိုလည်း ထိုင်းနိုင်ငံ အစိုးရ က တိုင်းရင်းသား လူမျိုးအဖြစ် အသိ အမှတ် မပြုဘဲ တတိယ နိုင်ငံ တစ်ခုမှ တာဝန် ယူလျှင် ပို့ပေး သွားမည် ဟု ပြောကြား ထားပါသည်။)
ရခိုင်ပြည် နယ် တခုလုံး မှာ နိုင်ငံသား နဲ့ နိုင်ငံသား မဟုတ်တဲ့ ဘင်္ဂလီတွေ ခွဲထုတ်ပြီး စိမ့်ဝင် ကျူးကျော် ဘင်္ဂလီတွေ ကို နယ်စပ်မှာ (သြစီမှာ လုပ်သလို ကျွန်း တ ကျွန်းပေါ် မှာ ဖြစ်ဖြစ်) ဒုက္ခသည် စခန်း ဖွင်ပြီး လက်ခံနိုင်တဲ့ တတိယ နိုင်ငံတွေ ကို ပိုသင့်ပါသည်။ တခြား အစ္စလာမ် နိုင်ငံတွေကလည်း လက်ခံ သင့်ပါ တယ်။ ပြည်တွင်းက မြန်မာ မွတ်စလင်တွေ ကလည်း ဘင်္ဂလီ စိမ့် ၀င်မှု တားဆီးရေးကို ဘာသာရေးကြာင့် ခွဲခြားတာ ဟု မမြင် သင့်ပါဘူး။
ထို့ကြောင့် ပြည်တွင်း ရှိ မြန်မာ မွတ်စလင် များက တဖက် နိုင်ငံမှ စိမ့်ဝင် လာသော နိုင်ငံခြားသား ဘင်္ဂလီ များ ကို ပြစ်တင် ရှုံ့ချခြင်းဖြင့် ပြည် ချစ်စိတ် ဓာတ် ကို ဖော်ပြ သင့် ပါသည်။ ခုလို ဘဂ်လီရေး လော်ဘီလုပ်နေသူများကို ဖော်ထုတ် ဖမ်းဆီး သင့်ပါတယ်။
ဘင်္ဂလီများနှင့် မြန်မာ တိုင်းရင်းသားများ မှာ သိသာစွာ ကွဲပြားပါ သည်။ မြန်မာ မွတ်စလင်နှင့် တဖက်နိုင်ငံမှ ၀င်လာသူ ဘင်္ဂလီ များကိုလည်း လွယ်ကူစွာ ခွဲခြားနိုင် ပါသည်။ နယ်စပ်တိုင်း မှာ နိုင်ငံခြားသား ၀င်ရောက်မှု တားဆီးရေး ဘယ် စီမံချက်မှ အောင်မြင်တာ ၁၀၀% မရှိဘူး။ India မှာလည်း ခိုးဝင် ဘင်္ဂလီဒုက္ခသည် ၁သန်းလောက်ရှိပြီး သူတို့ကို နိုင်ငံသားမပေးဘူး။ ဒုက္ခသည် စခန်းမှာ မွေးချင်တိုင်း မွေးနေတဲ့ ကလေးတွေ ကို လည်း နိုင်ငံသား မပေးကြ ပါဘူး။ အမေရိကန်မှာလဲ မက္ကဆီ ကန်တွေ ခိုးဝင် တာ မိရင် ဥပဒေ အရ အရေးယူ တာပဲ။ ဘင်္ဂလီကတော့ နယ်စပ် ချင်း မကပ်တဲ့ သြစီ (Australia) ကိုတောင် လှေ နဲ့ ခိုးဝင်ဘို့ ကြိုးစားလို့ ကျွန်းတွေမှာ ပို့ထားရပါတယ်။
မြန်မာတွေလည်း တခြားနိုင်ငံတွေ တရားမ၀င် သွား အလုပ်လုပ် ရလို့ အဲဒီ့ အိမ်ရှင် နိုင်ငံသား ခံယူ ခွင့်ပြုဘို့ ဘယ်သူမှ တောင်းဆို မပေး ပါဘူး။ တောင်း ဆိုသူ ကို လဲ မြန်မာနိုင်ငံ သား မို့ ဗုဒ္မ ဘာသာ ချင်းမို့ဆိုပြီး ဘယ် မြန်မာ ကမှ ထောက်ခံ မပေးပါဘူး။ မရလို့ မ တရား ဘူး လို့လဲ မြန်မာချင် မပြောပေးပါဘူး။ အိမ်ရှင်နိုင်ငံ ရဲ့ ဥပဒေ အရ ခွင်ပြုလို့ နိုင်ငံသားပြု ခွင့်ရတာ၊ မရတာ သူနိုင်ငံ သူ့ ဥပဒေ အရ သူ့သဘောပါပဲ။ တည်ဆဲ ဥပဒေ နဲ့ ဘောင် ၀င်ရင် နိုင်ငံသား ပြုခွင့်ရ ကြ ပါ တယ်။ ဘောင် မ၀င် ရင် မရကြပါဘူး။ အိမ်ရှင် နိုင်ငံတွေ ကလည်း ဥပဒေ ခွင့်ပြုချက်မရှိပဲ အကန်အသတ်မဲ့ လက်ခံ တာ မဟုတ် ပါဘူး။ ဘယ်နိုင်ငံမှ တည်ဆဲ ဥပဒေ ခွင်ပြုချက် မရှိပဲ နိုင်ငံခြားသားကို အကန့် အသတ်မဲ့ လက်ခံတာ မရှိဘူး။ တရား မ၀င် မြန်မာရွှေ့ပြောင်း သူတွေကို လည်း သက်ဆိုင်ရာ အိမ်ရှင် နိုင်ငံ က ပြန်ပို့ လိုက် ရင် မြန်မာပြည် မှာ ပြန် လက်ခံ ရပါတယ်။ တရားဝင် ဥပဒေ အရ နိုင်ငံ သားဖြစ် ခွင့် ရှိလို့ မြန် မာ နိုင်ငံ သား ဖြစ်နေကြ တဲ့ ဘင်္ဂလီတွေ မြန်မာပြည် မှာ အများကြီး ပါ။ ဘယ် သူ မှ ဥပဒေ မရှိပဲ ကိုယ်လိုရာ ဆွဲပြီး လူ့ အခွင့် အရေး စကားပြော၊ အခွင့်အရေး ယူချင် လို့ မရပါဘူးဗျာ။ လက်တွေ့ လဲ စမ်းကြည့် လို့ရပါတယ်။ (မြန်မာပြည် မှာ အစ္စလမ်မို့ အနှိမ် ခံရ တယ် ထင်လို့ တခြား မွတ်စလင် နိုင်ငံတွေ ကို ပြောင်းနေကြ မယ် ဆိုရင် လဲ မြန်မာ အစိုးရ အနေနဲ့ မြန်မာ မွတ်စလင် တွေကို အလွယ် တကူ ခွင့်ပြု သင့် ပါတယ်။) မြန်မာပြည်က အစ္စလာမ် ဘာသာဝင် တယောက် မွတ်စလင် နိုင်ငံတခု ကို တရား မ၀င် သွားပြီး နိုင်ငံသားခံခွင့် ကြိုးစားကြည့် လိုက်ပါ။ တရား မ၀င် ကလေး တယောက် ယူပြီး သူ့ နိုင်ငံ သား ဖြစ် မလား ကြိုးစားကြည့် ပါ။ သူ့ နိုင်ငံသား ခံခွင့် မရနိုင် ပါဘူး။ ဒီတော့ မြန်မာပြည် မှာ လက်ရှိ ဥပဒေ အရ နိုင်ငံ သားဖြစ် ခွင့် ရှိသူ နဲ့ နိုင်ငံသား မဟုတ် တဲ့သူ ခွဲခြား စီရင်တာ Ethic အရ မှန် ပါတယ်။ ဥပဒေအရ စီရင်ခြင်းထက် ပိုပြီး အခွင့် အရေး လိုချင်လို့ မရမှန်း သိရက်နဲ့ မသိချင်ရောင် ဆောင် ဥပဒေ ဘောင်ကျော်ပြီး ဥပဒေမဲ့ စိမ့်ဝင် ကျူးကျော်သူ ဘင်္ဂလီ တွေ အတွက် ဘာသာရေး အခြေခံ စိတ် နဲ့ လူ့ အခွင့် အရေး စကားပြောပေးနေ သူတွေက မျိုးမစစ် လို့ ပြည်ချစ် စိတ် မရှိတာပါပဲ။ အရေးယူဘို့ လိုအပ်နေပါပြီ။ တချို့ ဗလီများမှာ မြန်မာစကား မတတ်သော ဘင်္ဂလီများ ကို ခိုလှုံခွင့် ပြုထား ပါတယ်။ (သူငယ်ချင်း တဦး မန္တလေး တွင် မျက်မြင် တွေ့ရှိခဲ့ ပါသည်။ သက်ဆိုင်ရာသို့ သတင်း ပို့ ရန် သတိ မရ ခဲ့ ပါ။) မြန်မာ ပြည်သူများ က ရပ်ကွက် တိုင်း ဘင်္ဂလီ သတင်းပေး အဖွဲများ ဖွဲ့ ရု ခိုးဝင် လာသူ နိုင်ငံခြား သား များကို မသင်္ကာ ဘွယ် တွေ့ ရှိပါက သက်ဆိုင်ရာကို သတင်း ပို့ရန် လိုနေပါသည်။ ရခိုင်ပြည်နယ် မှာ သန်ခေါင်စာရင်း ကောက်ယူရေး အဖွဲ့ ကို ဘင်္ဂလီ တွေက အကြမ်းဘက် လို့ သန်းခေါင်စာရင်း ကောက်ယူရေး အစီအစဉ် ရပ်ရတယ် ဆိုရင်တော့ အစိုးရ သိက္ခာ ကျလှပါတယ်။ နှုတ်ထွက်သင့်ပါတယ်။
လက်ရှိ ဖြစ်ပေါ်နေသော ပဋိပက္ခ များသည် ၉၆၉ ကြောင့် ပေါ်ပေါက် လာသည် မဟုတ်ပဲ နဂို ရှိပြီး ဘာသာ ၂ ခု ကြားရှိ ဝိရောဓိ ယမ်း အိုးကြီး အပေါ်သို့ မတရားမှု မီးပွားတစ ကျလာသည့် အခါ ထိမ်း မနိုင် သိမ်းမရ ပွင့်ထွက်လာခြင်း ဖြစ်ပါသည်။ ဆရာချယ့် အကြံပြု ချက် အတိုင်း မြန်မာပြည် ဖွား အစ္စလာမ်များ မြန်မာနှင့် တူအောင် နေကြရန် လိုပါသည်။ ဗလီများတွင် အစွန်းရောက် အစ္စလာမ် သဘောတရားများ ပို့ချနေမှု များ ရပ်ဆိုင်းခြင်း ဘင်္ဂလီများ အား လက်ခံ ရွေ့ ပြောင်း ပေးခြင်း များ ရပ်ဆိုင်းခြင်း ဘင်္ဂလီများ ကို ထောက်ခံ မှုများ ရပ်ဆိုင်းခြင်း ဖြင့် တိုင်းရင်း သား ဒေသ ခံ များနှင့် သွေးကွဲမှုများ လျော့ကျ နိုင်ပါသည်။
 
 

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊