Tuesday 1 March 2011

ကျောက်ဖြူမြို့တွင် မီးလောင်မူကြောင့် အမျိုးသမီးငယ်တဦးဖမ်းဆီးခံနေရ

zaw gyi one
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် မကြာသေးမီက မီးလောင်မှုတခု တခုဖြစ်ပွားခဲ့မှုကြောင် မီးစတင် လောင်ရာနေအိမ်မှ အမျိုးသမီးငယ်တဦးကို ရဲမှဖမ်းဆီးထားကြောင်း သိရှိရသည်။

အဆိုပါမီးလောင်မှုမှာ ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်တွင် ယခုလ ၁၉ ရက်နေ့ ညအချိန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“မီးလောင်တာက ညဥ့် ၁၁ နာရီကျော်ခန့်မှာ လောင်တာပါ။ ကလေးတွေမုန့်လုပ်စားရာက စလောင် တာဖြစ်တယ်။ အဲဒီအိမ်တော့ လုံးဝပြာကျသွားတယ်။ ရပ်ကွက်ကလူတွေ ၀ိုင်းပြီးငြိမ်းသတ် လိုက် လို့ တခြားအိမ်တွေတော့ မီးကူးမသွားဘူး။ အနားက အိမ်နှစ်ဆောင်လောက်ကို မီးမကူးရအောင် နည်းနည်းဖျက်ဆီးလိုက်ရတယ်။” ဟု မျက်မြင်တဦးက ပြောသည်။

ယခုကဲ့သို့ မီးလောင်မှုဖြစ်ပွားနေသော်လည်း ကျောက်ဖြူမြို့ရှိမီးသတ်ကားမှာ ညဥ့်တနာရီကျော်မှ မီး လောင်ရာသို့ ရောက်ရှိလာကြောင်း အဆိုပါ မျက်မြင်မှပြောသည်။

“ဟုတ်ပါတယ် ။ဒေါ်သန်းနွဲ့ရီ နေအိမ်က စပြီးလောင်တာပါ။ အခု သက်ဆိုင်ရာရဲက အဲဒီမီးလောင်မှု ကို စစ်ဆေးဖို့ ဒေါ်သန်းနွဲ့ရီသမီးကို ခေါ်ပြီးစစ်ဆေးနေပါတယ်။ အသေးစိတ်ကိုတော့ ရဲစခန်းက ဘဲပြောနိုင်မယ်။”ဟု ကျောက်ဖြူ မီးသတ်ဌာနမှ ဒုတာဝန်ခံက အတည်ပြု ပြောသည်။

မီးလောင်သည့်အချိန်တွင် ဒေါ်သန်းနွဲ့ရီမှာ ဘုန်းတော်ကြီးကျောင်းတွင် ဆွမ်းကျွေးပွဲရှိသည့်အတွက် ဆွမ်းချက်ရန်သွားရောက်နေပြီး ယောင်္ကျားဖြစ်သူမှာလည်း လွန်ခဲ့သည့်နှစ်အနည်းငယ်က ထိုင်းနိုင် ငံတွင် သွားရောက်အလုပ် လုပ်ကိုင်နေကြောင်း သိရသည်။

ကျောက်ဖြူမြို့တွင် နွေရာသီရောက်လာသည့်တိုင်အောင် မီးဘေးအန္တာရာယ်အတွက် ကြိုတင် သတိပေးခြင်းမျိုး မရှိသေးကြောင်းလည်း သိရှိရသည်။

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊