Thursday 7 April 2011

နယူးဒေလီတွင် ချင်းဒုက္ခသည် အမျိုးသမီးတဦး မုဒိမ်းကျင့်ခံရ

ခိုနူမ်းထုန် သတင်းဌာန
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ဒုက္ခသည်အဖြစ် ခိုလှုံနေသော ၂၆ နှစ်အရွယ်ချင်းအမျိုးသမီး တဦးကို ပြီးခဲ့သည့် မတ်လ နောက်ဆုံးပတ်၌ ဒေသခံကုလားလူမျိုးများကမုဒိမ်းပြုကျင့် ခဲ့ ကြောင်းသိရသည်။မုဒိမ်းပြုကျင့်ခံရသည့် အဆိုပါချင်းအမျိုးသမီးသည် ဆွံ့အနားမကြားသူဖြစ်ပြီး ချင်းပြည်နယ် တီးတိန်မြို့နယ်မှ နယူးဒေလီမြို့သို့ရောက်ရှိလာသည်မှာ သုံးလခန့်သာရှိသေးသည်ဟုသိရသည်။အမျိုးသမီးသည် ၄င်းနေထိုင်သည့် အိမ်ဘေးက  ပန်းခြံတခြံတွင်ထိုင်ပြီးဇာပန်းထိုးနေစဉ် ကုလား အမျိုး သားတွေက လိမ်လည်ဖြားယောင်းပြီးမုဒိမ်းပြုကျင့်သွားခဲ့ခြင်းဖြစ်သည်။ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့မွန်းလွဲ ၂ နာရီခန့်တွင် ပန်းခြံမှာဇာပန်းထိုးနေသည့် အဆိုပါအမျိုးသမီးအား  ဒေသခံကု လားလူမျိုး ၉ ဦးခန့်ကခေါ်ဆောင်သွားသည်ကို ဒေသခံတဦးက တွေ့ရှိပြီး သူမ၏ မိဘများထံ ပြောပြာခဲ့ရာ မိဘက ချက်ချင်းရှာဖွေခဲ့ကြကြောင်း နောက်တနာရီအကြာတွင် အမျိုးသမီးကိုအဆိုပါ ပန်းခြံတွင် ပြန်လည် တွေ့ရှိခဲ့ကြောင်း အကျိုးအကြောင်းမေးမြန်းရာတွင် သူမ  မုဒိမ်းပြုကျင့်ခံရခြင်းဖြစ်ကြောင်း Chin Refugee Committee  (CRC)  အထွေထွေ အတွင်းရေးမှူး ကိုမန်ပီးကပြောသည်။
” အဲဒီအမျိုးသမီးကို အိမ်ပြန်ခေါ်သွားပြီး အကျိုးအကြောင်းမေးတယ်၊သူပြောတာက ကျမကိုမုဒိမ်းကျင့် တယ်တဲ့၊ အင်္ကျီတွေချွတ်ပြီး တော့ဓာတ်ပုံရိုက်တယ်တဲ့၊ ရေးချိုးပေးပြီး အင်္ကျီပြန်ဝတ်ခိုင်းပြီးတော့ အဲဒီပန်းခြံမှာ ပြန်လိုက် ပို့ပေး တယ်ဆိုပြီး သူမကပြန်ပြောပြတယ်”ဟုကိုမန်ပီးကဆက်ပြောသည်။ သူမ၏မိခင်ကလည်း သူ့သမီးအင်္ဂါမှာ ပုံမှန်မဟုတ်ကြောင်း၊ အတွင်းခံဘောင်းဘီမှာလည်းသွေးများပေကျံ နေသည်ဟု ပြောဆိုကြောင်း၎င်းကဆက်ပြောသည်။ ယင်းကိစ္စနဲ့ပတ်သက်ပြီး ရဲစခန်းတွင်အမှုဖွင့်ခဲ့ကြသော်လည်းယနေ့ချိန်ထိတရားခံများအား ဖမ်းဆီးနိုင်ခြင်း မရှိသေး ကြောင်းသိရသည်။
” ရဲကိုတိုင်တယ်၊ ရဲတွေက သူမကိုခေါ်သွားခဲ့တဲ့ အိမ်ကိုလိုက်ပြခိုင်းပြီးသွားပြကြတယ်၊ အိမ်ထဲမှာ လူ ၂ ယောက် ဘဲရှိတယ်၊ အမျိုးသမီးက အဆိုပါ လူနှစ်ယောက်လည်း ပါတယ် ပြောလို့ ရဲတွေက အဲဒီလူ နှစ်ယောက်ကိုဖမ်းတယ်၊ ရဲစခန်းရောက်မှ အဲဒီအမျိုးသမီးက ဘယ်လိုဖြစ်သွားတာလဲမသိဘူး၊ ရဲတွေစစ်သားတွေကိုကြောက်လို့ လားမသိဘူး၊ မဟုတ်ဘူးမဟုတ်ဘူး ဆိုပြီးပြန်ငြင်းလိုက်တော့ သူတို့ကို ဖမ်းလို့မရဖြစ်သွားတာ” ဟုကိုမန်းပီးကပြောသည်။ထို့နောက် အဆိုပါအမျိုးသမီးကို ဆေးရုံသို့ခေါ်ဆောင်သွားကြပြီး စစ်ဆေးမှုပြုလုပ်ရာတွင်မုဒိမ်းပြုကျင့်မှု တစုံတရာ မတွေ့ရှိကြောင်းဆေးရုံအာဏာပိုင်များကပြောဆိုခဲ့သည်ဟုသိရသည်။
” ဆေးရုံးဘက်ကနေ ဘာ Result မှမရှိဘူး၊ မုဒိမ်းပြုကျင့်တာမရှိဘူးဆိုပြီးပြောလိုက်တာ ဒါပေမဲ့ Document လည်း ဘာမှ မပြောဘူး၊ အဲလိုဘဲပြောသွားတာ၊သွေးတွေပေကျံနေတဲ့ သူမရဲ့ဘောင်းဘီကိုတော့ဆေးရုံက သိမ်းထားလိုက်တယ်တဲ့ ပြန် မအပ်တော့ဘူးတဲ့၊ အဲလိုနဲ့ ရဲကလည်းသူတို့မိသားစုကိုပြန်ခေါ်ပြီးမှ ခင်ဗျားတို့ Medical Result ကလည်း ဘာမှ မပြဘူး Victim ကလည်း တရားခံကိုမဟုတ်ဘူးလို့ပြောတယ်၊ ဒါကြောင့် ခင်ဗျားတို့ဒီအမှုကိုရုပ်သိမ်းလိုက်ပါဆိုပြီး ကုလားစာနဲ့ ရေးသားထားတဲ့ စာရွက်ပေါ်မှာဆိုင်းထိုးခိုင်း လိုက်တယ် ဒီလိုနဲ့ သူတို့ကလည်း ဆိုင်းထိုးပြီး အမှုကClose ဖြစ်သွားတယ်” ဟုကိုမန်ပီးကပြောသည်။ ယခုကဲ့သို့ ဆေးရုံဝန်ထမ်းများ နှင့် ရဲစခန်းများ၏လုပ်ရက်နှင့်ပတ်သက်ပြီးသံသယဖြစ်မိကြောင်း စီအာရ်စီ အတွင်းရေးမှူး ကိုမန်ပီးက ယခုလိုဆက်ပြောသည်။
“တကယ်ဆိုရင် ရဲတွေကလည်း ဖမ်းချင်တယ်ဆိုရင်တော့ အိမ်ကလည်းသိတယ်၊အမျိုးသမီးကိုယ်တိုင် ကလည်း မုဒိမ်းပြုခံရတယ်လို့ပြောတယ်၊အတွင်းခံဘောင်းပီမှာလည်းသွေးကရှိနေတယ်၊ရာသီလာတဲ့ အချိန်လည်းမဟုတ်ဘူးလို့သိရတယ်၊ Victim ရဲ့ အမေက သူ့သမီးရဲ့အင်္ဂါကိုကြည့်တော့ပုံမမှန်တာကို တွေ့တယ်၊ အရမ်းနာလို့ထိုင်တောင်မထိုင်နိုင်ဘူးတဲ့၊ ဒါ ကြောင့်ရဲက ဖမ်းမယ်ဆိုရင်ဖမ်းနိုင်တဲ့အခြေအနေ တွေ အများကြီးရှိတယ်၊ဒါပေမဲ့တစုံတရာလှည့်ကွက်တွေကြောင့်ဘဲဘာမဟုတ်တဲ့အခြေအနေ ဖြစ်သွား တယ်လို့ ကျနော်တို့ထင်တယ်”ဟုသူကဆက်ပြောသည်။
နယူးဒေလီမြို့တွင် ချင်းဒုက္ခသည်ပေါင်း တစ်သောင်းကျော်ခန့်ရှိသည်ဟုသိရပြီးချင်းပြည်သူများသည် နအဖစစ်အစိုး ရ၏ အမျိုးမျိုးသောဖိနှိပ်မှု၊နေ့စဉ်စားဝတ် နေရေးခက်ခဲမှုများကြောင့် မိမိတို့ ဘ၀ လုံခြုံရာ ရှာဖွေရင်းအိန္ဒိယနိုင်ငံ ကမ္ဘာ့ ကုလ သမဂ္ဂဒုက္ခသည် များဆိုင်ရာမဟာမင်းကြီးရုံးအခြေစိုက်ရာနယူးဒေလီမြို့ တွင်သွားရောက်ခိုလှုံခဲ့ကြရာတွင် ယခုကဲ့ သို့ ဒေသခံကုလားများမှမုဒိမ်းပြုကျင့်ခြင်း၊ ရိုက်နှက်ခံရခြင်းများကို မကြာခဏကြုံတွေ့လေ့ရှိသည်ဟုသိရသည်။ ယင်းကဲ့သို့  အဖြစ်အပျက်များနဲ့ရင်ဆိုင်ကြုံတွေ့ပြီး ဒေသတွင်းအာဏာပိုင်ရဲစခန်းထံအမှုတိုင်းကြားလေ့ရှိသော် လည်း မှန် မှန်ကန်ကန်နှင့်အဆုံးတိုင်အမှု လိုက်လံစုံစမ်းစစ်ဆေးပေးခြင်းမျိုးမရှိကြောင်းသိရသည်။“ဒေလီမှာရှိတဲ့မြန်မာနိုင်ငံကဒုက္ခသည်တွေ အခြေအနေကတော့လုံခြုံမှုမရှိရုံမကဘူး၊ ရဲစခန်းဘက်ကို သွားတိုင်ရင် လည်း Action မရှိဘူး”ဟုကိုမန်ပီးကဆက်ပြောသည်

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊