Sunday 8 May 2011

ကျွန်တော်မသိတဲ့ ပုဒ်မ

zaw gyi one
ကျွန်တော် မသိသေးသော အမူ့ကတော့  အီလက်ထရောနစ်ပုဒ်မ ပါဘဲ ၊ ညကအိပ် မပျော်တာ နဲ စဉ်းစားရင် ဒီပုဒ်မ အကြောင်းသေးချာစဉ်း စားကြည့်တယ် ကျွန်တော်ဘဲ မသိတာ လား ဒါမှမဟုတ် ဥပဒေ အကြောင်းမသိတာ လားစဉ်းစားမရ ပါဘူး ၊ ဒါကြောင့်မို့ သေခြာ သိချင်လို ရေးလိုက်တာပါ။
ကျွန်တော့ ဘလောက်စ် ကို ဝင်ရောက်ပြီး ကြည့်သော် ညီအစ်ကို မောင်နှမ များသိပါ က ပြန်လည်ဖြေကြားပေးပါ။ ဘာလိုဆိုလဲ ဆိုရင် သတင်းတော် တော် များများ ဖက်ကြည့်ပါတယ် မြန်မာပြည်မှာ အဖမ်းခံ ရသူတိုင်း အီလက်ထရောနှစ်ပုဒ်မ ကများနေတယ် ၊ ဗိုလ် ကြီးဟောင်း နေမျိုးဇင် ကိုဘဲကြည့် အိမ်မှာ ကွန်ပြူတာရှိလို ဒီပုဒ်မနဲ့ဖမ်းတာလား......။ ကျွန်တော် တို့မြန်မာ ပြည်မှာ အိမ်မှာ ကွန်ပြူတာ ရှိလို အဖမ်းခံရရင် ဒီပုဒ်မ နဲ့ညှိလား အဲဒါ သိချင်တယ်လေ၊ အိမ်တိုင်းမှာ ကွန်ပြူတာ ရှိရင် အီလက်ထရောနစ်ပုဒ်မ နဲ့ညှိရင် ငွေချမ်းသာလို ဝယ်တဲ့သူတွေ ၊ ကွန်ပြူတာ ဆိုင်ဖွင့်တဲ့သူတွေ ၊ အစိုးရပိုင်းတွေကို ဘာလိုမဖမ်းတာလဲ ၊ သူတို့လဲဒီပုဒ်မနဲ့ ညှိတာဘဲလေ မဟုတ်ဘူးလား ။ မြန်မာပြည်မှာ ကွန်ပြူတာ သုံးတော့ရော ကောင်းကောင်းသုံးရတာမဟုတ် လိုင်းကမကောင်း ပြီးတော့ တော်တော်များများ ဆိုဒ်တွေကဖွင့်လိုမရ ၊ သုံးလိုရတယ်ထားအုံး  သုံးစွဲတဲ့သူဟာ ပြည်ပမှာနေတဲ့ ဆွေမျိုးတွေ ၊ အသိမိတ်ဆွေတွေ ၊ သူငယ်ချင်းတွေကို ဆက်သွယ်တယ် ။ ဒါကိုလဲ တရားမဝင် ဆက်သွယ်မူဆိုပြီး ဖမ်းပြန်ရော။ ကျွန်တော်သိချင်တာ ဒီဥပဒေ ပုဒ်မတွေက နိုင်ငံတကာမှာရောရှိလား...........၊ မြန်မာပြည် အတွင်းက ဥပဒေလား ၊ ဒါမှမဟုတ် ပါးစပ်ထဲက ဥပဒေလားဆိုတာ ခွဲခွဲခြားခြား မသိပါ၊ ဒါကြောင့် သိတဲ့သူများ ကျေးဇူးပြု၍ ပြောပြပေးပါ။
ဥပဒေ ကိုသိသော သူများလဲ မတရားတဲ့ ဥပဒေ တွေကို တွန်းလှန်နိုင်ပါစေ လို.........။

မောင်ချစ်

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊